• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်
  • ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး
  • စစ်တွေတွင် ရွေးကောက်ပွဲကျင်းပပြီးနောက် လက်နက်ကြီးသံများ ဆက်တိုက်ထွက်ပေါ်
  • ဘက်စုံပိတ်ဆို့မှုကြောင့် စစ်တွေလက်လုပ်လက်စားများ အငတ်ဘေး ရင်ဆိုင်နေရ
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»တိုက်ပွဲသတင်း»တိုက်ပွဲဖြစ်ပွားနေသည့် ဆင်ဘိုမြို့အနီးကို စစ်ကောင်စီကလေကြောင်းပစ်ခတ်
တိုက်ပွဲသတင်း

တိုက်ပွဲဖြစ်ပွားနေသည့် ဆင်ဘိုမြို့အနီးကို စစ်ကောင်စီကလေကြောင်းပစ်ခတ်

thanlwinkhetBy thanlwinkhetFebruary 24, 2024No Comments1 Min Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

တိုက်ပွဲဖြစ်ပွားနေသည့် ဆင်ဘိုမြို့အနီးကို စစ်ကောင်စီကလေကြောင်းပစ်ခတ်

***********************

ထွယ်

ဖေဖော်ဝါရီ ၂၄၊ ၂၀၂၄။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်းရှိ ဆင်ဘိုမြို့ရှိ စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း ခလရ – ၁၄၁ ကို ကချင်လွတ်မြောက်ရေးတပ်မတော် – KIA နှင့် ပူးပေါင်းတပ်တို့က ယနေ့နံနက် ၇ နာရီခွဲခန့်ကစတင်၍ ဝင်ရောက် တိုက်ခိုက်လျက်ရှိသည်ဟု ဒေသခံများထံက သိရသည်။

တိုက်ပွဲဖြစ်ပွားနေစဉ်တွင် စစ်ကောင်စီတပ်က လေယာဉ် ၂ စင်းဖြင့် မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် လာရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့သည်ဟု ဆင်ဘိုဒေသခံ အမျိုးသား ၁ ဦးက သံလွင်ခက်ကို ပြောသည်။

၎င်းက “အခုလေးတင် လေယာဉ် ၂ စင်းလာပြီး အလုံးကြီး ၂ လုံးချသွားပြီ။ စက်သေနတ်လည်းပစ်တယ်။ မြို့ထဲတော့ မဟုတ်ဘူး။ တိုက်ပွဲဖြစ်နေတဲ့ စစ်တပ်နားတလျှောက်ကို ပစ်တာ” ဟု ပြောသည်။

အဆိုပါ စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း ခလရ – ၁၄၁ သည် ဆင်ဘိုမြို့၏ အနောက်ဘက် ၃ မိုင်ခန့်အကွာတွင် တည်ရှိပြီး ကချင်လွတ်မြောက်ရေးတပ် KIA နှင့် ပူးပေါင်းတပ်က ဖေဖော်ဝါရီလ ဒုတိယပတ်ကတစ်ကြိမ် ထိုးစစ် ဆင်တိုက်ခိုက်ခဲ့သည်။

ယင်းတိုက်ပွဲတွင် မြို့တွင်းရှိ ရဲစခန်းနှင့် ဌာနဆိုင်ရာအဆောက်အအုံများအားလုံးကို သိမ်းပိုက်နိုင်ခဲ့သော်လည်း စစ်ကောင်စီ၏ ဆင်ဘိုမြို့ခြေကုပ်စခန်းဖြစ်သည့် ခလရ – ၁၄၁ ကို ၁ ရက်သာ ထိုးစစ်ဆင်ပြီး ရပ်နားထားခဲ့သည်။

ထို့နောက် ယနေ့နံနက်တွင် ဒုတိယအကြိမ် ထပ်မံထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

မြစ်ကြီးနားမြို့နယ်၊ ဆင်ဘိုမြို့တွင် ကချင်လွတ်မြောက်ရေးတပ်မတော် – KIA၊ ပူးပေါင်းတပ်နှင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်တို့အကြား တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေသဖြင့် ဆင်ဘိုမြို့ပေါ်ရှိ ဧရာဦးရပ်ကွက်အပါအဝင် အောင်မင်္ဂ လာရပ်ကွက်နှင့် အောင်ချမ်းသာရပ်ကွက်က ဒေသခံ ၂,၀၀၀ ခန့်သည် ဆင်ဘိုမြို့အရှေ့ဘက် ဝဲကြီးကျေးရွာနှင့် ဆင်ဘိုမြို့အထက်ပိုင်း တာဟိုးနားကျေးရွာ၊ ညောင်ပင်သာကျေးရွာ၊ ဆွန်ဒူကျေးရွာနှင့် မံဖွားကျေးရွာဘက်သို့ တိမ်းရှောင်နေသည်မှာ ၂ ပတ်ခန့်ရှိပြီဟု ဒေသခံအမျိုးသား ၁ ဦးက ပြောသည်။

ဆင်ဘိုမြို့သည် ဧရာဝတီမြစ်ကမ်းဘေးတွင်တည်ရှိသည့် မြို့ဖြစ်ပြီး ဧရာဝတီမြစ် ပထမမြစ်ကျဉ်း၏ မြစ်ညာဘက် ၁၄ မိုင်ခန့်အကွာတွင် တည်ရှိသည်။ ယခင်က ကျေးရွာ ဖြစ်သော်လည်း ၂၀၀၂ ခုနှစ်တွင် မြို့အဖြစ် သတ်မှတ် ခံခဲ့ရသည်။

************

အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။

Telegram – > https://t.me/newstlk/3504

YouTube – > https://youtu.be/eEaLA1Cu5r0

Website – > https://thanlwinkhet.net/?p=7906

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleကလေးမြို့တိုက်ပွဲကြောင့် စစ်ရှောင်ပြည်သူ ၁၅,၀၀၀ ကျော်ထပ်တိုးလာ
Next Article စစ်ကား ၁၇ စီးပါ ယာဉ်တန်း ကျောက်မဲတောင်စခန်းသို့ ၃ စီးသာရောက်ရှိ
thanlwinkhet
  • Website

Related Posts

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

December 31, 2025

ခရစ္စမတ်နေ့ဆုတောင်းသည့် ဒိုက်ဦးနိုင်ကျဉ်းသူများ ရိုက်နှက်ခံရ

December 29, 2025

ရွေးကောက်ပွဲအကြောင်းပြ ကရင်နီကုန်သွယ်လမ်းများ စစ်ကော်မရှင်ပိတ်

December 28, 2025

Leave A Reply Cancel Reply

Recent Posts

  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

ယခင်သတင်းများ

  • December 2025
  • November 2025
  • October 2025
  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ထုတ်ပြန်ချက်
  • ဓာတ်ပုံသတင်း
  • နယ်စပ်သတင်း
  • နိုင်ငံတကာသတင်း
  • နိုင်ငံရေးသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • ရွေးကောက်ပွဲသတင်း
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

December 31, 2025

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

December 31, 2025

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

December 31, 2025

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

December 31, 2025

ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

December 31, 2025

ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး

December 30, 2025
Copyright © 2026. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.