• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်
  • ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး
  • စစ်တွေတွင် ရွေးကောက်ပွဲကျင်းပပြီးနောက် လက်နက်ကြီးသံများ ဆက်တိုက်ထွက်ပေါ်
  • ဘက်စုံပိတ်ဆို့မှုကြောင့် စစ်တွေလက်လုပ်လက်စားများ အငတ်ဘေး ရင်ဆိုင်နေရ
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»နေ့စဉ်သတင်း»ဗိုလ်မှူးကြီး စောချစ်သူကို ဒကစ – BGF အဖြစ် ဗိုလ်မှူးချုပ်ရာထူးတိုးမြှင့်ဟု ဝါဒဖြန့်
နေ့စဉ်သတင်း

ဗိုလ်မှူးကြီး စောချစ်သူကို ဒကစ – BGF အဖြစ် ဗိုလ်မှူးချုပ်ရာထူးတိုးမြှင့်ဟု ဝါဒဖြန့်

thanlwinkhetBy thanlwinkhetJanuary 24, 2024No Comments1 Min Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

ဗိုလ်မှူးကြီး စောချစ်သူကို ဒကစ – BGF အဖြစ် ဗိုလ်မှူးချုပ်ရာထူးတိုးမြှင့်ဟု ဝါဒဖြန့်

***********************************

သံလွင်ခက်

ဇန်နဝါရီ ၂၄ ၊ ၂၀၂၄ ။

ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ်များ၏ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး စောချစ်သူကို ဒေသဆိုင်ရာစစ် ဆင်ရေးကွပ်ကဲရေးမှူး (ဒစက – BGF)အဖြစ် ဗိုလ်မှူးချုပ်ရာထူး တိုးမြှင့်ခန့်အပ်လိုက်သည်ဟု စစ်ကောင်စီ ချန်နယ်များတွင် ဝါဒဖြန့်ရေးသားနေကြသည်။

စစ်ကောင်စီ၏ ထိပ်တန်းခေါင်းဆောင် ၁ ဦးဖြစ်သည့် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် ယမန်နေ့ ဇန်နဝါရီ ၂၃ ရက်တွင်  ဘားအံမြို့၌ BGF ခေါင်းဆောင်များနှင့်တွေ့ဆုံပြီးနောက် ရာထူးတိုးပေးလိုက်ခြင်းဖြစ်သည်ဟု ဖော်ပြ ကြသည် ။

” သတင်းက တပ်ထောက်လှမ်းရေးဂရုတွေထဲမှာဖြန့်တာ ။ အဲ့ဒါကို စစ်တပ်လော်ဘီချန်နယ်တွေက ရေးနေကြတာ ” ဟု စစ်ကောင်စီတပ်အသိုင်းအဝိုင်းများနှင့်နီးစပ်သူ အမျိုးသား ၁ ဦးက ပြောသည် ။

ဗိုလ်မှူးကြီး စောချစ်သူ အားရာထူးတိုးပေးသည့်သတင်းကို စစ်ကောင်စီဝါဒဖြန့်ချန်နယ်များ၊ စစ်တပ်ထောက်ခံသူ များနှင့် BGF ထောက်ခံသူများက ယမန်နေ့ညပိုင်း၌ ကျယ်ကျယ်ပြန့်ပြန့်ဖော်ပြခဲ့ကြသည် ။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ BGF တာဝန်ရှိသူများထံ သံလွင်ခက်က ဖုန်းဖြင့်ဆက်သွယ်နေသော်လည်း ယခင်က ဆက်သွယ်၍ရသောဖုန်းတချို့ပင် ခေါ်ဆိုမရဖြစ်နေသည် ။

” စိုးဝင်းကိုယ်တိုင် ဘားအံမှာလာတွေ့တဲ့ သတင်းကသေချာတယ်။ ရာထူးတိုးပေးတာ မဟုတ်ဘူး “ဟု BGF အရာရှိ ၁ ဦးနှင့် ဆွေမျိုးတော်စပ်သူအမျိုးသမီးကပြောသည် ။

ဗိုလ်မှူးကြီး စောချစ်သူ ဦးဆောင်သည့် BGF တပ်များ စစ်ကောင်စီလက်အောက်က နှုတ်ထွက်ပြီး လစာ၊ ရိက္ခာ များမယူဘဲ သီးခြားရပ်တည်သွားမည်ဟု ထိုင်းသတင်းဌာန Thai PBS က ဇန်နဝါရီ ၂၂ ရက်တွင်ဖော်ပြခဲ့သည် ။

အဆိုပါသတင်းပျံ့နှံ့လာပြီးနောက် စစ်ကောင်စီအကြီးအကဲ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ကိုယ်တိုင် ကရင်ပြည် နယ်၊ ဘားအံမြို့ကိုရောက်လာပြီး ယမန်နေ့တွင် BGF ထိပ်တန်းခေါင်းဆောင်များနှင့်တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

*********

အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။

Telegram – >  https://t.me/newstlk/3127

YouTube- > https://youtu.be/SpxIBpTYop8

Website _> https://thanlwinkhet.net/?p=7227

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleလေယာဥ်ဗုံးစထိမှန် နမ့်ခမ်းဒေသခံ လက်ဖြတ်တောက် ကုသဖို့ အကူအညီလိုအပ်နေ
Next Article လက်နက်၊ခဲယမ်းများအပ်နှံဖို့ တင်းကြပ်စည်းကမ်းများ MNDAA ထုတ်ပြန်
thanlwinkhet
  • Website

Related Posts

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

December 31, 2025

ခရစ္စမတ်နေ့ဆုတောင်းသည့် ဒိုက်ဦးနိုင်ကျဉ်းသူများ ရိုက်နှက်ခံရ

December 29, 2025

ရွေးကောက်ပွဲအကြောင်းပြ ကရင်နီကုန်သွယ်လမ်းများ စစ်ကော်မရှင်ပိတ်

December 28, 2025

Leave A Reply Cancel Reply

Recent Posts

  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

ယခင်သတင်းများ

  • December 2025
  • November 2025
  • October 2025
  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ထုတ်ပြန်ချက်
  • ဓာတ်ပုံသတင်း
  • နယ်စပ်သတင်း
  • နိုင်ငံတကာသတင်း
  • နိုင်ငံရေးသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • ရွေးကောက်ပွဲသတင်း
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

December 31, 2025

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

December 31, 2025

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

December 31, 2025

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

December 31, 2025

ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

December 31, 2025

ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး

December 30, 2025
Copyright © 2026. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.