• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • ရွှေ့ပြောင်းကလေးငယ်များ အခမဲ့ပညာသင်ကြားခွင့်မူဝါဒကို ထိုင်းအမျိုးသားရေးလှူပ်ရှားသူတွေ ကန့်ကွက်
  • စောင့်ကြည့်ထိန်းချုပ်နိုင်ရန် လူထုကို လုံခြုံမှုမရှိသော App များဆီသို့ စစ်တပ်က တမင်တွန်းပို့နေ
  • ပလောတပို့စခန်းတွင် ကျန်ရှိနေသေးသည့် စစ်ရှောင်များ ကျန်းမာရေး အကူညီလိုအပ်
  • လယ်ဒိုတွင် လက်နက်ကြီးကျရောက်ပေါက်ကွဲ၍ ကလေးငယ်များအပါ ၄ ဦးသေဆုံး၊ လသားကလေးငယ် ထိခိုက်ဒဏ်ရာရ
  • မြောက်ဦး မူစလင်တို့၏ ဝါဖြေပွဲသို့ အေအေ တာဝန်ရှိသူများ တက်ရောက်ဂုဏ်ပြု
  • သရက်ချောင်းတွင် တစ်ရက်တည်း နှစ်ကြိမ် ဗုံးကြဲခံရ
  • ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ဖက်ဒရယ်မူအတွက် ဓနုဖက်ဒရယ်ကောင်စီ ဖွဲ့စည်း
  • လျှပ်စစ်ဓာတ်အားစနစ် ရပ်ဆိုင်းသွားသည့် ကျူးဘားကို “သိမ်းပိုက်ခွင့်” ရတော့မည်ဟု ထရန့်ပ် ကြုံးဝါး
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»ဓာတ်ပုံသတင်း»၃ နှစ်တာ တော်လှန်ရေးခရီးလမ်းက ကရင်နီရဲဘော်များ
ဓာတ်ပုံသတင်း

၃ နှစ်တာ တော်လှန်ရေးခရီးလမ်းက ကရင်နီရဲဘော်များ

thanlwinkhetBy thanlwinkhetFebruary 1, 2024No Comments3 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သလို စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို ပုံဖော်ဖို့ ကြိုးစားတဲ့အထဲမှာ ကရင်နီဒေသဟာ နိုင်ငံရဲ့ ထင်ရှားတဲ့ ပြယုဒ်တစ်ခု ဖြစ်ခဲ့ရပါတယ်။
တစ်ပြည်နယ်လုံးနီးပါး စစ်ဘေးသင့်ခဲ့ရသလို လူငယ်အများစုဟာလည်း ဒေသတွင်း ခုခံစစ်ကစလို့ စခန်းသိမ်း၊ မြို့သိမ်းအထိ အသက်စွန့်တိုက်ပွဲဝင်နေကြဆဲပါ။
ဒေသတွင်းက ပကတိအခြေအနေနဲ့ မျက်ဝါးထင်ထင်မြင်တွေ့ခဲ့ရတဲ့ ပုံရိပ်တွေကို ဒေသခံ လူငယ်ဓါတ်ပုံဆရာတစ်ဦးဖြစ်တဲ့ မောက်ခမ်းဝါ ကိုယ်တိုင်ရိုက်ကူးပြီး တင်ဆက်ထားပါတယ်။
Photo – Mauk Kham Wah
စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေကြောင့် ရွေးချယ်ခဲ့ရတဲ့ လက်နက်ကိုင်တော်လှန်ရေးအစမှာ လက်လုပ်သေနတ်တွေနဲ့ တိုက်ပွဲဝင်ကြတဲ့ တော်လှန်ရေးရဲဘော်တွေဟာ တိုက်ပွဲဖြစ်ချိန်တိုင်း မကြာခဏညှပ်တဲ့ ကျည်တွေကို ဓါးတစ်ချောင်းနဲ့ ဖယ်ထုတ်လိုက် ပြန်ပစ်လိုက် လုပ်ခဲ့ရတာပါ။November 2021_Mauk Kham Wah
စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေကြောင့် ရွေးချယ်ခဲ့ရတဲ့ လက်နက်ကိုင်တော်လှန်ရေးအစမှာ လက်လုပ်သေနတ်တွေနဲ့ တိုက်ပွဲဝင်ကြတဲ့ တော်လှန်ရေးရဲဘော်တွေဟာ တိုက်ပွဲဖြစ်ချိန်တိုင်း မကြာခဏညှပ်တဲ့ ကျည်တွေကို ဓါးတစ်ချောင်းနဲ့ ဖယ်ထုတ်လိုက် ပြန်ပစ်လိုက် လုပ်ခဲ့ရတာပါ။
November 2021_Mauk Kham Wah
ကရင်နီစစ်ရှောင်စခန်းတစ်ခုက ကလေးငယ်တစ်ဦးရဲ့ ပန်းချီလက်ရာကို ယာယီစာသင်ခန်းလေးထဲမှာ ချိတ်ဆွဲထားပါတယ်။CDM ဆရာမတွေနဲ့ တက္ကသိုလ်ကျောင်းသား/ကျောင်းသူတွေဟာ ကလေးငယ်တွေ ပညာရေးနဲ့ အဆက်ပြတ်မသွားအောင် ကရင်နီဒေသတွင်း လိုက်လံသင်ကြားပေးခဲ့ကြပါတယ်။ December 2021 _Mauk Kham Wah
ကရင်နီစစ်ရှောင်စခန်းတစ်ခုက ကလေးငယ်တစ်ဦးရဲ့ ပန်းချီလက်ရာကို ယာယီစာသင်ခန်းလေးထဲမှာ ချိတ်ဆွဲထားပါတယ်။
CDM ဆရာမတွေနဲ့ တက္ကသိုလ်ကျောင်းသား/ကျောင်းသူတွေဟာ ကလေးငယ်တွေ ပညာရေးနဲ့ အဆက်ပြတ်မသွားအောင် ကရင်နီဒေသတွင်း လိုက်လံသင်ကြားပေးခဲ့ကြပါတယ်။
December 2021 _Mauk Kham Wah

