ကော်သူးလေအိပ်မက်နှင့် ကရင်နှစ်သစ်ကူးနေ့ ****************************** နန်းဆုပန်ခန့် ဇန်နဝါရီ ၁၁၊ ၂၀၂၄။ မြူဆိုင်းနေတဲ့မနက်ခင်းတစ်ခုရဲ့ ကွင်းပြင်ကြီးဘေးလမ်းမပေါ် သက်လတ်ပိုင်းအမျိုးသားတစ်ယောက်ထပ်ထားတဲ့ ပလတ်စတစ်ခြင်းတောင်းတွေကို ခေါင်းပေါ်ရွက်လာနေတာကို တွေ့ရပါတယ်။ ချမ်းအေးပြီးမြူတွေဆိုင်း နေတဲ့ မနက်ခင်းကို အဲဒီအမျိုးသားကမမှုဘဲ မနက်ခင်းနဲ့အပြိုင်အလုပ်လုပ်နေလေရဲ့။ ဟိုပြေး ဒီပြေးလုပ်ထားတဲ့ သူ့ခန္ဓာကိုယ်မှာလည်း ချွေးတရွှဲရွှဲစီးကျနေတဲ့အတွက် သူ့ကိုကြည့်ရတာချမ်းအေးပုံလည်းမပေါ်ပါဘူး။ ခေါင်းပေါ်ထပ်တင်ထားတဲ့ ပလတ်စတစ်ခြင်းတောင်းတစ်ဘက်နဲ့သူကကျွန်မကို ”အခမ်းအနားတက်မယ့်ကလေးတွေကို…