• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • ရမ်းဗြဲရှိ စစ်ဘေးရှောင်များ ဆေးဝါးအကူအညီလိုအပ်
  • “မြန်မာ့ရွေးကောက်ပွဲအပေါ်က တရုတ်လက်ရာများ” စီစဉ်ထားသည့် ရွေးကောက်ပွဲသည် ဒီမိုကရေစီနည်းကျမဟုတ်သော်လည်း စစ်ခေါင်းဆောင်တစ်ဦးကို အာဏာမှ ဖယ်ရှားနိုင်မည်လား။
  • ရခိုင်လွတ်မြောက်နယ်မြေများတွင် အမျိုးသမီးများအား ကာကွယ်မှု အပြည့်အဝ ပေးထားဟုဆို
  • ရခိုင်ပြည် အပြီးသတ် လွတ်မြောက်လုနီးပြီဟု အေအေပြော
  • ရခိုင်ပြည်အတွက် သင်ရိုးမူဘောင် တစ်ခုကို အာရက္ခတပ်တော် ရေးဆွဲနေ
  • ရိုဟင်ဂျာများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်သည်ဟု ထုတ်ပြန်ချက်မှာ စွပ်စွဲချက်သာ ဖြစ်ဟု အေအေတုံ့ပြန်
  • ရဝမ်ဒါနိုင်ငံသား နှစ်ဦးအား တရုတ်ထံ လွှဲပြောင်း
  • ကေအဲန်ယူ တပ်မဟာ ၇ ကို စစ်တပ် ‌ဗုံးကြဲ
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»ဆောင်းပါး»မြန်မာ့မြေပေါ်က တရုတ်မာဖီးယားများ
ဆောင်းပါး

မြန်မာ့မြေပေါ်က တရုတ်မာဖီးယားများ

thanlwinkhetBy thanlwinkhetFebruary 10, 2024No Comments2 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

ဘုန်းမောင်
ဖေဖော်ဝါရီ ၁၁ ၊ ၂၀၂၄။

အာဖရိကတောင်ပိုင်းတွင်နေထိုင်သော အာရွန် ကို ထိုင်းနိုင်ငံရှိ အဆင့်မြင့်နည်းပညာကုမ္ပဏီ ၁ ခုကလုပ်ခလစာ မြင့်မားစွာဖြင့် အလုပ်လုပ်ကိုင်ရမည်ဟု အလုပ်ကမ်းလှမ်းလာသဖြင့် အာရွန်သည် ၎င်း၏ကံကြမ္မာကို မယုံကြည် နိုင်လောက်ပင် အံ့ဩနေမိသည်။ တကယ်တော့ အဆိုပါအလုပ်အကိုင်မျိုးဆိုသည်က အာရွန် အခါခါမက်ခဲ့ရသော အိပ်မက်လည်းဖြစ်သည်။ အဆိုပါအလုပ်ကမ်းလှမ်းမှုက အာဖရိကတောင်ပိုင်းတွင်ကြုံလာရဦးမည့် ဆိုးရွားစုတ် ပြတ်လွန်းသော အနာဂတ်ကလွတ်မြောက်ရန် အာရွန့်အား ဆွဲဆောင်နေပေသည်။

”နိုင်ငံခြားသွားပြီး အလုပ်လုပ်ရမယ်လို့ ကျွန်တော်မျှော်လင့်နေခဲ့တယ်။ တစ်နေ့တော့ ကျွန်တော့်ဆီ အဲဒီအခွင့် အရေးမျိုး ချဥ်းကပ်လာခဲ့တယ်။ အရာရာက တရားမျှတတယ်လို့ ကျွန်တော် တွေးမိခဲ့တယ်။ ဘန်ကောက်ရောက် တဲ့ အချိန်ထိပေါ့”ဟု အာရွန် က ပြောသည်။

