မော်ချီးမြို့ရှိ စစ်ကောင်စီတပ်အားလုံး ဖားဆောင်းမြို့သို့ ဆုတ်ခွာသွား
**************
ကောင်းချစ်အောင်
ဇန်နဝါရီ ၂၈၊ ၂၀၂၄။
ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးမြို့ရှိ စစ်ကောင်စီတပ်များအားလုံး ဖားဆောင်းမြို့ကို ဆုတ်ခွာသွားခဲ့သည်ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ထံက သိရသည်။
မော်ချီးမြို့ရှိ စစ်ကောင်စီတပ်စခန်းများ၊ စစ်ဆေးရေးဂိတ်များ၊ စခန်းကုန်းများအားလုံး စွန့်ခွာသွားသောကြောင့် ယမန်နေ့တွင် ကရင်နီတော် လှန်ရေးတပ်များက ဝင်ရောက်ထိန်းချုပ်လိုက်သည်ဟု ဆိုသည်။
ခဲမဖြူ၊ အဖြိုက်နက်၊ ခနောက်စိမ်း သတ္ထုများထွက်ရှိရာ မော်ချီးမြို့သည် လက်ရှိတွင် စစ်ကောင်စီကင်းစင်နယ်မြေဖြစ်သွားပြီဟု KNDF ပြောရေးဆိုခွင့်ရှိသူက သံလွင်ခက်ကိုပြောသည်။
“စစ်ကောင်စီကင်းစင်သွားပြီ ပြောလို့ရတယ်။ စကစတပ်တွေအကုန် ဖားဆောင်းတပ်တွေဆီ ဝင်သွားတာ။ လက်ရှိမှာတော့ နယ်မြေရှင်းလင်းရေးလုပ်နေကြတယ်”ဟု ၎င်းကဆိုသည်။
မော်ချီးမြို့သည် ပြည်နယ်မြို့တော်လွိုင်ကော်၏ တောင်ဘက် ၉၃ မိုင် အကွာတွင်တည်ရှိသည်။
ကရင်နီတော်လှန်ရေးတပ်များသည် လွိုင်ကော်မြို့၏ ၃ ပုံ ၂ ပုံခန့်ကိုလည်း ထိန်းချုပ်ထားနိုင်နေပြီဖြစ်ပြီး အလုံးစုံသိမ်းပိုက်နိုင်ရေးအတွက် တိုက်ပွဲပြင်းထန်လျက်ရှိသည်။
ဓာတ်ပုံ – KNDF
*****************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3169
YouTube – > https://youtu.be/cZ9bsHWX2EU
Website – > https://thanlwinkhet.net/?p=7325