ဖရူဆိုမြို့အနီးတိုက်ပွဲတစ်ခုမှာ မိုးထဲရေထဲ လက်နက်ကြီးပစ်ခတ်နေတဲ့ တော်လှန်ရေးတပ်သားတွေပါ။ ဆယ်စုနှစ်တစ်ခုစာ အနည်းဆုံးကြာမြင့်ပြီး ဟောင်းနွမ်းနေတဲ့ စစ်လက်နက်တွေကို သုံးလို့ မတော်တဆဖြစ်ပြီး ရဲဘော်တွေ ကျဆုံးခဲ့ရပါတယ်။ ဒါပေမယ်လည်း အသစ်တွေက ဈေးကြီးသလို သူတို့အတွက်တော့ ရံပုံငွေကခက်ခဲတာကြောင့် ဒီလက်နက်တွေကိုပဲ သုံးစွဲတိုက်ပွဲဝင်နေကြရတာပါ။ September 2022_Mauk Kham Wah

ဖရူဆိုမြို့အနီးတိုက်ပွဲတစ်ခုမှာ မိုးထဲရေထဲ လက်နက်ကြီးပစ်ခတ်နေတဲ့ တော်လှန်ရေးတပ်သားတွေပါ။
ဆယ်စုနှစ်တစ်ခုစာ အနည်းဆုံးကြာမြင့်ပြီး ဟောင်းနွမ်းနေတဲ့ စစ်လက်နက်တွေကို သုံးလို့ မတော်တဆဖြစ်ပြီး ရဲဘော်တွေ ကျဆုံးခဲ့ရပါတယ်။ ဒါပေမယ်လည်း အသစ်တွေက ဈေးကြီးသလို သူတို့အတွက်တော့ ရံပုံငွေကခက်ခဲတာကြောင့် ဒီလက်နက်တွေကိုပဲ သုံးစွဲတိုက်ပွဲဝင်နေကြရတာပါ။
September 2022_Mauk Kham Wah
Mauk Kham Wah 04လက်နက်အစစ်တွေ၊ ယူနီဖောင်းအစစ်တွေ မဝယ်နိုင်ခင်ကာလမှာ တော်လှန်ရေးရဲဘော်တွေအတွက်တော့ တူညီဝတ်စုံအစား ရှိရာအဝတ်အစားကို ဝတ်ဆင်ရင်း ရွာလုံခြုံရေးအတွက် ပြင်ဆင်ခဲ့ကြရပါတယ်။ November 2021 LoiKaw_ Mauk Kham Wah
လက်နက်အစစ်တွေ၊ ယူနီဖောင်းအစစ်တွေ မဝယ်နိုင်ခင်ကာလမှာ တော်လှန်ရေးရဲဘော်တွေအတွက်တော့ တူညီဝတ်စုံအစား ရှိရာအဝတ်အစားကို ဝတ်ဆင်ရင်း ရွာလုံခြုံရေးအတွက် ပြင်ဆင်ခဲ့ကြရပါတယ်။
November 2021_ Mauk Kham Wah
၁ နှစ်နီးပါး ဒီမောဆိုမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီကို တော်လှန်ရေးတပ်ပေါင်းစုက ၁၁၁၁ စစ်ဆင်ရေးမှာ တိုက်ထုတ်ခဲ့နိုင်ကြတယ်။တိုက်ထုတ်ပြီးချိန်မှာတော့ ဒီမောဆိုတစ်မြို့လုံးက ပျက်စီးနေပြီး မိုင်းတွေအပြည့်နဲ့ ခြုံနွယ်ပိတ်ပေါင်းတွေထူထပ်နေတာကို မြင်တွေ့ခဲ့ရတယ်။ မြို့အထင်ကရ နေရာတစ်ခုကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလမှာ မြင်တွေ့ရတဲ့ပုံဖြစ်ပါတယ်။ December 2023_Mauk Kham Wah
၁ နှစ်နီးပါး ဒီမောဆိုမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီကို တော်လှန်ရေးတပ်ပေါင်းစုက ၁၁၁၁ စစ်ဆင်ရေးမှာ တိုက်ထုတ်ခဲ့နိုင်ကြတယ်။ တိုက်ထုတ်ပြီးချိန်မှာတော့ ဒီမောဆိုတစ်မြို့လုံးက ပျက်စီးနေပြီး မိုင်းတွေအပြည့်နဲ့ ခြုံနွယ်ပိတ်ပေါင်းတွေထူထပ်နေတာကို မြင်တွေ့ခဲ့ရတယ်။ မြို့အထင်ကရ နေရာတစ်ခုကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလမှာ မြင်တွေ့ရတဲ့ပုံဖြစ်ပါတယ်။
December 2023_Mauk Kham Wah
ဒီမိုကရေစီဆိုတဲ့ စကားလုံးကို ပုံဖော်ဖို့ ရရာလက်နက်ကိုင်ဆွဲတော်လှန်တဲ့ တိုက်ပွဲဆိုတော့ စွန့်လွှတ်ခဲ့ရတဲ့ လူငယ်တွေလည်း အများအပြားပါပဲ။ ဒီမောဆိုမြို့အနီးတိုက်ပွဲတစ်ခုမှာ ခြေထောက်ပြတ်သွားတဲ့ KNDF ရဲဘော်ကို ကြုံတွေ့ရာအခြေအနေကြားမှာပဲ အရေးပေါ်ဆေးကုသမှုပေးခဲ့ကြရပါတယ်။
