ယမင်းဖူးပွင့်အောင် ဧပြီ ၇ ၊ ၂၀၂၃။ စစ်ကောင်စီက ကျင်းပရန်ပြင်ဆင်နေသည့် ရွေးကောက်ပွဲကို ဆန့်ကျင်သည့်အနေဖြင့် ရခိုင်ပြည်နယ်တွင် “စစ်ကျွန်သက်တမ်း မရှည်စေဖို့ အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ကြစို့” ဟူသည့် Campaign ခေါင်းစဉ်ဖြင့်လက်ကမ်းစာစောင်များ ထပ်မံဖြန့်ဝေခဲ့သည်ဟု ဦးဆောင်သူများကပြောသည်။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်ရှိ နေရာ ဆယ်ခုနှင့် မင်းပြားမြို့နယ်တွင် ယမန်နေ့က…