သံလွင်ခက်
မေ၂၅၊ ၂၀၂၃။
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် (၆) တွင် ယနေ့မွန်းလွှဲ ၁၂ ခွဲခန့်က အမျိုးသားတစ်ဦး အပစ်ခံရပြီး သေဆုံးသွားသည်ဟု ဒေသခံများထံက သိရသည်။
စီတာပူရပ်ကွက် ကုန်တင်၊ ကုန်ချ သိုလှောင်ရုံလမ်းပေါ် ဆွတ်ဂင်ဒိုင် တည်းခိုခန်းအနီးအပစ်ခံရပြီး သေဆုံးခဲ့သည်ဟု မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက သံလွင်ခက်ကို ပြောသည်။
“နားထဲကို တေ့ပစ်သွားတာ။ ကျည်က ဖောက်ထွက်ပြီး မျက်လုံးက ထွက်တော့မလို ဖြစ်နေတယ်” ဟု၎င်းကပြောသည်။
အပစ်ခံရသူ အမျိုးသားသည် အသက် ၂၀ ကျော်ဝန်းကျင်ရှိပြီး ယခုအခါ မြစ်ကြီးနားဆေးရုံကြီး၏ ရင်ခွဲရုံသို့ပို့ဆောင်ထားသည်ဟု ၎င်းက ဆက်ပြောသည်။
အပစ်ခံရသည့် အသေးစိတ် အခြေနေများကို သံလွင်ခက်က ဆက်လက် စုံစမ်းနေဆဲဖြစ်သည်။
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် စစ်အာဏာသိမ်းပြီးနောက် မြို့တွင်းတွင် မကြာခဏ မိုင်းပေါက်ကွဲမှုနှင့်ပစ်ခတ်မှုများ ဖြစ်ပွားလျှက်ရှိသည်ဟု ဒေသခံများထံက သိရသည်။
Photo Crd–မြစ်ကြီးနားမြို့မြင်ကွင်း ။
***********
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1194
YouTube -> https://youtu.be/Fuwj7S3m10U
Website -> https://thanlwinkhet.net/?p=4583
Website ->https://eng.thanlwinkhet.net