လေဆိပ်ရောက်ချိန်မှာလည်း အာရွန့်ကို လှိုက်လှဲပျူငှာစွာ ကြိုဆိုခဲ့ကြပါသေးသည်။ ထို့နောက်မှာတော့ အရှေ့ အာဖရိကနိုင်ငံကအခြားသောလူငယ် ၂ ယောက်နှင့်အတူ ကား ၁ စီးဖြင့် ခေါ်ဆောင်သွားလေတော့သည်။

”လေဆိပ်နဲ့ ၁၀ မိနစ်လောက်ပဲဝေးတဲ့ ဟိုတယ်တစ်ခုကိုခေါ်သွားမယ်လို့ ကျွန်တော်တို့ထင်ထားပေမယ့် မဟုတ်ဘူး” ထိုင်းနိုင်ငံ၏ နယ်စပ်မြို့ ၁ မြို့ဖြစ်သည့် မယ်ဆောက်မြို့ကိုမရောက်ခင် ၈ နာရီနီးပါးကားမောင်းလာခဲ့ပြီးနောက် အာရွန်နှင့် အခြားသူများ သောင်ရင်းမြစ်တွင် လူကုန်ကူးခံလိုက်ရပြီး စစ်ပွဲများဖြင့်လောင်ကျွမ်းနေသော မြန်မာနိုင်ငံဘက်ခြမ်းသို့ ၎င်းတို့အားပို့ဆောင်လိုက်လေသည်။

”မြစ်ဆိပ်မှာကျွန်တော်တွေ့ခဲ့ရတာက သေနတ်ကိုင်ထားကြတဲ့လူတွေပေါ့၊ သူတို့ကပဲ လှေပေါ်တက်လို့ ကျွန်တော်တို့ကိုပြောတယ်။ ပြီးတော့ သောင်ရင်းမြစ်ကိုကူးလာကြတာပေါ့”ဟု မှတ်ဉာဏ်တွင်းစွဲထင်နေသောအဖြစ်အပျက် များအား အာရွန်က ပြန်လည်ရှင်းပြသည်။

လူကုန်ကူးမှုစားကျက်ဖြစ်လာတဲ့ မြန်မာနိုင်ငံ
******************
အာရွန်နှင့် အခြားသူများသည် KK Park ဟုခေါ်သော အကျဥ်းထောင်နှင့်တူသောနေရာသို့ လူကုန်ကူးခံခဲ့ရခြင်းဖြစ် သည်။ ထိုနေရာတွင် လူပေါင်းထောင်ချီလူကုန်ကူးခံထားရပြီး အမေရိကန်၊ ဥရောပနှင့် တရုတ်နိုင်ငံရှိပြည်သူများ ကိုပစ်မှတ်ထားကာ အွန်လိုင်းငွေလိမ်မှုလုပ်ငန်းများလုပ်ကိုင်နေကြရသည်။ အဆိုပါလူကုန်ကူးခံရသူများသည် ရာဇဝတ်လုပ်ငန်းများလုပ်ကိုင်ရန် အတင်းအဓမ္မအလုပ်စေခိုင်းခံနေရသည်။ မြန်မာနိုင်ငံရှိအွန်လိုင်းငွေလိမ်မှုလုပ်ငန်း များတွင် အတင်းအဓမ္မအလုပ်စေခိုင်းခံနေရသူပေါင်း ၁၀၀,၀၀၀
ကျော်ရှိသည်ဟု ကုလသမဂ္ဂက ခန့်မှန်းထားသည်။

DW (Deutsche Welle) သည် KK Park ကပြန်လည်လွန်မြောက်လာခဲ့သည့် မြောက်မြားစွာသောအသက်ရှင်ကျန် ရစ်သူများနှင့် တွေ့ဆုံခဲ့ပါသည်။ ၎င်းတို့က KK Park အတွင်း ၎င်းရှိနေကြစဥ်တုန်းကမျက်စိဒေါက်ထောက် စောင့် ကြည့်ခံခဲ့ရသည့်အခြေအနေများ၊ညှဥ်းပမ်းနှိပ်စက်ခံရမှုများအပါအဝင်အပတ်စဥ်အလှည့်ကျ သတ်ဖြတ်မှုမျိုးကိုပင် သက်သေအဖြစ်ထွက်ဆိုခဲ့ကြပါသည်။

