အင်အားပြင်းငလျင် မတ်လ ၂၈ ရက် လှုပ်ခတ်ခဲ့မှုကြောင့် မန္တလေးမြို့ ၃၆ လမ်း၊ ၇၉×၈၀ လမ်းကြားရှိ TULIP တည်းခိုခန်းအဆောက်အဦ ပြိုကျပျက်စီး၍ ပိတ်မိနေသူများထဲတွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့၏ ရုပ်အလောင်းများ ရှာဖွေတွေ့ရှိခဲ့သည်ဟု မီးသတ်ဦးစီးဌာနက ထုတ်ပြန်သည်။
ယနေ့နံနက် ၉:၃၀ နာရီကျော်တွင် တွေ့ရှိခဲ့ခြင်းဖြစ်ပြီး မီးသတ်ဦးစီးဌာနမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ ရုရှားနိုင်ငံမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများ ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေခြင်းဖြစ်သည်ဟု သိရသည်။



