စစ်ကောင်စီထိုးစစ်ကြောင့် TNLA နယ်မြေအတွင်းတိုက်ပွဲဆက်ဖြစ်
*************************
(သည်းခံနေ၍သာ တိုက်ပွဲမကျယ်ပြန့်ခြင်းဟု ညီနောင် ၃ဖွဲ့ သတိပေး)
ယမင်းဖူးပွင့်အောင်
ဇန်နဝါရီ ၂၃ ၊ ၂၀၂၄။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီထားသော်လည်း စစ်ကောင်စီတပ်များက ထိုးစစ်ဆင်လာသောကြောင့် တအာင်းအမျိုးသားလွတ် မြောက်ရေးတပ်မတော်နယ်မြေအတွင်း တိုက်ပွဲဆက်
လက် ဖြစ်ပွားခဲ့သည်ဟု ညီနောင်မဟာမိတ် ၃ ဖွဲ့က ယမန် နေ့တွင် ထုတ်ပြန်သည် ။
စစ်ကောင်စီသည် ဟိုင်ဂင်သဘောတူညီမှု( ရှမ်းမြောက်၌ နှစ်ဖက်အပစ်ရပ်စာချုပ်) များကို ကျိုးပျက်စေလိုသော ကြောင့် ရည်ရွယ်ချက်ရှိရှိဖြင့် တမင်တကာရန်စမှုများ ပြုလုပ်နေသော်လည်း မိမိတို့က သည်းခံနေ၍သာ တိုက် ပွဲများ ကျယ်ပြန့်မသွားခြင်းဖြစ်သည်ဟု ညီနောင်မဟာ မိတ် ၃ ဖွဲ့က ထုတ်ပြန်ချက်တွင် သတိပေးဖော်ပြထား သည် ။
ရှမ်းမြောက်ဒေသတွင် ညီနောင်မဟာမိတ် ၃ ဖွဲ့ဘက်က စတင်ထိုးစစ်ဆင်ခြင်းများ မရှိခဲ့သော်လည်း စစ်ကောင်စီသည် လေကြောင်းက လာရောက်တိုက်ခိုက်ခြင်းများအပြင် မြေပြင်ကလည်း အလစ်အငိုက်ထိုးစစ်များပါ ပြု လုပ်ခဲ့သောကြောင့် နှစ်ဖက်တိုက်ပွဲများသည် တအာင်းဒေသအတွင်း ဖြစ်ပွားခဲ့သည်ဟုဆိုသည် ။
စစ်ကောင်စီသည် ယမန်နေ့ နေ့လယ် ၁ နာရီကျော်အချိန်တွင် တအာင်းတပ်မဟာ ၂ စစ်ဒေသ၊ မိုးကုတ်မြို့နယ်၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် – TNLA ရှိရာ မိုးကုတ်နှင့် မိုးမိတ်ကြား (၉) မိုင်နှင့် လွယ်ဆာကုန်းကျေးရွာအနီးဝိုက်ကို ဂျက်ဖိုက်တာဖြင့် ၁ ကြိမ်၊ ATR – 42 လေယာဉ်ဖြင့် ၁ ကြိမ် လာရောက်၍ ဗုံး ၁၀ လုံးတိတိ ပစ်ချတိုက်ခိုက်ခဲ့သည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၂၁ ရက်ကလည်း TNLA ရှိရာ မိုးကုတ်နှင့် မိုးမိတ်ကြား (၈) မိုင်ကို စစ်ကောင်စီဘက်က “ဟိုင်ဂင်သဘောတူညီမှု” ကို ချိုးဖောက်၍ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သဖြင့် နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ၏ သေနတ် ၄ လက်ကို TNLA ကသိမ်း ဆည်းရမိခဲ့သည်။
စစ်ကောင်စီနှင့် ညီနောင်မဟာမိတ် ၃ ဖွဲ့တို့ ပြီးခဲ့သည့် ဇန်နဝါရီလ ၁၁ ရက်က အပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးပြီးနောက် စစ်ကောင်စီက သဘောတူညီချက်များကို ပေါ်ပေါ်တင်တင်ချိုးဖောက်ကာ တိုက်ခိုက်မှုများပြု လုပ်နေသည်ဟုလည်း ညီနောင်မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ထားသည်။
ဓာတ်ပုံ-PSLF\TNLA
*********
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3054
YouTube- > https://youtu.be/SpxIBpTYop8
Website _> https://thanlwinkhet.net/?p=7099