Browsing: တိုက်ပွဲသတင်း

Loading

လက်နက်ကြီးထိမှန်မှုကြောင့် ယင်းမာပင်မြို့နယ်က ဒေသခံ ၄ ဦးသေဆုံး၊ ၁၇ ဦးခန့်ထိခိုက်ဒဏ်ရာရ ******************************** သဇင် မတ် ၁၄၊၂၀၂၄။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ စည်လှောင်ကျေးရွာကို စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည့် အတွက် အရပ်သားပြည်သူ ၄ ဦးသေဆုံးပြီး ၁၇ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု  ဒေသခံများထံက သိရသည်။…

Read More

Loading

မွန်ပြည်နယ်တွင် ” ဘီလူးနင်းမယ့်လမ်း ” စစ်ဆင်ရေး စတင် ********************** သဇင် မတ် ၁၄၊၂၀၂၄။ ” ဘီလူးနင်းမယ့်လမ်း ” စစ်ဆင်ရေးအနေဖြင့် မွန်ပြည်နယ် ရေးမြို့နယ် ချောင်းတောင်တံတားစစ်ဆေးရေးဂိတ်ကို ရေးဘီလူးတပ်ဖွဲ့က ယနေ့နံနက် ၈  နာရီ ၄၀ မိနစ်တွင် ဝင်ရောက်ပစ်ခတ်ခဲ့သည်ဟု သိရသည်။ ရေးမြို့၊…

Read More

Loading

သင်္ဃန်းညီနောင် တိုက်ပွဲအတွင်း CDM ဒုတပ်ကြပ် ၁ ဦးအပါအဝင် တော်လှန်ရေး ရဲဘော် ၆ ဦးကျဆုံး ******************************** နန်းဆုပန်ခန့် မတ် ၁၄၊ ၂၀၂၄။ ကရင်ပြည်နယ်၊ မြဝတီမြို့အနီး သင်္ဃန်းညီနောင်ကျေးရွာအုပ်စုရှိ စကခ ၁၂ လက်အောက်ခံ ခမရ – ၃၅၅ တပ်ရင်း စခန်းသိမ်းတိုက်ပွဲအတွင်း…

Read More

Loading

ပခုက္ကူမြို့နယ်ရှိစာသင်ကျောင်းကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်၊ ကျောင်းဆရာ ၁ ဦး သေဆုံး ************************************** သဇင် မတ်လ ၁၄၊၂၀၂၄။ မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ပခုက္ကူမြို့နယ် ၊ ဂဝံလေးတိုင်ကျေးရွာစာသင်ကျောင်းကို စစ်ကောင်စီတပ်က လေ ကြောင်းဖြင့် တိုက်ခိုက်မှုများလုပ်ဆောင်ခဲ့သည်ဟု ဒေသခံများထံကသိရသည်။ ယမန်နေ့ မတ်လ ၁၃ ရက်…

Read More

Loading

ဖားကန့်ရှိ တပ်စခန်း ၁ ခုကို KIA ပူးပေါင်းတပ် ထပ်မံသိမ်းပိုက် ********************* ထွယ် မတ် ၁၄၊ ၂၀၂၄။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ၊ နမ့်မှော်ကျေးရွာအနီးရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များတပ်စွဲထားသည့် တန် ၃၀၀၀ – Tan 3000 စခန်းအား ကချင်လွတ်လပ်ရေးတပ်မတော် – KIA…

Read More

Loading

ပိတ်မိနေသည့် ဝိုင်းမော်ဒေသခံအဘွားအို ၁ ဦး အောက်ဆီဂျင်ပြတ်၍သေဆုံး ***************************** နန်းဆုပန်ခန့် မတ် ၁၃၊ ၂၀၂၄။ ကချင်လွတ်လပ်ရေးတပ်မတော် – KIA နှင့် စစ်ကောင်စီတပ်ကြားဖြစ်ပွားခဲ့သောတိုက်ပွဲများကြောင့် ပိတ်မိနေသည့် ဝိုင်းမော်မြို့က အဘွားအို ၁ဦး  အောက်ဆီဂျင်ပြတ်၍ ယမန်နေ့က သေဆုံးခဲ့သည်ဟု ဒေသခံများထံက သိရသည်။ အသက် ၇၀…

Read More

Loading

ခမရ- ၃၅၅ စခန်းက စစ်သုံးမော်တော်ယာဥ် ၆ စီးအပြင် လက်နက်ခဲယမ်းများစွာ KNLA သိမ်းပိုက်နိုင်ခဲ့ **************************** နန်းဆုပန်ခန့် မတ် ၁၃၊ ၂၀၂၄။ ကရင်ပြည်နယ်၊ မြဝတီမြို့အနီး သင်္ဃန်းညီနောင်အခြေစိုက် စကခ – ၁၂ လက်အောက်ခံ ခမရ- ၃၅၅ စခန်းအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -…

Read More

Loading

လေးကေ့ကော်ပြန်သည့်‌ဒေသခံများ ထပ်မံစစ်ရှောင်နေရ ****************************** သံလွင်ခက် မတ် ၁၃၊ ၂၀၂၄။ ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် လေးကေ့ကော်မြို့သစ်တွင် နေရပ်ပြန်လည်နေထိုင်သည့် ဒေသခံများ ထပ်မံထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ဒေသခံများထံက သိရသည်။ လေးကေ့ကော်မြို့သစ်တွင် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – KNLA တို့ကြား ရင်ဆိုင်တိုက်ပွဲများဖြစ်ပွားတော့မည့်သတင်းများကြောင့်  ယမန်နေ့ မတ်လ ၁၂ ရက်…

Read More

Loading

မောင်တောမြို့က နယ်ခြားစောင့်တပ်စခန်းကို AA သိမ်းပိုက် **************** သံလွင်ခက်။ မတ် ၁၃၊ ၂၀၂၄။ ရခိုင်ပြည်နယ်၊ မောင်တောမြို့မြောက်ပိုင်းရှိ အောင်သပြေနယ်ခြားစောင့်တပ်စခန်းအား အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ သည်ဟု ရက္ခိုင့်တပ်တော် – AA က ယမန်နေ့ညကထုတ်ပြန်သည်။ မောင်တောမြို့မြောက်ပိုင်းက လက်နက်ချအညံ့မခံသေးသော လက်ကျန် နယ်ခြားစောင့်တပ်စခန်းအချို့ကို AA က…

Read More

Loading

နှစ်ဖက်တပ်စွဲထားသော မိုးမိတ်မြို့တွင် ဒေသခံအများစု နေရပ်မပြန်နိုင်သေး **************************** သံလွင်ခက် မတ် ၁၂ ၊ ၂၀၂၄။ ကချင်လွတ်လပ်ရေးတပ်မတော် – KIA နှင့် စစ်ကောင်စီတပ်ကြားဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည့် ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့က ဒေသခံအများစုသည် လက်ရှိအချိန်ထိ နေရပ်မပြန်နိုင်သေးဟု ဒေသခံများထံက သိရသည်။ မိုးမိတ်မြို့တွင် ဒေသခံတချို့…

Read More