March 2022_Mauk Kham Wah
ကရင်နီမှာ အဓိက အင်အားစု ၂ ခုဖြစ်တဲ့ PDF နဲ့ KNDF က လူငယ် ၂ယောက် တော်လှန်ရေးကာလမှာ ပြန်ဆုံကြတဲ့မြင်ကွင်းပါ။တော်လှန်ရေးကာလမှာ ခွဲခွါခဲ့ကြရတဲ့ သူငယ်ချင်းယောက် ၂၀၂၂ မတ်လမှာ ပြန်ဆုံတွေ့ကြတဲ့အခါ။ March 2022 _Mauk Kham Wah
ကရင်နီမှာ အဓိက အင်အားစု ၂ ခုဖြစ်တဲ့ PDF နဲ့ KNDF က လူငယ် ၂ယောက် တော်လှန်ရေးကာလမှာ ပြန်ဆုံကြတဲ့မြင်ကွင်းပါ။
တော်လှန်ရေးကာလမှာ ခွဲခွါခဲ့ကြရတဲ့ သူငယ်ချင်းယောက် ၂၀၂၂ မတ်လမှာ ပြန်ဆုံတွေ့ကြတဲ့အခါ။
March 2022 _Mauk Kham Wah
၂၀၂၄ နှစ်သစ်ကာလမှာတော့ လွိုင်ကော်မြို့ပေါ်က ပြည်သူ့နေအိမ်တွေဆီကို စစ်ကောင်စီက ပေါင် ၅၀၀ လေယာဉ်ဗုံးတွေနဲ့ ပစ်ခတ် ဖျက်စီးခဲ့ပါတယ်။January 2024_Mauk Kham Wah
၂၀၂၄ နှစ်သစ်ကာလမှာတော့ လွိုင်ကော်မြို့ပေါ်က ပြည်သူ့နေအိမ်တွေဆီကို စစ်ကောင်စီက ပေါင် ၅၀၀ လေယာဉ်ဗုံးတွေနဲ့ ပစ်ခတ် ဖျက်စီးခဲ့ပါတယ်။
January 2024_Mauk Kham Wah
မြို့တော်လွိုင်ကော်တိုက်ပွဲမှာ ကျဆုံးသွားတဲ့ တော်လှန်ရေး ရဲဘော် ၂ ယောက်ပါ။ရဲဘော်တစ်ယောက်ရဲ့ သူ့ရဲ့ တစ်ဦးတည်းသောဆွေမျိုး၊ စစ်ရှောင်စခန်းမှာနေထိုင်တဲ့ အဖွားဖြစ်သူက အသုဘပွဲ တက်ရောက်နိုင်ခဲ့ပါတယ်။ နောက်ရဲဘော်တစ်ယောက်ကတော့ မိသားစုနဲ့တောင် အဆက်သွယ်မရပဲ ဆွေမျိုးသားချင်း ဘယ်သူမှ အသုဘကို ရောက်မလာနိုင်ဘူး။ December 2023_Mauk Kham Wah
မြို့တော်လွိုင်ကော်တိုက်ပွဲမှာ ကျဆုံးသွားတဲ့ တော်လှန်ရေး ရဲဘော် ၂ ယောက်ပါ။ ရဲဘော်တစ်ယောက်ရဲ့ သူ့ရဲ့ တစ်ဦးတည်းသောဆွေမျိုး၊ စစ်ရှောင်စခန်းမှာနေထိုင်တဲ့ အဖွားဖြစ်သူက အသုဘပွဲ တက်ရောက်နိုင်ခဲ့ပါတယ်။ နောက်ရဲဘော်တစ်ယောက်ကတော့ မိသားစုနဲ့တောင် အဆက်သွယ်မရပဲ ဆွေမျိုးသားချင်း ဘယ်သူမှ အသုဘကို ရောက်မလာနိုင်ဘူး။
December 2023_Mauk Kham Wah
တက်တူးဆိုတဲ့ရေစီးကြောင်းကို တချို့လူငယ်တွေက စွဲမက်ခုံမင်ကြပါတယ်။မြို့ပြနဲ့ ဝေးကွာနေတဲ့ တော်လှန်ရေးရဲဘော်တွေအတွက်တော့ အားလပ်ချိန်လေးမှာ တက်တူးလေးထိုးဖို့ စိတ်ကူးကြတယ်။ အင်တာနက်ပေါ်က ပုံလေးတွေကို ရှာ၊ လွတ်မြောက်နယ်မြေထဲက တက်တူးဆိုင်လေးဆီသွားပြီး ပုံဖော်လေ့ရှိကြပါတယ်။ August 2022 _ Mauk Kham Wah
တက်တူးဆိုတဲ့ရေစီးကြောင်းကို တချို့လူငယ်တွေက စွဲမက်ခုံမင်ကြပါတယ်။
မြို့ပြနဲ့ ဝေးကွာနေတဲ့ တော်လှန်ရေးရဲဘော်တွေအတွက်တော့ အားလပ်ချိန်လေးမှာ တက်တူးလေးထိုးဖို့ စိတ်ကူးကြတယ်။
အင်တာနက်ပေါ်က ပုံလေးတွေကို ရှာ၊ လွတ်မြောက်နယ်မြေထဲက တက်တူးဆိုင်လေးဆီသွားပြီး ပုံဖော်လေ့ရှိကြပါတယ်။
August 2022 _ Mauk Kham Wah
လွိုင်ကော်မြို့၊ ပြည်နယ်ရဲစခန်းသိမ်းတိုက်ပွဲမှာ မဟာမိတ်တပ်ပေါင်းစုက သိမ်းပိုက်ရရှိခဲ့တဲ့ လက်နက်ခဲယမ်းတွေကို တွေ့မြင်ရမှာပါ။ဒေသအများစုမှာတော့ စစ်ကောင်စီတပ်သားတွေဟာ စခန်းစွန့်ခဲ့ကြရမှာ လက်နက်ပါချန် ထွက်ပြေးခဲ့ကြရတဲ့ ဖြစ်စဉ်တွေမြင်တွေ့လာရပါတယ်။ December 2023_Mauk Kham Wah