အာဖရိကအနောက်ပိုင်းက လူးကပ်စ်အမည်ရှိလူငယ်တစ်ယောက်က ယခုကဲ့သို့ပြောသည်။ ”၁ ရက်ကို ၁၇ နာရီ ကျွန်တော်တို့အလုပ်လုပ်ရတယ်။ ဆင်ခြေပေးလို့မရဘူး။ အလုပ်ပိတ်ရက်မရှိဘူး။ နားချိန်မပေး ဘူး။ အလုပ်မလုပ်ချင်တော့ဘူး။ ကျွန်တော်တို့ကို အလုပ်ထွက်ခွင့်ပေးပါလို့ပြောရင် ကျွန်တော်တို့ကိုရောင်းစား ပစ်မယ်။ သတ်ပစ်မယ်လို့ သူတို့ကပြောတယ်”

မြန်မာနိုင်ငံက ဘယ်သူတွေပါဝင်နေလဲ. . . . .?
********************

DW ကရရှိထားသော ခြံဝင်းအတွင်းက ဗီဒီယိုနှင့် မှတ်တမ်းဓာတ်ပုံများအပါအဝင် ၎င်းခြံဝင်းအတွင်းဖမ်းဆီးခံထားရာမှ ပြန်လည်ထွက်ပြေးနိုင်ခဲ့ကြသည့် အသက်ရှင်လွတ်မြောက်သူအများအပြားနှင့်ဆုံတွေ့ပြီး စကားပြောဆိုခဲ့ပါ သည်။ ထိုသူများအားလုံးက KK Park အတွင်းရှိအစောင့်များ၏ ယူနီဖောင်းတွင်တပ်ဆင်ထားသော ဘက်တံဆိပ်များကိုအတည်ပြုပေးနိုင်ခဲ့ကြပါသည်။ အဆိုပါဘက်တံဆိပ်များက နယ်ခြားစောင့်တပ်ဘက်တံဆိပ်များ ဖြစ်နေကြသည်။

နယ်ခြားစောင့်စစ်သားများ KK Park အတွင်း ရှိနေကြပါသည်။ သို့သော် မြောက်မြားလှစွာသော သတင်းရင်းမြစ် များ၏ထွက်ဆိုချက်အရ အွန်လိုင်းငွေလိမ်လုပ်ငန်းများကိုလည်ပတ်နေသူများက တရုတ်များဖြစ်ကြသည်။

KK Park
**********
ငွေလိမ်ခံခဲ့ရသူများ၏ ပိုက်ဆံများစီးဆင်းရာလမ်းကြောင်းကို ရှာဖွေကြည့်သောအခါ KK Park သို့စီးဆင်းသွား ကြောင်းတွေ့ရှိရပြီး ထိုမှတဆင့် စုဆောင်းထားသည့်ငွေကြေးများ ဒစ်ဂျစ်တယ်အကောင့်နှင့် Cryptpcurrencies များစုဆောင်းခြင်းကိုဆောင်ရွက်နေသည့်
အခြားတစ်နေရာသို့ ဆက်လက်စီးဆင်းသွားသည်။ ထိုမှတဆင့် ထိုင်းနိုင်ငံတွင်အခြေစိုက်ထားသော တရုတ်လူမျိုးစီးပွားရေးလုပ်ငန်းရှင် ဝေါင်းယီချန် ထံစီးဆင်းသွားသည်။

