စကားမောင်
ဇူလိုင် ၂၀၊ ၂၀၂၄
မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်ရှိ စစ်ကောင်စီစခန်းများအားလုံးကို အပြီးသတ်သိမ်းပိုက်ရရှိခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်- မန္တလေးမှ ယနေ့နေ့လည်တွင် ထုတ်ပြန်ခဲ့သည်။
စဥ့်ကူးမြို့နယ်သည် မန်းပြည်သူ့ကာကွယ်ရေးတပ်မတော်မှ မန္တလေးတိုင်းအတွင်း ယခုလ ၁၇ ရက်တွင် ပထမဆုံးသိမ်းယူနိုင်ခဲ့သော မြို့ဖြစ်ပြီး စစ်ကောင်စီကင်းစင်သည့် မြို့နယ်တစ်ခုဖြစ်လာခဲ့သည်။
ယင်းမြို့သိမ်းစစ်ဆင်ရေးများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့ကာ လက်နက်ခဲယမ်းအ များအပြားကိုလည်း သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။
ထို့အပြင် တိုက်ပွဲကာလအတွင်း စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှုများ အဆက်မပြတ် ပြုလုပ်ခဲ့သောကြောင့် အရပ်သားနေအိမ်နှင့် အဆောက်အဦများ ထိခိုက်ပျက်စီးခဲ့ရသည်ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။
ယင်းစစ်ဆင်ရေးတွင် မန်းပြည်သူ့ကာကွယ်ရေးတပ်မတော်မှ တပ်ဖွဲ့ဝင်များ အကျအဆုံးရှိခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။
ဓာတ်ပုံ- ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)