ယမင်းဖူးပွင့်အောင်
မေ ၂၅၊ ၂၀၂၃။
မကွေးတိုင်း၊ မင်းလှမြို့နယ်တွင် စစ်ဘက်ရေးရာလုံခြုံရေးအဖွဲ့ဝင် ဒုတပ်ကြပ်တစ်ဦးနှင့် စစ်ကောင်စီလက်အောက်ခံ ပျူစောထီးနှစ်ဦး အပစ်ခံရပြီး သေဆုံးခဲ့သည်ဟု ဒေသခံများထံက သိရသည်။
မေလ ၁၉ ရက်နေ့က မင်းလှမြို့နယ်၊ မီးလောင်ကုန်းကျေးရွာ ပျူစောထီးခေါင်းဆောင် တစ်ဦး၊ မေလ ၂၃ ရက်နေ့က မဒိုင်းကျေးရွာမှ ပျူစောထီးခေါင်းဆောင် တစ်ဦးနှင့် ၊ မေလ ၂၂ ရက်နေ့တွင် စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့ဝင် ဒုတပ်ကြပ် တစ်ဦး အပစ်ခံခဲ့ရခြင်းဖြစ်သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။
အရပ်သားအသွင်ယူ၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကို လိုက်လံစုံစမ်းနေသော စအဖ (စစ်ဖက်ရေးရာလုံခြုံရေးအဖွဲ့ဝင်) ဒုတပ်ကြပ်ကို မင်းလှပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးထိန်းသိမ်းထားစဉ်သေနတ်လုယူထွက်ပြေးသောကြောင့် ပစ်ခဲ့ရခြင်းဖြစ်သည်ဟု အထက်မင်းလှပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက သံလွင်ခက်ကိုပြောသည်။
“သူ့အိတ်ထဲက စစ်သုံးမြေပုံနဲ့ ဆက်သွယ်ရေး လျှို့ဝှက် စာအုပ် ၁၆ အုပ်တွေ့တယ်။ သူ့ကို ကောင်းကောင်းမွန်မွန်ထားပါတယ်။ အစာရော ရေရောပေးတယ်။ အချုပ်ခန်းမရှိသေး တော့ ကြိုးတော့တုပ်ထားရတာပေါ့။ လူသားချင်းစာနာပြီး ထမင်းစားဖို့ ကြိုးဖြည်ပေးတဲ့အချိန် လက်နက်လုပြီး ပြေးဖို့လုပ်လို့ ပစ်လိုက်ရတယ်” ဟု ၎င်းကပြောသည်။
ပျူစောထီး ခေါင်းဆောင် နှစ်ဦးသည် တော်လှန်ရေးအင်အားစုများကို လိုက်လံစုံစမ်းခြင်း၊ ထောင်ထွက်များနှင့်ရာဇဝတ်သားများကို စုဖွဲ့၍ အကြမ်းဖက်လုပ်ရပ်များလုပ်ဆောင်ကာ
စစ်ကြောင်းများတွင် လမ်းပြအဖြစ်ဆောင်ရွက်နေသည့်အတွက် ပစ်ခဲ့ရခြင်းဖြစ်သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။
ထို့ပြင် အဆိုပါ ပျူးစောထီးခေါင်းဆောင် နှစ်ဦးသည် စစ်ဖက်ရေးရာလုံခြုံရေးအဖွဲ့ဝင်များနှင့်လည်း တိုက်ရိုက်ဆက်သွယ်ဆောင်ရွက်မှုများရှိနေသည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကသည်။
အာဏာသိမ်းပြီးနောက်ပိုင်း ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူများနှင့် စစ်တပ်ဆန့်ကျင်သူများကို စစ်ဘက်ရေးရာထောက်လှမ်းရေးအဖွဲ့များက အသေးစိတ် စုံးစမ်းထောက်လှမ်း မှုများဆောင်ရွက်နေသည်ဟု လေ့လာသူများကပြုသည်။
လွန်ခဲ့သည့် မေလ ၂၂ ရက်နေ့ကလည်း အထက်မင်းလှမြို့နယ် မီးလောင်ကုန်းအုပ်စု အတွင်းသို့ အင်အား (၃၀၀) ဝန်းကျင်ခန့်ဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာသော စစ်ကောင်စီစစ်ကြောင်းကို မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များကမိုင်းဆွဲတိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးခန့်သေဆုံးခဲ့သည်။
ပုံစာ– အာဆီယံ တပ်မတော်ထောက်လှမ်းရေးမှူးချုပ်အစည်းအဝေးတွင်တွေ့ရသည့် မြန်မာစစ်ဘက်ရေးရာထောက်လှမ်းရေးခေါင်းဆောင်များမြင်ကွင်း။
Photo-CINCDS
***********
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1190
YouTube -> https://youtu.be/Fuwj7S3m10U
Website -> https://thanlwinkhet.net/?p=4577
Website ->https://eng.thanlwinkhet.net