နောက်ဆုံးမှာတော့ နာမည်ဆိုးဖြင့်ကျော်ကြားသော တရုတ်မာဖီးယားသူဌေး ၁ ဦးထံ ဝေါင်းက ပို့ဆောင်ပေးရလေသည်။ ထိုတရုတ်သူဌေးထံပို့ဆောင်ပေးနေရသော နိုင်ငံရပ်ခြားရှိ တရုတ်စီးပွားရေးသမားများ၏ ကြီးမားသော ကွန်ရက်တွင် ဝေါင်း သည်လည်း
အစိတ်အပိုင်းတစ်ခုအနေဖြင့် လည်ပတ်နေပါသည်။

KK Park တွင်စီမံစုဆောင်းပေးထားသောငွေကြေးများကို ထိုင်းနိုင်ငံတွင်ရှိနေသော ဝေါင်းထံတိုက်ရိုက်လွှဲပြောင်း ပေးနေရသည်။ ဝေါင်း သည် ဘန်ကောက်မြို့ရှိ ထိုင်း -အာရှစီးပွားရေးဆိုင်ရာအသင်း၏ ဒုတိယဥက္ကဋ္ဌအဖြစ်ဆောင် ရွက်ခဲ့သည်။ အဆိုပါအသင်းက
တရုတ်နှင့်ထိုင်းနိုင်ငံဆက်ဆံရေးကို မြှင့်တင်ပေးနေသည့် အသင်းလည်းဖြစ်သည်။

တရုတ်မာဖီးယားဂိုဏ်းခေါင်းဆောင်
********************

ဖော်ပြခဲ့သောအဖွဲ့အစည်းများသည် ”သွားကျိုး – Broken Tooth” ဟုနာမည်တွင်နေသော ဝမ်ခူအော့ခိုင်နှင့် အနီး ကပ်ဆက်စပ်ပတ်သက်မှုများရှိနေသည်။ သူသည် World Hongmen History and Culture Association ကို ၂၀၁၈ ခုနှစ်တွင်တည်ထောင်ခဲ့ပြီး ၎င်းအဖွဲ့အစည်းသည် ရာဇဝတ်မှုများတွင်ပါဝင်ပတ်သက်မှုကြောင့် အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့အရေးယူခြင်းခံထားသောအဖွဲ့အစည်းဖြစ်သည်။

သို့သော် ဝမ် ၏ Hongmen အဖွဲ့အစည်းသည် တရုတ်နိုင်ငံကဆောင်ရွက်နေသည့် ဒေါ်လာထရီလီယံချီတန်ကြေးရှိ သော BRI စီမံကိန်းအရှိန်မြှင့်ပေးနေသည့်အဖွဲ့အစည်းလည်းဖြစ်နေပြန်သည်။

” ဝမ်ခူအော့ခိုင်မှာ ပုံမှန်သုံးနေကျလက်သုံးစကားရှိတယ်။ သူဟာ မူးယစ်ဆေးဂိုဏ်းတွေအတွက် တိုက်ပွဲဝင်ခဲ့ပေးဖူး ပြီး လက်ရှိအချိန်မှာတော့ တရုတ်ကွန်မြူနစ်ပါတီအတွက် တိုက်ပွဲဝင်နေတယ်ဆိုတာပဲ”ဟု မေရိကန်အစိုးရ ငြိမ်းချမ်းရေးဌာန (USIP)ရဲ့ မြန်မာနိုင်ငံဆိုင်ရာညွှန်ကြားရေးမှူး ဂျေဆန် တာဝါ က DW ကိုပြောသည်။

KK Park တည်ဆောက်ထားသောနေရာသည် တရုတ်ရင်းနှီးမြှုပ်နှံမှုဖြစ်သော BRI စီမံကိန်းများအတွက် ပစ်မှတ်ထားရာဒေသလည်းဖြစ်သည်။ KK Park အနီးတဝိုက်ရှိစီမံကိန်းများကို တရုတ်အစိုးရက BRI စီမံကိန်းရည်မှန်းချက် ၏ တစ်စိတ်တစ်ပိုင်းအဖြစ် ဖော်ကျူးခဲ့သေးသည်။ သို့သော်

