• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • ကျားဖြန့်မှ အီသီယိုးပီးယားနိုင်ငံသား ၄၀ ကျော် ယနေ့ထပ်မံ လွှဲပြောင်း
  • ကေအဲန်ယူဌာနချုပ်ဟောင်း ထီကပလယ်စခန်းကို ၂၈နှစ် အကြာတွင် ပြန်လည်သိမ်းပိုက်
  • ဂါဇာကကလေးငယ်တွေ သောက်သုံးရေပြတ်လပ်မှုကြောင့် သေဆုံးနိုင်တယ်လို့ UNICEF သတိပေး
  • အစ္စရေး-အီရန် စစ်ပွဲ ကိုးရက်မြောက်နေ့ အမေရိကန်ပါဝင်လာ
  • ရဲဘော်နှစ်ဦးသေဆုံးမှုအတွက် သင်တန်းဆရာအား ထောင်ဒဏ်ချမှတ်
  • BPLA ၂၀၃ စစ်ဒေသအတွက် တပ်ရင်းသစ် တစ်ခု တိုးချဲ့ဖွဲ့စည်း
  • တစ်လအတွင်း ထိုင်းနှင့် မလေးရှားတွင် မြန်မာ နှစ်ထောင်နီးပါး ဖမ်းဆီးခံရ
  • ပုလဲရှိ စစ်ကောင်စီတပ်စခန်းကို နှစ်ပတ်ကျော် တိုက်ပြီးနောက် PLA သိမ်းပိုက်
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»တိုက်ပွဲသတင်း»လက်နက်ကြီး ထိမှန်မှုကြောင့် ကလေး ၄ ဦးအပါအဝင် ၆ ဦးဒဏ်ရာရ
တိုက်ပွဲသတင်း

လက်နက်ကြီး ထိမှန်မှုကြောင့် ကလေး ၄ ဦးအပါအဝင် ၆ ဦးဒဏ်ရာရ

thanlwinkhetBy thanlwinkhetApril 1, 2023No Comments1 Min Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

နန်းဆုပန်ခန့်

ဧပြီ ၁၊၂၀၂၃။

ကရင်ပြည်နယ်၊ ကေအဲန်ယူထိန်းချုပ်နယ်မြေ၊ တပ်မဟာ ၁ အတွင်း စစ်ကောင်စီတပ် အမှတ်– ၃၁၄ အမြောက်တပ်ရင်း၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် အသက် ၁၅နှစ်အောက်ကလေး ၄ ဦးအပါအဝင် ၆ ဦးထိခိုက်ဒဏ်ရာရှိခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

အမှတ်– ၃၁၄ အမြောက်တပ်ရင်းသည် ကေအဲန်ယူ–သထုံမြို့နယ်၊ ရွှေရောင်ပြကျေးနယ်၊ ဇီးဝန်းကျေးရွာနီး ဒေသခေါ် ထီးဖိုးညလိတွင် တပ်စွဲထားခြင်းဖြစ်သည်ဟု KNU /KNLA တပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

မတ်လ ၂၉ ရက်နေ့က ဒူးသထူခရိုင်၊ သထုံမြို့နယ်၊ ဒေါက်ရပ်ကျေးနယ်အတွင်းရှိ ကျေးရွာများသို့ လက်နက်ကြီးပစ်ခတ်ခဲ့ရာ တောင်ကလေးကျေးရွာရှိ လူနေအိမ် ၁ လုံးပျက်စီးခဲ့သည်။

ထို့ပြင် လက်နက်ကြီးကျည်စထိမှန်မှုကြောင့် အသက် ၇၅နှစ်အရွယ် ဒေါ်မသောင်း၊ အသက် ၄၀ နှစ်ရှိ ဒေါ်နောပျိုအပါအဝင်  ညီညီဇော် အသက် ၁၄ နှစ် ၊  အသက် ၅ နှစ်အရွယ် ချစ်မိုးအောင် ချစ်မိုးသူနှင့် အသက် ၁၄ နှစ်အရွယ်ရှိ နော်စံပယ်ဖြူတို့ ထိခိုက်ဒဏ်ရာရခဲ့သည်ဟု ကရင်အမျိုးသားအစည်းအရုံး ဒူးသထူခရိုင်၏ထုတ်ပြန်ချက်တွင်ပါရှိသည်။

လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံများ၏ ပေါင်၊ ဦးခေါင်း၊ ခြေသလုံးတွင် ထိခိုက်ဒဏ်ရာများရခဲ့သည်ဟု ယမန်နေ့က ထုတ်ပြန်သည့်  ဒူးသထူခရိုင်၏ထုတ်ပြန်ချက်တွင်ပါရှိသည်။

