• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်
  • ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး
  • စစ်တွေတွင် ရွေးကောက်ပွဲကျင်းပပြီးနောက် လက်နက်ကြီးသံများ ဆက်တိုက်ထွက်ပေါ်
  • ဘက်စုံပိတ်ဆို့မှုကြောင့် စစ်တွေလက်လုပ်လက်စားများ အငတ်ဘေး ရင်ဆိုင်နေရ
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»ဆောင်းပါး»မြန်မာ့အရေးမှာ တရုတ်နဲ့အိန္ဒိယ မူဝါဒပြောင်းလာနိုင်သလား. . . . .?
ဆောင်းပါး

မြန်မာ့အရေးမှာ တရုတ်နဲ့အိန္ဒိယ မူဝါဒပြောင်းလာနိုင်သလား. . . . .?

thanlwinkhetBy thanlwinkhetFebruary 7, 2024No Comments4 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

ကောင်းချစ်အောင်
ဖေဖော်ဝါရီ ၇ ၊ ၂၀၂၄။

မြန်မာနိုင်ငံအရှေ့မြောက်ဖျားဒေသမှာ ၁၀၂၇ စစ်ဆင်ရေးပေါ်ပေါက်လာပြီးနောက်ပိုင်းနိုင်ငံအနှံ့ကတိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ နွေဦးတော်လှန်ရေးကာလအတွင်း‌ပေါ်ပေါက်လာခဲ့တဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက စစ်ကောင်စီကို ဘက်ပေါင်းစုံကနေ ထိုးနှက်တိုက်ခိုက်နေကြပါတယ်။

အဘက်ဘက်မှာစစ်မျက်နှာဖွင့်ထားရတဲ့ စစ်ကောင်စီဟာ တော်လှန်ရေးတပ်ဖွဲ့ပေါင်းစုံရဲ့ထိုးစစ်တွေအပြင် တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ နယ်မြေသိမ်းအောင်ပွဲတွေကြောင့် အရင်ကအပြည့်အဝထိန်းချုပ်ထားနိုင်တဲ့နယ်မြေတွေ တဖြေးဖြေးကျုံ့ဝင်သွားပါတယ်။

စိုးမိုးနယ်မြေအများအပြားဆုံးရှုံးလာတာတဲ့ စစ်ကောင်စီဟာ နယ်စပ်ကုန်သွယ်ရေးတွေကရရှိနေတဲ့အကောက် ခွန်တွေအပြင် အဆိုပါဒေသတွေမှာရှိနေခဲ့တဲ့ ပြည်ပရင်းနှီးမြှပ်နှံမှုလုပ်ငန်းတွေကလည်းဝင်ငွေဆုံးရှုံးမှုတွေနဲ့ စတင် ရင်ဆိုင်လာနေရပါပြီ။

၁၀၂၇ စစ်ဆင်ရေး ပထမ ၁ လတာကာလအတွင်းမှာပဲ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေကနေစစ်ကောင်စီက အမေရိကန်ဒေါ်လာ သန်း ၄၅၀ နီးပါးဆုံး ရှုံးသွားတဲ့အပြင် တရုတ်စီမံကိန်း ၇ခုထက်မနည်း ညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ ထိန်းချုပ်မှုအောက် ကျရောက်သွားပါတယ်။

၂၀၂၄ ခုနှစ်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကနယ်စပ်ကုန်သွယ်ရေး အတွက်အရေးပါတဲ့ဒေသတွေကို ထိန်းချုပ်လိုက်နိုင်တာကြောင့်အိမ်နီးချင်းနိုင်ငံတွေရဲ့စိုးရိမ်သောကတွေကို ပိုပြီး ကျယ်ကျယ်လောင်လောင် ကြားလာရပါတယ်။