လွိုင်ကော်မြို့၊ ပြည်နယ်ရဲစခန်းသိမ်းတိုက်ပွဲမှာ မဟာမိတ်တပ်ပေါင်းစုက သိမ်းပိုက်ရရှိခဲ့တဲ့ လက်နက်ခဲယမ်းတွေကို တွေ့မြင်ရမှာပါ။
ဒေသအများစုမှာတော့ စစ်ကောင်စီတပ်သားတွေဟာ စခန်းစွန့်ခဲ့ကြရမှာ လက်နက်ပါချန် ထွက်ပြေးခဲ့ကြရတဲ့ ဖြစ်စဉ်တွေမြင်တွေ့လာရပါတယ်။
December 2023_Mauk Kham Wah
ဒီဇင်ဘာ ၂၀၂၃ လွိုင်ကော်မြို့၊ ပြည်နယ်ရဲစခန်းသိမ်းတိုက်ပွဲမှာ မဟာမိတ်တပ်ပေါင်းစုရဲ့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားတစ်ဦးရဲ့ ရုပ်အလောင်းကတော့ မြေကျင်းအနီးမှာ ငြိမ်သက်နေပါပြီ။December 2023_Mauk Kham Wah
ဒီဇင်ဘာ ၂၀၂၃ လွိုင်ကော်မြို့၊ ပြည်နယ်ရဲစခန်းသိမ်းတိုက်ပွဲမှာ မဟာမိတ်တပ်ပေါင်းစုရဲ့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားတစ်ဦးရဲ့ ရုပ်အလောင်းကတော့ မြေကျင်းအနီးမှာ ငြိမ်သက်နေပါပြီ။
December 2023_Mauk Kham Wah
ပြည်သူ့ကာကွယ်ရေးတပ် (pdf) ရဲဘော်တွေထဲက အချို့ကတော့ စာဖတ်ဝါသနာပါကြပါတယ်။စခန်းမှာနေထိုင်ရင်း အားလပ်ချိန်မှာ စာဖတ်ဖို့ စဉ်းစားတဲ့အခါမှာတော့ စနိုက်ပါလိုသေနတ်တွေကို စာအုပ်တင်ဖတ်ဖို့ အားကိုးရပါတယ်။ December 2021_Mauk Kham Wah
ပြည်သူ့ကာကွယ်ရေးတပ် (pdf) ရဲဘော်တွေထဲက အချို့ကတော့ စာဖတ်ဝါသနာပါကြပါတယ်။ စခန်းမှာနေထိုင်ရင်း အားလပ်ချိန်မှာ စာဖတ်ဖို့ စဉ်းစားတဲ့အခါမှာတော့ စနိုက်ပါလိုသေနတ်တွေကို စာအုပ်တင်ဖတ်ဖို့ အားကိုးရပါတယ်။
December 2021_Mauk Kham Wah
လွိုင်ကော်မြို့တိုက်ပွဲမှာ ဦးခေါင်းထိသွားတဲ့ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးရဲ့ ကျန်ရစ်ခဲ့တဲ့ဦးထုပ်ဖြစ်ပါတယ်။မြို့ထဲမှာ အစာမစားရတဲ့ အိမ်မွေးခွေးတွေ၊ ကြောင်တွေက နေ့စဉ်များပြားလာပါတယ်။ ပုံထဲမှာတော့ ပိန်လီနေတဲ့ကြောင်တစ်ကောင်ဟာ သွေးကို ယက်ပြီး ဗိုက်ဖြည့်နေတာကို မြင်ရမှာပါ။ December 2023_Mauk Kham Wah
လွိုင်ကော်မြို့တိုက်ပွဲမှာ ဦးခေါင်းထိသွားတဲ့ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးရဲ့ ကျန်ရစ်ခဲ့တဲ့ဦးထုပ်ဖြစ်ပါတယ်။
မြို့ထဲမှာ အစာမစားရတဲ့ အိမ်မွေးခွေးတွေ၊ ကြောင်တွေက နေ့စဉ်များပြားလာပါတယ်။
ပုံထဲမှာတော့ ပိန်လီနေတဲ့ကြောင်တစ်ကောင်ဟာ သွေးကို ယက်ပြီး ဗိုက်ဖြည့်နေတာကို မြင်ရမှာပါ။
December 2023_Mauk Kham Wah
မိုဆိုဖြစ်စဉ် ၂ နှစ်ပြည့်အထိမ်းအမှတ်အခမ်းအနားပြုလုပ်ခဲ့ပါတယ်။စစ်ကောင်စီကျူးလွန်ခဲ့တဲ့ ခရစ္စမတ်အကြို အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုလို့ လူသိများတဲ့ မိုဆိုဖြစ်စဉ်ဟာ ကရင်နီဒေသအတွက် တသက်မမေ့နိုင်စရာအဖြစ်တစ်ခုပါ။ စစ်ကောင်စီဟာ ဒေသခံ လူ၄၀ ကျော်နဲ့ မော်တော်ယာဉ်တွေကို သတ်ဖြတ်မီးရှို့ခဲ့ကြပါတယ်။ အဲဒီအထဲမှာ ဒေသခံ စစ်ဘေးရှောင်ပြည်သူတွေအများစုပါဝင်သလို Save the Children ဝန်ထမ်းနှစ်ဦးပါ သေဆုံးခဲ့ရတာပါ။ December 2023_Mauk Kham Wah