သံလွင်ခက်မှ ပြုစုထားသည့်စာရင်းအချက်အလက်များအရ စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့်တပ်မဟာ ၁ နယ်မြေတွင် မတ်လ ၁ လအတွင်း ရဟန်းသာမဏေ၊ သီလရှင်၊ ဒေသခံအပါအဝင် ၁၀ ဦးသေဆုံးပြီး  ၁၅ဦး ဒဏ်ရာရရှိခဲ့သည်။

ပုံစာ–လက်နက်ကြီးထိမှန်မှုကြောင့် ပျက်စီးသွားသည့် နေအိမ်တစ်လုံးမြင်ကွင်း။

Photo-KNUDTD

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleကျောက်တံခါး ထွေအုပ်ရုံး နှင့် ရဲစခန်း ဒရုန်းဖြင့် တိုက်ခိုက်ခံရ
Next Article သမဂ္ဂအဖွဲ့ဝင်အထက်တန်းကျောင်းသူတစ်ဦးကို ထောင်သုံးနှစ်ချခြင်းသည် ဖက်ဆစ်လုပ်ရပ်ဖြစ်ဟုဆို
thanlwinkhet
  • Website

Related Posts

ကေအဲန်ယူဌာနချုပ်ဟောင်း ထီကပလယ်စခန်းကို ၂၈နှစ် အကြာတွင် ပြန်လည်သိမ်းပိုက်

June 23, 2025

ပုလဲရှိ စစ်ကောင်စီတပ်စခန်းကို နှစ်ပတ်ကျော် တိုက်ပြီးနောက် PLA သိမ်းပိုက်

June 20, 2025

မြဝတီတောင်ဘက် စစ်ကောင်စီလက်ကျန်စခန်းများ မကျစေရန် လေကြောင်းမှ ခုခံတိုက်ခိုက်

June 13, 2025

Leave A Reply Cancel Reply

Recent Posts

  • ကျားဖြန့်မှ အီသီယိုးပီးယားနိုင်ငံသား ၄၀ ကျော် ယနေ့ထပ်မံ လွှဲပြောင်း
  • ကေအဲန်ယူဌာနချုပ်ဟောင်း ထီကပလယ်စခန်းကို ၂၈နှစ် အကြာတွင် ပြန်လည်သိမ်းပိုက်
  • ဂါဇာကကလေးငယ်တွေ သောက်သုံးရေပြတ်လပ်မှုကြောင့် သေဆုံးနိုင်တယ်လို့ UNICEF သတိပေး
  • အစ္စရေး-အီရန် စစ်ပွဲ ကိုးရက်မြောက်နေ့ အမေရိကန်ပါဝင်လာ
  • ရဲဘော်နှစ်ဦးသေဆုံးမှုအတွက် သင်တန်းဆရာအား ထောင်ဒဏ်ချမှတ်

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

ကျားဖြန့်မှ အီသီယိုးပီးယားနိုင်ငံသား ၄၀ ကျော် ယနေ့ထပ်မံ လွှဲပြောင်း

ကေအဲန်ယူဌာနချုပ်ဟောင်း ထီကပလယ်စခန်းကို ၂၈နှစ် အကြာတွင် ပြန်လည်သိမ်းပိုက်

ဂါဇာကကလေးငယ်တွေ သောက်သုံးရေပြတ်လပ်မှုကြောင့် သေဆုံးနိုင်တယ်လို့ UNICEF သတိပေး

အစ္စရေး-အီရန် စစ်ပွဲ ကိုးရက်မြောက်နေ့ အမေရိကန်ပါဝင်လာ

ယခင်သတင်းများ

  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ဓာတ်ပုံသတင်း
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရေဒီယို
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

ကျားဖြန့်မှ အီသီယိုးပီးယားနိုင်ငံသား ၄၀ ကျော် ယနေ့ထပ်မံ လွှဲပြောင်း

June 23, 2025

ကေအဲန်ယူဌာနချုပ်ဟောင်း ထီကပလယ်စခန်းကို ၂၈နှစ် အကြာတွင် ပြန်လည်သိမ်းပိုက်

June 23, 2025

ဂါဇာကကလေးငယ်တွေ သောက်သုံးရေပြတ်လပ်မှုကြောင့် သေဆုံးနိုင်တယ်လို့ UNICEF သတိပေး

June 22, 2025

အစ္စရေး-အီရန် စစ်ပွဲ ကိုးရက်မြောက်နေ့ အမေရိကန်ပါဝင်လာ

June 22, 2025

ရဲဘော်နှစ်ဦးသေဆုံးမှုအတွက် သင်တန်းဆရာအား ထောင်ဒဏ်ချမှတ်

June 21, 2025

BPLA ၂၀၃ စစ်ဒေသအတွက် တပ်ရင်းသစ် တစ်ခု တိုးချဲ့ဖွဲ့စည်း

June 21, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.