အိမ်နီးချင်းလည်းဖြစ် စူပါအင်အားကြီးနိုင်ငံတွေလည်းဖြစ်တဲ့ တရုတ်နဲ့ အိန္ဒိယ ၂ နိုင်ငံဟာလက်ရှိအချိန်ထိ စစ် ကောင်စီကိုသာ အသိအမှတ်ပြုဆက်ဆံလာခဲ့ပေမယ့်သူတို့အကျိုးစီးပွားတွေတည်ရှိရာ နယ်မြေတစ်စိတ်တစ်ပိုင်း ကတော်လှန်ရေးတပ်တွေရဲ့ထိန်းချုပ်မှုအောက် စတင်ရောက်ရှိနေပြီဖြစ်တဲ့အတွက် လက်ရှိဖြစ်ပျက်နေတဲ့အခင်းအကျင်းသစ်တွေနဲ့အတူပဲ မူဝါဒပိုင်းဆိုင်ရာအပြောင်းအလဲရှိ၊ မရှိဆိုတာကလည်း စိတ်ဝင်တစားစောင့် ကြည့်သွားရမယ့်ကိစ္စတစ်ရပ်ဖြစ်လာပါတယ်။

ပိုနေမြဲ ကြားနေမြဲ ပြိုင်ဘက်နှစ်နိုင်ငံ
*****************

တရုတ်နဲ့ အိန္ဒိယနှစ်နိုင်ငံလုံးဟာ သူတို့ရဲ့ကုန်းတွင်းပိတ်ပြည်နယ်တွေရဲ့စီးပွားရေးတိုးတက်ဖွံ့ဖြိုးတိုးတက်လာစေ ဖို့ ကမ်းရိုးတန်းအရှည်မိုင် ၁၃၀၀ ကျော် ပိုင်ဆိုင်ထားတဲ့မြန်မာနိုင်ငံကို မျက်စိကျနေခဲ့တာ ဆယ်စုနှစ် ၂ စုနီးပါး ရှိခဲ့ပါပြီ။

တရုတ်နိုင်ငံရဲ့ ကုန်းတွင်းပိတ်ပြည်နယ်တွေဖြစ်တဲ့ အနောက်ပိုင်းပြည်နယ်တွေအတွက် တရုတ် – မြန်မာစီးပွား ရေးစင်္ကြံတည်ဆောက်ပြီး ရခိုင်ကမ်းရိုးတန်းကတဆင့် ဘင်္ဂလားပင်လယ်ထွက်ပေါက်လိုအပ်နေသလို ပစိဖိတ်နဲ့ အိန္ဒိယ သမုဒ္ဒရာ၂ စင်းလုံးကိုထိန်းချုပ်နိုင်ဖို့ရည်ရွယ်ပြီး နှစ်ရည်စီမံကိန်းနဲ့ကြိုးစားနေတဲ့ နိုင်ငံဖြစ်ပါတယ်။

တရုတ် - အိန္ဒိယစီမံကိန်းများ
တရုတ် – အိန္ဒိယစီမံကိန်းများ

အလားတူ အိန္ဒိယနိုင်ငံကလည်း အိန္ဒိယနဲ့သီးခြားဖြစ်နေတဲ့ အရှေ့မြောက်ဒေသကကုန်းတွင်းပိတ်ပြည်နယ်တွေကို ကုလားတန်မြစ်ကြောင်းကနေတဆင့်ဘင်္ဂလားပင်လယ်အော်ထွက်ပေါက်သုံးပြီး စီးပွားရေးတိုးတက်စေဖို့ ကြံရွယ်နေတာပါ။

ဒါကြောင့် တရုတ်နဲ့ အိန္ဒိယ ၂ နိုင်ငံစလုံးက ဘင်္ဂလားပင်လယ်အော်ထွက်ပေါက်ရှိနေတဲ့ ရခိုင်ဒေသမှာအချိန်ယူ တည်ဆောက်ရမယ့် အမေရိကန်ဒေါ်လာဘီလီယံနဲ့ချီတဲ့စီမံကိန်းတွေအတွက်ပြိုင်ဘက်နိုင်ငံအသွင်ဆောင်နေပါတယ်။

အဲဒီလို ပြိုင်ဘက်တွေအဖြစ် ရပ်တည်နေပေမယ့် သူတို့နှစ်နိုင်ငံစလုံးဟာမြန်မာ့ဒီမိုကရေစီအရေးအပေါ်မှာတော့ ပိုနေမြဲကျားနေမြဲအတိုင်းကြားနေအဖြစ်သာရပ်တည်ခဲ့ကြပါတယ်။