မိုဆိုဖြစ်စဉ် ၂ နှစ်ပြည့်အထိမ်းအမှတ်အခမ်းအနားပြုလုပ်ခဲ့ပါတယ်။စစ်ကောင်စီကျူးလွန်ခဲ့တဲ့ ခရစ္စမတ်အကြို အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုလို့ လူသိများတဲ့ မိုဆိုဖြစ်စဉ်ဟာ ကရင်နီဒေသအတွက် တသက်မမေ့နိုင်စရာအဖြစ်တစ်ခုပါ။
စစ်ကောင်စီဟာ ဒေသခံ လူ၄၀ ကျော်နဲ့ မော်တော်ယာဉ်တွေကို သတ်ဖြတ်မီးရှို့ခဲ့ကြပါတယ်။
အဲဒီအထဲမှာ ဒေသခံ စစ်ဘေးရှောင်ပြည်သူတွေအများစုပါဝင်သလို Save the Children ဝန်ထမ်းနှစ်ဦးပါ သေဆုံးခဲ့ရတာပါ။
December 2023_Mauk Kham Wah
စစ်ကောင်စီဟာ လက်နက်ကြီး၊ လေကြောင်းကနေ အင်အားသုံးတာကိုပဲ အများဆုံးလုပ်ဆောင်နိုင်ပါတယ်။အဲဒီလိုပစ်ခတ်ရာမှာတော့ လူနေအိမ်၊ စစ်ရှောင်စခန်း၊ စာသင်ကျောင်းကစလို့ ဘာသာရေးအဆောက်အဦတွေပါ ထိခိုက်ခဲ့ရပါတယ်။ လွိုင်ကော်မြို့က ဘုရားကျောင်းတစ်ခုအတွင်း လေယာဉ်ဗုံးဒဏ်ကြောင့် ပျက်စီးနေတဲ့မြင်ကွင်းဖြစ်တယ်။ December 2023_Mauk Kham Wah
စစ်ကောင်စီဟာ လက်နက်ကြီး၊ လေကြောင်းကနေ အင်အားသုံးတာကိုပဲ အများဆုံးလုပ်ဆောင်နိုင်ပါတယ်။
အဲဒီလိုပစ်ခတ်ရာမှာတော့ လူနေအိမ်၊ စစ်ရှောင်စခန်း၊ စာသင်ကျောင်းကစလို့ ဘာသာရေးအဆောက်အဦတွေပါ ထိခိုက်ခဲ့ရပါတယ်။
လွိုင်ကော်မြို့က ဘုရားကျောင်းတစ်ခုအတွင်း လေယာဉ်ဗုံးဒဏ်ကြောင့် ပျက်စီးနေတဲ့မြင်ကွင်းဖြစ်တယ်။
December 2023_Mauk Kham Wah
ကရင်နီဒေသရဲ့ နွေဦးတော်လှန်ရေးဟာ စိတ်ဓါတ်နဲ့ဖော်ကျူးထားတဲ့ ပြယုဒ်တစ်ခုပါ။လက်လုပ်သေနတ်ကနေ မြို့သိမ်း၊ စခန်းသိမ်းအထိ ခြေလှမ်းလာတဲ့အခါမှာတော့ စစ်ကောင်စီလက်အောက်ခံတပ်သားတွေရဲ့ အခြေအနေကို မြို့တော်လွိုင်ကော်တိုက်ပွဲမှာ အဖမ်းခံရတဲ့ စစ်ကောင်စီအဖွဲ့ဝင်ပုံရိပ်က သက်သေပြနေပါတယ်။ December 2023_Mauk Kham Wah
ကရင်နီဒေသရဲ့ နွေဦးတော်လှန်ရေးဟာ စိတ်ဓါတ်နဲ့ဖော်ကျူးထားတဲ့ ပြယုဒ်တစ်ခုပါ။
လက်လုပ်သေနတ်ကနေ မြို့သိမ်း၊ စခန်းသိမ်းအထိ ခြေလှမ်းလာတဲ့အခါမှာတော့ စစ်ကောင်စီလက်အောက်ခံတပ်သားတွေရဲ့ အခြေအနေကို မြို့တော်လွိုင်ကော်တိုက်ပွဲမှာ အဖမ်းခံရတဲ့ စစ်ကောင်စီအဖွဲ့ဝင်ပုံရိပ်က သက်သေပြနေပါတယ်။
December 2023_Mauk Kham Wah
၂၀၂၃ ဒီဇင်ဘာလ လွိုင်ကော်တိုက်ပွဲမှာ တော်လှန်ရေးရဲဘော်တစ်ဦး ကျဆုံးသွားတယ်။ဒါပေမယ့် သူငယ်ချင်းတွေကတော့ သူအသက်ရှင်နေသေးတယ်လို့ ယူဆပြီး အချိန်အကြာကြီး လှုပ်နိုးနေခဲ့တယ်။ December 2023_Mauk Kham Wah
၂၀၂၃ ဒီဇင်ဘာလ လွိုင်ကော်တိုက်ပွဲမှာ တော်လှန်ရေးရဲဘော်တစ်ဦး ကျဆုံးသွားတယ်။
ဒါပေမယ့် သူငယ်ချင်းတွေကတော့ သူအသက်ရှင်နေသေးတယ်လို့ ယူဆပြီး အချိန်အကြာကြီး လှုပ်နိုးနေခဲ့တယ်။
December 2023_Mauk Kham Wah
