![]()
ကောင်းချစ်အောင် မေ ၂၂၊ ၂၀၂၃။ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ထန်းပင်ကုန်းကျေးရွာနှင့် ကျောက်တံတားကျေးရွာကြား မန္တလေး-မတ္တရာ ကားလမ်းပေါ်တွင် စစ်ကောင်စီယာဉ်တန်းအား ယမန်နေ့နံနက်၁၀နာရီခန့်က မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု မြို့ပြပြောက်ကျားအဖွဲ့များထံမှ သိရသည်။ မန္တလေးမြို့ဘက်မှ မတ္တရာမြို့ဘက်သို့ မောင်းနှင်လာသည့် အဆိုပါယာဉ်တန်းတွင် ကိုးစီးပါဝင်ပြီး ရှေ့ထွက်မိုင်းသုံးလုံးဖြင့် စနစ်တကျဖောက်ခွဲခဲ့သည်ဟု မြနန္ဒာစစ်ဆင်ရေး(မန္တလေး) အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက သံလွင်ခက်ကိုပြောသည်။…