ဆွေမျိုးပေါက်ဖော်အိမ်နီးချင်းကောင်းအဖြစ်ရပ်တည်မယ်လို့ တတွင်တွင်ပြောဆိုလာခဲ့တဲ့တရုတ်နိုင်ငံကလည်း ပြည်တွင်းရေးမစွက်ဖက်တဲ့မူကို ဆုပ်ကိုင်ထားတယ်လို့အတိအလင်းကြေညာထားသလို အိန္ဒိယနိုင်ငံကလည်း စောင့်ကြည့်မူဝါဒ (Wait and Watch policy) သာကျင့်သုံးခဲ့သလို စစ်ကောင်စီနဲ့ ဒီမိုကရေစီအင်အားစုတွေကြားက အခြေအနေတွေကိုမျက်ခြေမပြတ်စောင့်ကြည့်ပြီး အားသာတဲ့ဘက်ပေါင်းတဲ့မူကို လက်ကိုင်ထားခဲ့ပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေးတွေမှာကျင်းပခဲ့တဲ့မြန်မာ့အရေးနဲ့ပတ်သက်လာတဲ့အစည်းအဝေးတွေ မှာ ၂ နိုင်ငံစလုံးကခေါင်းရှောင်နေခဲ့ကြပါတယ်။

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်မှာ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ လုံခြုံရေးကောင်စီဆုံးဖြတ်ချက် အမှတ်- ၂၆၆၉ ချမှတ်ခဲ့ရာမှာလည်း ၂ နိုင်ငံစလုံးက ကြားနေအဖြစ်သာရပ်တည်ခဲ့ကြပါတယ်။

မြန်မာ့နိုင်ငံအရေးကိုမစွက်ဖက်ဘူးလို့ ၂ နိုင်ငံစလုံးက တရားဝင်ပြောဆိုထားကြပေမယ့်လည်း အဲဒီ ၂နိုင်ငံဟာ စစ်ကောင်စီကို စစ်လက်နက်နဲ့ နည်းပညာဆိုင်ရာပစ္စည်းထောက်ပံ့တာတွေလုပ်ဆောင်နေပါတယ်။

အာဏာသိမ်းချိန်ကတည်းက ဒရုန်းနဲ့ဆက်စပ်ပစ္စည်းတွေ၊ လေယာဉ်တွေကို တရုတ်နိုင်ငံကမြန်မာစစ်တပ်ကို ရောင်းချခဲ့ပြီး ဥရောပနိုင်ငံတွေကနေ မြန်မာစစ်တပ်ကစစ်လက်နက်ပစ္စည်းတွေဝယ်ယူရာမှာလည်း အိန္ဒိယကနေတဆင့် မြန်မာနိုင်ငံကို တင်ပို့နေပါတယ်။

အိန္ဒိယရင်ထိတ်နေရတဲ့ စခန်းသိမ်းတိုက်ပွဲများ

*********************

အိန္ဒိယနိုင်ငံရဲ့ ကုန်းတွင်းပိုင်းပြည်နယ်တွေဖြစ်တဲ့ အာသံ၊ မီဇိုရမ်၊ မဏိပူရ်စတဲ့ပြည်နယ်တွေဟာမြန်မာနိုင်ငံရဲ့ အနောက်ဖျားဒေသတွေနဲ့ ဆက်စပ်နေပြီး အဆိုပါပြည်နယ်တွေရဲ့စီးပွားရေးတိုးတက်လာစေဖို့ ကုန်သွယ်ရေးလမ်း ကြောင်းတစ်ခုကို အိန္ဒိယကဖန်တီးချင်နေခဲ့ပါတယ်။

ဒါကြောင့်လည်း အိန္ဒိယ၊ ထိုင်းနဲ့ မြန်မာနိုင်ငံကြား ကီလိုမီတာ ၁၄၀၀ နီးပါးရှည်လျားတဲ့အဝေးပြေးလမ်းမကြီးကို ၂၀၁၂ ခုနှစ်လောက်ကတည်းကစီမံကိန်းစတင်ရေးဆွဲအကောင်အထည်ဖော်ခဲ့ပြီး လက်ရှိမှာတော့ ၉၀ ရာခိုင်နှုန်းလောက်ပြီးစီးသလောက်ဖြစ်နေပြီလို့ အိန္ဒိယနိုင်ငံရဲ့သတင်းတွေက ဖော်ပြပါတယ်။

