စစ်ကောင်စီတပ်ရင်းအလိုက်ဘက်ပြောင်းမှု မကြာမီလာတော့မည်ဟု KNDF ထုတ်ပြန်
****************
ကောင်းချစ်အောင်
ဇန်နဝါရီ ၂၄ ၊ ၂၀၂၄။
ကရင်နီပြည်ရှိမြို့နယ်အချို့တွင် စစ်ကောင်စီတပ်ရင်းအလိုက်ဘက်ပြောင်းမှုများ မကြာခင် အကောင်အထည်ဖော် နိုင်တော့မည် ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ် – KNDF က ထုတ်ပြန်ထားသည်။
၂၀၂၁ ခုနှစ် နှစ်လယ်ပိုင်းကတည်းက ကရင်နီပြည်သို့ရောက်ရှိနေသည့် တပ်မ ၅၅၊ ၆၆ တပ်များသည် ကရင်နီ တော်လှန်ရေးပူးပေါင်းတပ်များ၏တန်ပြန်ထိုးစစ်ကြောင့် တပ်ရင်းအလိုက်ထိခိုက်သေဆုံးမှုများနှင့် တပ်မဖွဲ့စည်းပုံ ပျက်သည်အထိ အင်အားချည့်နဲ့လာနေပြီဖြစ်သည်ဟုလည်း ဆိုသည်။
ဘက်ပြောင်းရေးနှင့်စပ်လျဉ်းပြီး ကျန်ရှိနေသေးသည့်တပ်ရင်းအချို့ကအရာရှိများနှင့် ကနဦးညှိနှိုင်းသဘောတူညီ မှုများရရှိထားပြီဟုလည်း KNDF ကအသိပေးထားသည်။
ယမန်နှစ် နိုဝင်ဘာ ၁၁ ရက်က စတင်ခဲ့သည့် ၁၁.၁၁ စစ်ဆင်ရေးကာလအတွင်း စစ်ကောင်စီဘက်က လက်နက် ချအညံ့ခံသူများနှင့် အဖမ်းခံရသူ ရာဂဏန်းရှိခဲ့ပြီး အဆိုပါစစ်ကောင်စီတပ်ဖွဲ့များကို စစ်သုံ့ပန်းအဖြစ် နိုင်ငံတကာ ဥပဒေနှင့်အညီ ကောင်းမွန်စွာ ထိန်းသိမ်းထားရှိထားသည်ဟု သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း လွိုင်ကော်တက္ကသိုလ်တွင် အခြေစိုက်ထားသည့် တပ်မ ၆၆ လက်အောက်ခံ ခမရ ၄၂၅ တပ်ရင်း ၁ ရင်းလုံး သေဆုံးခဲ့ပြီး ခမရ ၆ တပ်ဖွဲ့ဝင်များလည်း လက်နက်ချခဲ့ကြသည်။
ဓာတ်ပုံ – KNDF
*********
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3130
YouTube- > https://youtu.be/SpxIBpTYop8
Website _> https://thanlwinkhet.net/?p=7237