အွန်လိုင်းငွေလိမ်လည်မှုစွပ်စွဲချက်များထွက်ပေါ်လာပြီး နောက်ပိုင်း တရုတ်အစိုးရက ၎င်းတို့နှင့်ခပ်ခွာခွာနေခဲ့သည်။

KK Park ကိုယ်တိုင်လည်း တရုတ်နှင့်အဆက်အသွယ်ရှိကြောင်းတရားဝင်ဖော်ပြထားခြင်းမရှိသည့်အပြင် အဆိုပါ ဒေသရှိ အခြားသောစီမံကိန်းများကဲ့သို့ဖွင့်ပွဲအခမ်းအနားများကိုလည်း ကျင်းပခဲ့ခြင်းမရှိပေ။ တကယ်တော့အွန်လိုင်းငွေလိမ်လုပ်ငန်းများဆောင်ရွက်ရန်ရည်ရွယ်ချက်ဖြင့် KK Parkကိုတည်ဆောက်ခဲ့ခြင်းဖြစ်သည်။

KK Park ကွန်ရက်များ ချဲ့ထွင်ခြင်း
********************
KK Park ၏ အွန်လိုင်းငွေလိမ်မှုလုပ်ငန်းများသည် ၎င်းတို့၏ ရာဇဝတ်မှုလုပ်ငန်းတရားဝင်ပုံစံဖြစ်လာစေရန်နှင့် သန်းပေါင်းများစွာချီသည့် ပိုင်ဆိုင်မှုများကိုဖုံးကွယ်ရန်ရှုပ်ထွေးသောစီးပွားရေးလုပ်ငန်းများနှင့် အသင်းအဖွဲ့များကို အသုံးပြုပြီးငွေကြေးခဝါချမှုများဆောင်ရွက်နေသည်။ အဆိုပါကွန်ရက်ကြီးသည် အရှေ့တောင်အာရှမှသည်အာဖရိက၊ ဥရောပနှင့် မြောက်အမေရိအထိ ဆက်လက်ကျယ်ပြန့်လာပါသည်။

”ဒီရာဇဝတ်မှုကွန်ရက်ကြီးက ပိုပိုပြီး အားကောင်းလာတယ်။ ပိုပိုပြီး ဩဇာညောင်းလာတယ်။ကမ္ဘာတစ်ဝန်းမှာရှိ တဲ့ နိုင်ငံအသီးသီးမှာ ပိုပိုပြီးရင်းနှီးမြှုပ်နှံလာတာကို ကျွန်တော်တို့မျက်စိရှေ့တင်မြင်လာရတယ်” ဟု ဂျေဆန်တာဝါကပြောသည်။

”နောက်ပြီး တရားဥပဒေစိုးမိုးရေးကြိုးပမ်းမှုတွေကလည်း ရေခဲတောင်ထိပ်တက်ရသလိုပါပဲ” DW တွင်ဖော်ပြထားသော ”How China mafia run a scam factory in Myanmar” ကို ဆီလျော်အောင်ရေးသားသည်။

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleစစ်ကောင်စီနဲ့ပူးပေါင်းပြီး စစ်ရှောင်အရေး ကူညီသွားမည်ဟု ထိုင်းဝန်ကြီးဆို
Next Article စစ်သင်္ဘောနစ်မြုပ်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၀၀ ကျော်သေဆုံးနိုင်ပြီး အသက်မသေဘဲရေကူး လွတ်မြောက်လာသူများကို AA ကယ်တင်
thanlwinkhet
  • Website

Related Posts

လူငယ်တွေရဲ့ အနာဂတ် ခရီးကြမ်း

August 5, 2025

မြန်မာရွှေ့ပြောင်းတွေအတွက် စိန်ခေါ်မှုဖြစ်နေသေးတဲ့ ထိုင်းကျန်းမာ‌ရေးစောင့်‌ရှောက်မှု – ဇာတ်သိမ်းပိုင်း

