မိခိုင် ဒီဇင်ဘာ ၁၉ ၊ ၂၀၂၃။ ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် AA တို့ ယမန်နေ့ နံနက်ပိုင်းတွင် မြို့မစျေးကြီး၊ သိမ်တောင်တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရသည်။ စစ်ကောင်စီက ဂျက်လေယာဥ်ဖြင့် လာရောက်ပစ်ခတ်ခဲ့သည့်အတွက် မြို့ခံများ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေကြရကြောင်း ဒေသခံ ၁ ဦးက ဆိုသည်။…