အဲဒီလမ်းမကြီးဟာ စစ်ကိုင်းတိုင်း၊ တမူးမြို့ကနေ ကလေးဝမြို့နယ်၊ အဲဒီကနေတဆင့် ကလေးဝ -ယာကြီး လမ်းပေါ်မှာရှိတဲ့ မင်းကင်း၊ ကနီဒေသတွေကိုဖြတ်ပြီး မုံရွာကနေတဆင့် ၊ မိတ္ထီလာ၊ တောင်ငူ၊နေပြည်တော်ကနေ ကရင် ပြည်နယ်၊ မြဝတီနယ်စပ်မြို့အထိ ချိတ်ဆက်ထားတဲ့ အိန္ဒိယရဲ့စီးပွားရေးအချက်အချာစီမံကိန်းကြီးတစ်ခု ဖြစ်ပါ တယ်။

၂၀၂၃ ခုနှစ်နှစ်ဆန်းပိုင်းကတည်းက အဲဒီလမ်းမကြီးဖြတ်သန်းသွားလာရာဒေသတွေမှာ စစ်ကောင်စီနဲ့တော်လှန်ရေးတပ်တွေကြား လက်နက်ကိုင်တိုက်ပွဲတွေပြင်းထန်လာတဲ့အတွက် အိန္ဒိယဗဟိုအစိုးရကနယ်မြေလုံခြုံရေးနဲ့ ပတ်သက်ပြီး စစ်ကောင်စီကို ဖိအားပေးခဲ့တာတွေ ရှိခဲ့ပါတယ်။

အိန္ဒိယနဲ့ မြန်မာဟာ ကီလိုမီတာ ၁၇၀၀ (၁၀၅၆ မိုင်) နယ်စပ်ချင်းထိနေတာကြောင့်မြန်မာပြည်ဘက်ခြမ်းမှာ တစ်စုံတစ်ရာဖြစ်ပျက်ပြီဆိုရင်လည်း အိန္ဒိယရဲ့နယ်စပ်ဒေသတွေအပေါ်တိုက်ရိုက်ရိုက်ခတ်သက်ရောက်မှာ ဖြစ် တယ်လို့ အိန္ဒိယအစိုးရက ထုတ်ပြန်ခဲ့ဖူးပါတယ်။

တကယ်တော့ မြန်မာပြည်အနောက်မြောက်ဖျားဒေသတွေမှာ လက်နက်ကိုင်တိုက်ပွဲတွေအရှိန်တက်လာတဲ့အပေါ် အိန္ဒိယဘက်ကစိုးရိမ်နေတာ ၂၀၂၃ ခုနှစ်အစပိုင်းကတည်းကပါပဲ။

၂၀၂၃ ခုနှစ် ဇွန်လ ၃၀ နဲ့ ဇူလိုင် ၁ ရက်မှာ အိန္ဒိယနိုင်ငံ ကာကွယ်ရေးအတွင်းဝန် မစ္စတာ အရာမနီမြန်မာနိုင်ငံကို လာရောက်ခဲ့ပြီး ၂ နိုင်ငံနယ်စပ်ဒေသအရေးနဲ့ မြန်မာနိုင်ငံနဲ့နယ်နိမိတ်ချင်းထိစပ်နေတဲ့ဒေသတွေမှာ ပေါ်ပေါက်နေ တဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီခေါင်းဆောင်တွေနဲ့ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

ကုန်သွယ်ရေးလမ်းမကြီးနဲ့ အနီးတဝိုက် နယ်မြေလုံခြုံရေးအတွက် စစ်ကောင်စီကနယ်ခြားစောင့်တပ်တွေ၊ ဗျူဟာတပ်ရင်းတွေ အထိုင်ချကာကွယ်ထားခဲ့ပေမယ့် တမူးနဲ့ကလေးမြို့အကြားက ခါမ်းပတ်မြို့ကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၇ ရက်မှာ တမူးခရိုင် တပ်ရင်း – ၂၊စစ်ဒေသအထူးတပ်ရင်း ၂၊ အမှတ် – ၁ စစ်ဒေသလက်နက်ကြီးအဖွဲ့၊ ရှေ့တန်းကွပ်ကဲရေးအဖွဲ့အပြင်ချင်းတော်လှန်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ CNDF၊ TDA၊ RCDF သာမက ကူကီးအဖွဲ့ (KNA-Burma)တွေကသိမ်းပိုက်နိုင်ခဲ့ပါတယ်။