August 3, 2025

မြေရှားသတ္တုများအပေါ် မျက်စိကျနေသည့် ထရန့်ပ်က မြန်မာကို တရုတ်လက်ထဲ ထိုးအပ်နေ

August 1, 2025

Leave A Reply Cancel Reply

Recent Posts

  • ရမ်းဗြဲရှိ စစ်ဘေးရှောင်များ ဆေးဝါးအကူအညီလိုအပ်
  • “မြန်မာ့ရွေးကောက်ပွဲအပေါ်က တရုတ်လက်ရာများ” စီစဉ်ထားသည့် ရွေးကောက်ပွဲသည် ဒီမိုကရေစီနည်းကျမဟုတ်သော်လည်း စစ်ခေါင်းဆောင်တစ်ဦးကို အာဏာမှ ဖယ်ရှားနိုင်မည်လား။
  • ရခိုင်လွတ်မြောက်နယ်မြေများတွင် အမျိုးသမီးများအား ကာကွယ်မှု အပြည့်အဝ ပေးထားဟုဆို
  • ရခိုင်ပြည် အပြီးသတ် လွတ်မြောက်လုနီးပြီဟု အေအေပြော
  • ရခိုင်ပြည်အတွက် သင်ရိုးမူဘောင် တစ်ခုကို အာရက္ခတပ်တော် ရေးဆွဲနေ

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

ရမ်းဗြဲရှိ စစ်ဘေးရှောင်များ ဆေးဝါးအကူအညီလိုအပ်

“မြန်မာ့ရွေးကောက်ပွဲအပေါ်က တရုတ်လက်ရာများ” စီစဉ်ထားသည့် ရွေးကောက်ပွဲသည် ဒီမိုကရေစီနည်းကျမဟုတ်သော်လည်း စစ်ခေါင်းဆောင်တစ်ဦးကို အာဏာမှ ဖယ်ရှားနိုင်မည်လား။

ရခိုင်လွတ်မြောက်နယ်မြေများတွင် အမျိုးသမီးများအား ကာကွယ်မှု အပြည့်အဝ ပေးထားဟုဆို

ရခိုင်ပြည် အပြီးသတ် လွတ်မြောက်လုနီးပြီဟု အေအေပြော

ယခင်သတင်းများ

  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ဓာတ်ပုံသတင်း
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရေဒီယို
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

ရမ်းဗြဲရှိ စစ်ဘေးရှောင်များ ဆေးဝါးအကူအညီလိုအပ်

August 13, 2025

“မြန်မာ့ရွေးကောက်ပွဲအပေါ်က တရုတ်လက်ရာများ” စီစဉ်ထားသည့် ရွေးကောက်ပွဲသည် ဒီမိုကရေစီနည်းကျမဟုတ်သော်လည်း စစ်ခေါင်းဆောင်တစ်ဦးကို အာဏာမှ ဖယ်ရှားနိုင်မည်လား။

August 13, 2025

ရခိုင်လွတ်မြောက်နယ်မြေများတွင် အမျိုးသမီးများအား ကာကွယ်မှု အပြည့်အဝ ပေးထားဟုဆို

August 12, 2025

ရခိုင်ပြည် အပြီးသတ် လွတ်မြောက်လုနီးပြီဟု အေအေပြော

August 11, 2025

ရခိုင်ပြည်အတွက် သင်ရိုးမူဘောင် တစ်ခုကို အာရက္ခတပ်တော် ရေးဆွဲနေ

August 11, 2025

ရိုဟင်ဂျာများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်သည်ဟု ထုတ်ပြန်ချက်မှာ စွပ်စွဲချက်သာ ဖြစ်ဟု အေအေတုံ့ပြန်

August 11, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.