အကြမ်းဖက်စစ်ကောင်စီရဲ့ မီးလောင်ဗုံးပစ်ခတ်မှုကြောင့် လွိုင်ကော်မြို့ က ဒေသခံပြည်သူတွေရဲ့အိမ်တွေ မီးလောင်နေတဲ့မြင်ကွင်းကို ၂၀၂၃ ဒီဇင်ဘာ ခရစ်စ်မတ်နေ့မှာ မြင်တွေ့ရတာဖြစ်ပါတယ်။December 25, 2023_Mauk Kham Wah
အကြမ်းဖက်စစ်ကောင်စီရဲ့ မီးလောင်ဗုံးပစ်ခတ်မှုကြောင့် လွိုင်ကော်မြို့ က ဒေသခံပြည်သူတွေရဲ့အိမ်တွေ မီးလောင်နေတဲ့မြင်ကွင်းကို ၂၀၂၃ ဒီဇင်ဘာ ခရစ်စ်မတ်နေ့မှာ မြင်တွေ့ရတာဖြစ်ပါတယ်။
December 25, 2023_Mauk Kham Wah
လွိုင်ကော်မြို့ ရဲစခန်းတစ်ခုကို ဝင်ရောက်စီးနင်းတိုက်ခိုက်တဲ့ ပြည်သူ့ကာကွယ်ရေး - လွိုင်ကော် (PDF) တပ်မှ ရဲဘော် ကုလားအုတ်ကို မြင်တွေ့ရမှာပါ။သူက လွိုင်ကော်ဇာတိ မဟုတ်ပေမယ့် ကရင်နီပြည်တွက် အသက်ပေးဖို့ ဆုံးဖြတ်ပြီး ၂၀၂၁ ခုနှစ်ကတည်းက လက်နက်ကိုင်တော်လှန်ခဲ့တဲ့ ဗမာလူမျိုးတစ်ယောက် ဖြစ်ပါတယ်။ January 2024_Mauk Kham Wah
လွိုင်ကော်မြို့ ရဲစခန်းတစ်ခုကို ဝင်ရောက်စီးနင်းတိုက်ခိုက်တဲ့ ပြည်သူ့ကာကွယ်ရေး – လွိုင်ကော် (PDF) တပ်မှ ရဲဘော် ကုလားအုတ်ကို မြင်တွေ့ရမှာပါ။ သူက လွိုင်ကော်ဇာတိ မဟုတ်ပေမယ့် ကရင်နီပြည်တွက် အသက်ပေးဖို့ ဆုံးဖြတ်ပြီး ၂၀၂၁ ခုနှစ်ကတည်းက လက်နက်ကိုင်တော်လှန်ခဲ့တဲ့ ဗမာလူမျိုးတစ်ယောက် ဖြစ်ပါတယ်။
January 2024_Mauk Kham Wah
၂၀၂၁ နိုဝင်ဘာလ က လွိုင်ကော်မြို့အနီးတိုက်ပွဲမှာ အကြမ်းဖက်စစ်ကောင်စီယဉ်တန်းကို စောင့်ဆိုင်းနေတဲ့ ပြည်သူ့ကာကွယ်ရေးတပ် (pdf) ရဲဘော်တစ်ဦးဖြစ်ပါတယ်။စစ်ရေးအတွေ့အကြုံမရှိတဲ့အချိန်ကာလတွေဖြစ်ပြီး တိုက်စစ်မဖွင့်နိုင်ပဲ ခံစစ်အနေအထားနဲ့သာ တိုက်ပွဲဝင်ခဲ့ကြရတယ်။ ကျည်ဆံလည်း မလောက်ငှ၊ လက်နက်လည်း မလောက်ငှတာကြောင့် အခက်အခဲအမျိုးမျိုးကြုံတွေ့နေတဲ့ အချိန်တွေဖြစ်တယ်။ November 2021_ Mauk Kham Wah
၂၀၂၁ နိုဝင်ဘာလ က လွိုင်ကော်မြို့အနီးတိုက်ပွဲမှာ အကြမ်းဖက်စစ်ကောင်စီယဉ်တန်းကို စောင့်ဆိုင်းနေတဲ့ ပြည်သူ့ကာကွယ်ရေးတပ် (pdf) ရဲဘော်တစ်ဦးဖြစ်ပါတယ်။ စစ်ရေးအတွေ့အကြုံမရှိတဲ့အချိန်ကာလတွေဖြစ်ပြီး တိုက်စစ်မဖွင့်နိုင်ပဲ ခံစစ်အနေအထားနဲ့သာ တိုက်ပွဲဝင်ခဲ့ကြရတယ်။ ကျည်ဆံလည်း မလောက်ငှ၊ လက်နက်လည်း မလောက်ငှတာကြောင့် အခက်အခဲအမျိုးမျိုးကြုံတွေ့နေတဲ့ အချိန်တွေဖြစ်တယ်။
November 2021_ Mauk Kham Wah
လွိုင်ကော်မြို့နဲ့ မိုင်အနည်းငယ်သာဝေးတဲ့နေရာတစ်ခုမှာ ရေချိုးနေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ရဲဘော် မောင်ကောင်းပါ။အဲဒီအချိန်တုန်းက ရဲဘော်မောင်ကောင်းဟာ အသက် ၁၈ ဝန်းကျင်သာ ရှိပါသေးတယ်။ စစ်ကောင်စီလက်ကနေ ဇာတိဖြစ်တဲ့လွိုင်ကော်မြို့ကို ပြန်လည်ဝင်ရောက်ကယ်တင်ဖို့ ဆုံးဖြတ်ချက်နဲ့ တော်လှန်ရေးမှာ လက်နက်ကိုင်ခဲ့သူဖြစ်တယ်။ October 2021_Mauk Kham Wah
လွိုင်ကော်မြို့နဲ့ မိုင်အနည်းငယ်သာဝေးတဲ့နေရာတစ်ခုမှာ ရေချိုးနေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ရဲဘော် မောင်ကောင်းပါ။
