လက်နက်၊ခဲယမ်းများအပ်နှံဖို့ တင်းကြပ်စည်းကမ်းများ MNDAA ထုတ်ပြန်
******************
ယမင်းဖူးပွင့်အောင်
ဇန်နဝါရီ ၁၄၊ ၂၀၂၄။
ကိုးကန့်ဒေသတွင်း ပုဂ္ဂလိကပိုင်လက်နက်ကိုင်ဆောင်ထားသူများ လက်နက်၊ ခဲယမ်းများ လာရောက်အပ်နှံကြရန်အပါအဝင် လက်နက်ခဲယမ်းထိန်းသိမ်းရေးစည်း
ကမ်း ကို MNDAA ကထုတ်ပြန်လိုက်သည် ။
ပုဂ္ဂလိကဝယ်ယူခြင်း သို့မဟုတ် ကိုးကန့်ရုပ်သေးအဖွဲ့အုပ်ချုပ်စဉ်အချိန်တွင် ထုတ်ပေးထားသော လက်နက် ကြီး၊ လက်နက်ငယ်နှင့် ခဲယမ်းများကို မိမိတို့အဖွဲ့အစည်းထံ ကိုယ့်အသိစိတ်ဖြင့် ရှိသမျှအားလုံး လာရောက်အပ်နှံရမည်ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။
အဆိုပါ လက်နက်၊ ခဲယမ်းများကို၂၀၂၄ ခုနှစ် ဖေဖော်ဝါ ရီလ ၅ ရက်နေ့မတိုင်မီ လာရောက်အပ်နှံရမည်ဖြစ်ပြီး သတ်မှတ်ကာလအတွင်း လာရောက်အပ်နှံခြင်းမရှိပါက ပုန်းဝှက်ထားသောလက်နက်ခဲယမ်းအဖြစ်မှတ်ယူကာ ဥပဒေနှင့်အညီအရေးယူမည်ဟု ဆိုသည်။
အထူးဒေသအတွင်းရှိ စစ်သားနှင့် အရပ်သားအချင်း ချင်း ကြား လက်နက်ခဲယမ်းရောင်းဝယ်ခြင်း လုံးဝမပြု လုပ်ရဘဲ တွေ့ရှိပါက ပြင်းပြင်းထန်ထန်အရေးယူမည်ဟု သတိပေးထားသည်။
လွတ်မြောက်နယ်မြေအတွင်း နေအိမ်ဆောက်လုပ်ခြင်း ၊ မြေယာရောင်းဝယ်ခြင်းနှင့် ဟိုတယ်လွှဲပြောင်းခြင်းများ ရပ်ဆိုင်းထားရေး စည်းကမ်းချက်များအပါအဝင် မြေ၊ အိမ်ရောင်းဝယ်ခြင်းနှင့်ငှားရမ်းခြင်းဆိုင်ရာ ယာယီစီမံခန့်ခွဲမှု စည်းကမ်းသတ်မှတ်ချက်များကိုလည်း ယခု ဇန်နဝါရီလ ၁၉ ရက်၊ နေ့စွဲဖြင့် MNDAA က ထုတ်ပြန်ထားသည်။
ဓာတ်ပုံ-The Kokang
*********
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3128
YouTube- > https://youtu.be/SpxIBpTYop8
Website _> https://thanlwinkhet.net/?p=7231