စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်အတွင်းရှိ ကုန်းရွာကျေးရွာကို နှစ်ရက်ဆက်မီးရှို့ဖျက်ဆီးပြီးပြန်ထွက်လာသည့် စစ်ကောင်စီတပ်စစ်ကြောင်းကို ကာကွယ်ရေးတပ်များ ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှုများခဲ့သည်ဟု သိရသည်။ ကုန်းရွာကျေးရွာအတွင်းကို လက်နက်ကြီး၊ လက်နက်ငယ်များပစ်ခတ်၍ ဝင်ရောက်ခဲ့သည့် အင်အား ၈၀ ဦးဝန်းကျင်ရှိစစ်ကြောင်းသည် ဖေဖော်ဝါရီ ၂၈ ရက်ညနေပိုင်းမှ၍ မတ်၁ ရက်နေ့လည်ပိုင်းထိ နေအိမ်များကိုမီးရှို့ဖျက်ဆီးပြီး စစ်ကြောင်းပြန်ထွက်ခဲ့သည်။ ” ယင်းမာပင်မြို့ဘက်ကို…