အဲဒီအချိန်တုန်းက ရဲဘော်မောင်ကောင်းဟာ အသက် ၁၈ ဝန်းကျင်သာ ရှိပါသေးတယ်။ စစ်ကောင်စီလက်ကနေ ဇာတိဖြစ်တဲ့လွိုင်ကော်မြို့ကို ပြန်လည်ဝင်ရောက်ကယ်တင်ဖို့ ဆုံးဖြတ်ချက်နဲ့ တော်လှန်ရေးမှာ လက်နက်ကိုင်ခဲ့သူဖြစ်တယ်။
October 2021_Mauk Kham Wah
ကယန်း ရိုးရာမင်္ဂလာပွဲ တစ်ခုကို ဖယ်ခုံမြို့အနီးက ရွာတစ်ရွာမှာ မြင်တွေ့ရတဲ့မြင်ကွင်းပါ။သူတို့ဟာ အနီးအနားမှာ လက်နက်ကြီးသံတွေ ကြားနေရပေမယ့် မင်္ဂလာဆောင်ပွဲကိုတော့ ဆက်လက်ကျင်းပခဲ့ကြတယ်။ ရိုးရာ ဗုံပုလွေတို့ကို တီးမှုတ်ကခုန်ပြီး သတို့သားနဲ့ သတို့သမီးကို ကြိုနေကြတဲ့ ရွာသားရွာသူများရဲ့ပုံပါ။ December 2023_Mauk Kham Wah
ကယန်း ရိုးရာမင်္ဂလာပွဲ တစ်ခုကို ဖယ်ခုံမြို့အနီးက ရွာတစ်ရွာမှာ မြင်တွေ့ရတဲ့မြင်ကွင်းပါ။
သူတို့ဟာ အနီးအနားမှာ လက်နက်ကြီးသံတွေ ကြားနေရပေမယ့် မင်္ဂလာဆောင်ပွဲကိုတော့ ဆက်လက်ကျင်းပခဲ့ကြတယ်။
ရိုးရာ ဗုံပုလွေတို့ကို တီးမှုတ်ကခုန်ပြီး သတို့သားနဲ့ သတို့သမီးကို ကြိုနေကြတဲ့ ရွာသားရွာသူများရဲ့ပုံပါ။
December 2023_Mauk Kham Wah
နွေဦးတော်လှန်ရေးမှာ လူငယ်အများစုပါဝင်ခဲ့ကြသလို ကရင်နီမှာလည်း တော်လှန်ရေးအင်အားအများစုက လူငယ်တွေပဲဖြစ်ပါတယ်။ကရင်နီဒေသဟာ မြန်မာပြည်မှာ စစ်ဘေးဒဏ်အသင့်ဆုံးဒေသတွေထဲက တစ်ခုဖြစ်ပြီး လက်နက်ကိုင်တော်လှန်ရေးအရှိန်အဟုန်မြင့်မားခဲ့၊ မြင့်မားဆဲအခြေအနေရှိပါတယ်။ လက်ရှိအချိန်မှာဆိုရင် ပြည်နယ်ရဲ့မြို့တော်လွိုင်ကော်မြို့ကို ၆၀% ထိ ထိန်းချုပ်ထားနိုင်ပြီလို့ တော်လှန်ရေးတပ်ပေါင်းစုကလည်း ထုတ်ပြန်ထားပါတယ်။ ဒါပေမယ့် အဆုံးသတ်ဖို့ကတော့ စိန်ခေါ်မှုတွေနဲ့ ပြည့်နှက်နေပါသေးတယ်။ ဒီပုံရိပ်ကတော့ ၂၀၂၂ ဧပရယ်ကာလမှာ ရိုက်ကူးခဲ့တာဖြစ်ပြီး သင်္ကြန်ပွဲကို ဆင်နွှဲနေတဲ့ တော်လှန်ရေးတပ်သားမျးဖြစ်ပါတယ်။ တချို့ကတော့ အခုချိန်မှာ မရှိကြတော့ပါဘူး။ တချို့ကတော့ ဆက်လက်တော်လှန်နေကြဆဲပါပဲ။ Mauk Kham Wah
နွေဦးတော်လှန်ရေးမှာ လူငယ်အများစုပါဝင်ခဲ့ကြသလို ကရင်နီမှာလည်း တော်လှန်ရေးအင်အားအများစုက လူငယ်တွေပဲဖြစ်ပါတယ်။
ကရင်နီဒေသဟာ မြန်မာပြည်မှာ စစ်ဘေးဒဏ်အသင့်ဆုံးဒေသတွေထဲက တစ်ခုဖြစ်ပြီး လက်နက်ကိုင်တော်လှန်ရေးအရှိန်အဟုန်မြင့်မားခဲ့၊ မြင့်မားဆဲအခြေအနေရှိပါတယ်။လက်ရှိအချိန်မှာဆိုရင် ပြည်နယ်ရဲ့မြို့တော်လွိုင်ကော်မြို့ကို ၆၀% ထိ ထိန်းချုပ်ထားနိုင်ပြီလို့ တော်လှန်ရေးတပ်ပေါင်းစုကလည်း ထုတ်ပြန်ထားပါတယ်။ဒါပေမယ့် အဆုံးသတ်ဖို့ကတော့ စိန်ခေါ်မှုတွေနဲ့ ပြည့်နှက်နေပါသေးတယ်။
ဒီပုံရိပ်ကတော့ ၂၀၂၂ ဧပရယ်ကာလမှာ ရိုက်ကူးခဲ့တာဖြစ်ပြီး သင်္ကြန်ပွဲကို ဆင်နွှဲနေတဲ့ တော်လှန်ရေးတပ်သားမျးဖြစ်ပါတယ်။
တချို့ကတော့ အခုချိန်မှာ မရှိကြတော့ပါဘူး။ တချို့ကတော့ ဆက်လက်တော်လှန်နေကြဆဲပါပဲ။
Mauk Kham Wah