ခါမ်းပတ်မြို့ဟာ တမူး – ကလေးကားလမ်းမကြီးပေါ်မှာရှိနေပြီး ၂၀၂၂ ခုနှစ်နှစ်ကုန်ပိုင်းမှာရုရှားနိုင်ငံက စစ်လက် နက်ပစ္စည်းတွေသယ်ဆောင်ရာမှာ အိန္ဒိယနယ်စပ်တမူးမြို့ကနေတဆင့် တမူး -ကလေး ကားလမ်းမကြီးကိုအသုံး ပြုပြီး စစ်ကောင်စီက သယ်ယူပို့ဆောင်တာမျိုးရှိတယ်လို့ကာကွယ်ရေးတပ်ဖွဲ့တွေကပြောဆိုထားပေမယ့် အိန္ဒိယ အစိုးရဘက်ကတော့ ဝန်ခံခဲ့တာမျိုး မရှိခဲ့ပါဘူး။

အိန္ဒိယရဲ့‌ကုန်သွယ်ရေးလမ်းမကြီးကို အကာအကွယ်ပေးနိုင်ဖို့ စစ်ကောင်စီကမဆုတ်တမ်းခံစစ်စခန်းတွေကအစ ပြင်ဆင်ထားခဲ့ပေမယ့် လက်ရှိမှာတော့ တော်လှန်ရေးတပ်ဖွဲ့တွေကတစ်စထက်တစ်စ နယ်မြေထိန်းချုပ်မှု ပိုအားကောင်းလာနေပါတယ်။

နယ်စပ်ကုန်သွယ်ရေးအတွက် အဓိကမြို့တစ်မြို့ဖြစ်တဲ့ ရိ‌ခေါဒါရ်မြို့ကိုလည်းချင်းကာကွယ်ရေးတပ်တွေက ပြီးခဲ့ တဲ့ နိုဝင်ဘာ ၁၃ရက်မှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီးနယ်စပ်တံတားမှာ ချင်းအမျိုးသားအလံကို လွှင့်ထူနိုင်ခဲ့ပါ တယ်။

အာဏာသိမ်းမှုအလွန် ကာလတစ်လျှောက်လုံး အိန္ဒိယအစိုးရဟာ သူ့ရဲ့အကျိုးစီးပွားတွေအတွက်မြန်မာစစ်ကောင်စီနဲ့သာ တိုက်ရိုက်ဆက်ဆံမှု‌တွေ လုပ်ဆောင်ခဲ့တာဖြစ်ပြီး လက်ရှိပြောင်းလဲလာတဲ့အခင်းအကျင်းအရ တော်လှန်ရေးအင်အားစုတွေနဲ့ မဖြစ်မနေ ထိတွေ့ဆက်ဆံရတော့မယ့်ပုံပေါ်နေပါတယ်။

မြန်မာနိုင်ငံကိုလာရောက်ခဲ့သည့် အိန္ဒိယ ကာကွယ်ရေးဝန်ကြီးဌာနအတွင်းဝန် ဂရီဒါ အရာမနီ(Giridhar Aramane)။
မြန်မာနိုင်ငံကိုလာရောက်ခဲ့သည့် အိန္ဒိယ ကာကွယ်ရေးဝန်ကြီးဌာနအတွင်းဝန် ဂရီဒါ အရာမနီ
(Giridhar Aramane)။

”၁၀၂၇ စစ်ဆင်ရေး” နဲ့ တရုတ်သောက
********************

၂၀၂ ၃ခုနှစ် အောက်တိုဘာ ၂၇ ရက်က စတင်ခဲ့တဲ့ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ရဲ့ ”၁၀၂၇ စစ်ဆင်ရေး” ကစစ်ကောင်စီအတွက်သာမကဘဲ တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားကိုလည်း များစွာထိခိုက်စေခဲ့ပါတယ်။

