ကောင်းချစ်အောင် မေ ၂၇၊ ၂၀၂၃။ ဒလန်သတင်းပေးပို့မှုကြောင့် စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အတွင်းရှိ TGYR-Youth Guerrilla Counter Revolution ကာကွယ်ရေး တပ်ဖွဲ့စခန်းတစ်ခုစီးနင်းခံရသော်လည်း စခန်းရှိရဲဘော်များအားလုံး အသက်ဘေးမှလွတ်မြောက်ခဲ့သည်ဟု သိရသည်။ အဆိုပါစခန်းရှိ တပ်ဖွဲ့ဝင်ရဲဘော်အများစုမှာ မြောင်မြို့နယ်အတွင်း စစ်ကြောင်းထွက်နေချိန် စခန်းတွင် အမျိုးသမီးရဲဘော်အချို့အပါအဝင် ရဲဘော်ရှစ်ဦးသာ လက်နက်အနည်းငယ်ဖြင့် စခန်းစောင့်အဖြစ်…