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleစိန်ရတုပြည့်မှသည် နောက်တစ်ဆင့်တက်လှမ်းရမည့် ကရင့်တော်လှန်ရေး
Next Article လေကြောင်းမှဗုံးကြဲမှုကြောင့် ပလက်ဝတွင် ပြည်သူ၇ဦးသေဆုံး
thanlwinkhet
  • Website

Related Posts

DKBA ၃၁ နှစ်ပြည့်တပ်တော်နေ့ အခမ်းအနားကို ဆုံဆည်းမြိုင်တွင် ကျင်းပ

December 22, 2025

ထိုင်းဘုရင့်မယ်တော် သီရိခေတ်နတ်ရွာစံခြင်း ရက်၉၀ပြည့် အောက်မေ့ဖွယ်အခမ်းအနား DKBA ဌာနချုပ်တွင် ပြုလုပ်

December 18, 2025

ပျက်စီးသွားသော ငြိမ်းချမ်းရေးသင်္ကေတနှင့် အိမ်ပြန်ချိန်ဝေးနေဆဲ လေးကေ့ကော် (၄) နှစ်တာ

December 17, 2025

Leave A Reply Cancel Reply

Recent Posts

  • ရွှေ့ပြောင်းကလေးငယ်များ အခမဲ့ပညာသင်ကြားခွင့်မူဝါဒကို ထိုင်းအမျိုးသားရေးလှူပ်ရှားသူတွေ ကန့်ကွက်
  • စောင့်ကြည့်ထိန်းချုပ်နိုင်ရန် လူထုကို လုံခြုံမှုမရှိသော App များဆီသို့ စစ်တပ်က တမင်တွန်းပို့နေ
  • ပလောတပို့စခန်းတွင် ကျန်ရှိနေသေးသည့် စစ်ရှောင်များ ကျန်းမာရေး အကူညီလိုအပ်
  • လယ်ဒိုတွင် လက်နက်ကြီးကျရောက်ပေါက်ကွဲ၍ ကလေးငယ်များအပါ ၄ ဦးသေဆုံး၊ လသားကလေးငယ် ထိခိုက်ဒဏ်ရာရ
  • မြောက်ဦး မူစလင်တို့၏ ဝါဖြေပွဲသို့ အေအေ တာဝန်ရှိသူများ တက်ရောက်ဂုဏ်ပြု

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

ရွှေ့ပြောင်းကလေးငယ်များ အခမဲ့ပညာသင်ကြားခွင့်မူဝါဒကို ထိုင်းအမျိုးသားရေးလှူပ်ရှားသူတွေ ကန့်ကွက်

စောင့်ကြည့်ထိန်းချုပ်နိုင်ရန် လူထုကို လုံခြုံမှုမရှိသော App များဆီသို့ စစ်တပ်က တမင်တွန်းပို့နေ

ပလောတပို့စခန်းတွင် ကျန်ရှိနေသေးသည့် စစ်ရှောင်များ ကျန်းမာရေး အကူညီလိုအပ်

လယ်ဒိုတွင် လက်နက်ကြီးကျရောက်ပေါက်ကွဲ၍ ကလေးငယ်များအပါ ၄ ဦးသေဆုံး၊ လသားကလေးငယ် ထိခိုက်ဒဏ်ရာရ

ယခင်သတင်းများ

  • March 2026
  • February 2026
  • December 2025
  • November 2025
  • October 2025
  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်နီသတင်း
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ထုတ်ပြန်ချက်
  • ဓာတ်ပုံသတင်း
  • နယ်စပ်သတင်း
  • နိုင်ငံတကာသတင်း
  • နိုင်ငံရေးသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပညာရေးသတင်း
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • ရွေးကောက်ပွဲသတင်း
  • ရှမ်းမြောက်
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

ရွှေ့ပြောင်းကလေးငယ်များ အခမဲ့ပညာသင်ကြားခွင့်မူဝါဒကို ထိုင်းအမျိုးသားရေးလှူပ်ရှားသူတွေ ကန့်ကွက်

March 17, 2026

စောင့်ကြည့်ထိန်းချုပ်နိုင်ရန် လူထုကို လုံခြုံမှုမရှိသော App များဆီသို့ စစ်တပ်က တမင်တွန်းပို့နေ

March 17, 2026

ပလောတပို့စခန်းတွင် ကျန်ရှိနေသေးသည့် စစ်ရှောင်များ ကျန်းမာရေး အကူညီလိုအပ်

March 17, 2026

လယ်ဒိုတွင် လက်နက်ကြီးကျရောက်ပေါက်ကွဲ၍ ကလေးငယ်များအပါ ၄ ဦးသေဆုံး၊ လသားကလေးငယ် ထိခိုက်ဒဏ်ရာရ

March 17, 2026

မြောက်ဦး မူစလင်တို့၏ ဝါဖြေပွဲသို့ အေအေ တာဝန်ရှိသူများ တက်ရောက်ဂုဏ်ပြု

March 17, 2026

သရက်ချောင်းတွင် တစ်ရက်တည်း နှစ်ကြိမ် ဗုံးကြဲခံရ

March 17, 2026
Copyright © 2026. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.