”၁၀၂၇ စစ်ဆင်ရေး” ၃ လတာကာလအတွင်း စစ်ကောင်စီက မြို့ပေါင်း ၁၇ မြို့အပါအဝင် ဗျူဟာကုန်း၊လုံခြုံရေး စခန်းကြီးငယ် စုစုပေါင်း ၃၀၀ ကျော်အထိ လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့အပြင် တရုတ်နိုင်ငံနဲ့ထိစပ်နေတဲ့ ချင်းရွှေဟော်၊ ကုန်းကြမ်း၊ ပန်ဆိုင်း၊ မုံးကိုးမြို့တွေကိုလည်းမြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် – MNDAA က ထိန်းချုပ်ထားနိုင်ခဲ့ပြီးတရုတ်နယ်စပ်တစ်ခုလုံးကို စစ်ကောင်စီက စွန့်လွှတ်ခဲ့ရပါတယ်။

၂၀၂၃ ခုနှစ် ဧပြီလကနေ အောက်တိုဘာလအထိ ၇ လအတွင်း အမေရိကန်ဒေါ်လာ သန်း ၇၀၀ ကျော်ကုန်သွယ်ခဲ့ တဲ့ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးဟာလည်း ခုချိန်အထိ ရပ်တန့်သွားတာကြောင့်တရုတ်နိုင်ငံအတွက် မျက်ခုံးလှုပ်စရာ ဖြစ်လာပါတော့တယ်။

ဒါ့အပြင် တရုတ်-မြန်မာကုန်သွယ်ရေးအချက်ချာမြို့တစ်မြို့ဖြစ်တဲ့ မူဆယ်မြို့ရဲ့ တစ်ဖက်ကမ်းနမ့်ခမ်းမြို့ကိုလည်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် – TNLA က ထိန်းချုပ်နိုင်ခဲ့ပြီးမူဆယ်ကုန်သွယ်ရေးကလည်း ရပ်တန့်သွားပါတယ်။

စစ်ကောင်စီက ထုတ်ပြန်ထားတဲ့ စာရင်းအရ မူဆယ်နဲ့ ချင်းရွှေဟော် နှစ်ခုပေါင်း ကုန်သွယ်မှုပမာဏဟာကန်ဒေါ်လာ ၂.၁၈၆ ဘီလီယံ ရှိပြီး၊ မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး စုစုပေါင်းရဲ့ ၉၅.၂၉ရာခိုင်နှုန်းကျော်အထိ ရှိနေပါတယ်။

ညီနောင်မဟာမိတ်တပ်ဖွဲ့များသိမ်းပိုက်နိုင်ခဲ့သည့် စစ်ကောင်စီလက်နက်များ။ (ဓာတ်ပုံ -MNDAA)
ညီနောင်မဟာမိတ်တပ်ဖွဲ့များသိမ်းပိုက်နိုင်ခဲ့သည့် စစ်ကောင်စီလက်နက်များ။ (ဓာတ်ပုံ –
MNDAA)

တရုတ်နဲ့ အိန္ဒိယရဲ့ပြောင်းလဲမှုလမ်းစ
********************

၂၀၂၁ ဖေဖော်ဝါရီလ အာဏာသိမ်းချိန်ကနေစလို့ တရုတ်နိုင်ငံက မြန်မာ့အရေးကိုပြည်တွင်းရေးအဖြစ်သာ ရှုမြင် တယ်ဆိုတဲ့ တရုတ်အစိုးရရဲ့သဘောထားကိုပေါ်ပေါ်ထင်ထင်ပြသခဲ့ပါတယ်။ ဒါကြောင့်လည်း ဝင်ရောက်စွက်ဖက် တာမျိုးမလုပ်ခဲ့သလိုကုသမဂ္ဂအစည်းအဝေးတွေမှာလည်း ကြားနေအဖြစ်သာရပ်တည်ခဲ့ပြီး မြန်မာစစ်ကောင်စီကိုအသက်ရှုချောင်စေခဲ့ပါတယ်။

ဒေါ်လာဘီလီယံချီရှိနေတဲ့ တရုတ် – မြန်မာနယ်စပ်ကုန်သွယ်ရေးရဲ့တံခါးဝကို ညီနောင်မဟာမိတ် ၃ ဖွဲ့ကထိန်းချုပ်ထားနိုင်တဲ့နောက်ပိုင်းမှာတော့ တရုတ်နိုင်ငံက မြန်မာ့အရေးမှာတရားဝင်ဝင်ရောက်စွက်ဖက်လာပါ တော့တယ်။

”၁၀၂၇ စစ်ဆင်ရေး” ကာလတစ်လျှောက်လုံး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ကိုယ်စားလှယ်တွေ၊သံအမတ်တွေ စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်ကို ချောင်းပေါက်မတတ်လာရောက်ဆွေးနွေးခဲ့တဲ့အတွက် နယ်စပ်လုံခြုံ ရေးပြဿနာအပေါ်ထားရှိတဲ့ တရုတ်ရဲ့သောကကိုသိသာထင်ရှားလာစေခဲ့ပါတယ်။

တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်ပေးမှုနဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့နဲ့ စစ်ကောင်စီကြား တရုတ်မြေပေါ်မှာဆွေးနွေးပွဲ ၃ ကြိမ်တိုင်တိုင်ပြုလုပ်ခဲ့ပြီးနောက် နောက်ဆုံးအကြိမ်မှာ အပစ်အခတ်ရပ်တဲ့သဘောတူညီချက်တစ်ခု ရရှိခဲ့ပါတယ်။

တရုတ်နိုင်ငံဟာ သူတို့အကျိုးစီးပွားကိုထိခိုက်လာမယ်ဆိုရင် စစ်ကောင်စီဘက်ကိုသာမကတော်လှန်ရေးအင်အား စုတွေနဲ့ပါ ဆွေးနွေးမှုတွေပြုလုပ်ဖို့ နှောင့်နှေးနေမှာမဟုတ်ဘူးလို့ကောက်ချက်ချနိုင်ပါတယ်။

ညီနောင်မဟာမိတ် ၃ ဖွဲ့ကလည်း တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားတွေကို ကာကွယ်သွားမယ်လို့ ”၁၀၂၇စစ်ဆင်ရေး ”မစတင်ခင် ၂၀၂၃ ခုနှစ် နှစ်လယ်ပိုင်းကတည်းက သဘောထားထုတ်ပြန်ခဲ့ဖူးပါတယ်။ လက်ရှိမှာလည်း တရုတ်-မြန်မာကုန်သွယ်ရေးရဲ့ ၉၅ ရာခိုင်နှုန်းကျော်က ညီနောင်မဟာမိတ် ၃ ဖွဲ့လက်ထဲရှိနေတဲ့အတွက် နယ်စပ်ကုန်သွယ်ရေးအတွက် စစ်ကောင်စီကို တရုတ်က ဖယ်ချန်လာနိုင်ခြေ
မြင့်တက်နေပါတယ်။

အဲဒီလိုပဲ အိန္ဒိယကုန်းတွင်းပိတ်ပြည်နယ်တွေရဲ့ စီးပွားရေးထွက်ပေါက် ကုလားတန်စီမံကိန်းတည်ရှိရာဒေသတွေ မှာလည်း ရက္ခိုင့်တပ်တော် AAရဲ့ ထိုးစစ်တွေကို အလူးအလဲခံနေရတဲ့ စစ်ကောင်စီအနေနဲ့ထိန်းချုပ်နယ်မြေတွေ စွန့်လွှတ်ခဲ့ရပါတယ်။

ပလက်ဝမြို့ကို AA ဒီဇင်ဘာ ၆ ရက်မှာ သိမ်းပိုက်နိုင်ခဲ့ပြီး ကုလားတန်မြစ်ကြောင်းတစ်လျှောက်တိုက်ပွဲတွေမှာ လည်း စစ်ကောင်စီက အသာရမနေခဲ့ပါဘူး။ ဒါကြောင့်လည်း အခုနှစ် ဇန်နဝါရီပထမအပတ်မှာ အိန္ဒိယသံအမတ်က စစ်ကောင်စီတာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပြီးနယ်စပ်လုံခြုံရေးပြဿနာနဲ့ပတ်သက်တဲ့ ဖိအား ပေးမှုတွေရှိခဲ့တယ်လို့ အိန္ဒိယသတင်းစာတွေမှာဖော်ပြခဲ့ကြပါတယ်။

အဲဒီနောက်ပိုင်း ရခိုင်ဒေသတိုက်ပွဲတွေမှာ စစ်ကောင်စီဟာ ကြည်း၊ ရေ၊ လေ သုံးခုပေါင်းပြီးတန်ပြန်ထိုးစစ် အကြီးအကျယ်ဆင်နေပေမယ့် ရက္ခိုင့်တပ်တော်ရဲ့ ထိုးစစ်ကိုဟန့်တားနိုင်ဖို့အလှမ်းဝေးကွာနေဆဲပါပဲ။

အိန္ဒိယရဲ့ ကုလားတန်စီမံကိန်းကလည်း အလုံးစုံပြီးစီးနေပြီဖြစ်တဲ့အတွက် စစ်တွေဆိပ်ကမ်းမှာကုန်တင်သင်္ဘောတွေ ဆိုက်ကပ်နိုင်နေပါပြီ။ အဲဒါကြောင့် စီမံကိန်းတည်ရှိရာဒေသတွေမှာနယ်မြေစိုးမိုးမှုပိုအားကောင်းလာတဲ့ ရက္ခိုင့်တပ်တော်နဲ့ အိန္ဒိယရဲ့ဆက်ဆံရေးက
ပိုပြီးကောင်းမွန်လာနိုင်ခြေ မြင့်တက်နေပါတယ်။

အကျိုးစီးပွားဗဟိုပြုတဲ့ တရုတ်ပေကျင်းအစိုးရနဲ့ အိန္ဒိယနယူးဒေလီအစိုးရ ၂ ရပ်အနေနဲ့ စစ်ကောင်စီတစ်ခုတည်းကိုပဲ အစဉ်တစိုက်အသိအမှတ်ပြု ဆက်ဆံလာခဲ့တဲ့မူဝါဒဟာ ၂၀၂၄ ခုနှစ် မြန်မာ့အခင်းအကျင်း အသစ်မှာ အလုပ်ဖြစ်ပါ့မလားဆိုတာ ပြန်လည် စဉ်းစားရမယ့် အချိန်တစ်ခုကိုရောက်နေပါပြီ။

ဘာကြောင့်လဲဆိုတော့ သူတို့နိုင်ငံတွေရဲ့ အကျိုးစီးပွားနယ်မြေတွေဟာ တော်လှန်ရေးအင်အားစုတွေရဲ့ လက်ထဲ တစ်စိတ်တစ်ဒေသကျရောက်သွားလို့ပါပဲ။

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleနွေဦးတော်လှန်ရေးအတွင်းက အသက်ဝင်နေဆဲ ကရင့်ဖက်ဒရယ်အိပ်မက်
Next Article ထန်းတပင်မြို့နယ်တွင် တိုက်ပွဲများပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်
thanlwinkhet
  • Website

Related Posts

ခရစ္စမတ်နှင့် ဝေးကွာနေဆဲ လေးကေ့ကော်စစ်ရှောင်များ

December 26, 2025

သောင်ရင်းမြစ်တစ်ဖက်ကမ်းက တည်ဆောက်နေဆဲ တရုတ်စီမံကိန်းများ (ဆောင်းပါး)

December 26, 2025

ပျက်စီးသွားသော ငြိမ်းချမ်းရေးသင်္ကေတနှင့် အိမ်ပြန်ချိန်ဝေးနေဆဲ လေးကေ့ကော် (၄) နှစ်တာ

December 17, 2025

Leave A Reply Cancel Reply

Recent Posts

  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

ယခင်သတင်းများ

  • December 2025
  • November 2025
  • October 2025
  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ထုတ်ပြန်ချက်
  • ဓာတ်ပုံသတင်း
  • နယ်စပ်သတင်း
  • နိုင်ငံတကာသတင်း
  • နိုင်ငံရေးသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • ရွေးကောက်ပွဲသတင်း
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

December 31, 2025

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

December 31, 2025

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

December 31, 2025

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

December 31, 2025

ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

December 31, 2025

ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး

December 30, 2025
Copyright © 2026. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.