မုန်းမြို့နယ်တိုက်ပွဲ စစ်ကောင်စီတပ် ၇၀ ကျော်သေ၊ ၈၀ နီးပါးဒဏ်ရာရ
*******************************
သံလွင်ခက်
ဇန်နဝါရီ ၂၈ ၊ ၂၀၂၄ ။
မုန်းမြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်စစ်ကြောင်းနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLAဦးဆောင်သောတော်လှန်ရေးပူးပေါင်းစစ်ကြောင်းတို့ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဘက်မှအများအပြား သေဆုံးဒဏ်ရာရရှိခဲ့သည်ဟု KNLA ဗဟိုက ယနေ့တွင် သတင်းထုတ်ပြန်သည် ။
ကရင်အမျိုးသားအစည်းအရုံး ကေအဲန်ယူ၊ ခလယ်လွီထူခရိုင် ၊ တပ်မဟာ (၃) လက်အောက်ခံ တပ်ရင်း(၈) နယ်မြေ မုန်းမြို့နယ် အကြပ်အင်းရွာသို့စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်စစ်ကြောင်းနှင့် KNLA ဦးဆောင်သော ရိုးမပူးပေါင်းစစ်ကြောင်းတပ်ဖွဲ့တို့ ဇန်နဝါရီလ ၂၂ရက်တွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။
အဆိုပါ ရင်ဆိုင်တိုက်ပွဲသည် နံနက် ၅း၃၀ နာရီအချိန်မှညနေ ၅း၃၀နာရီအချိန်အထိ တနေကုန်ပြင်းထန်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ (၇၂) ဦးသေဆုံးကာ (၇၈)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
သေဆုံးသွားသောစစ်ကောင်စီတပ်ဖွဲ့ဝင်များတွင် အင်ဂျင်နီယာတပ်ဖွဲ့များနှင့် ရဲတပ်ဖွဲ့ဝင်များအများဆုံးပါဝင်သည်ဟု KNLA ဗဟိုကသတင်းထုတ်ပြန်သည် ။
*****************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3177
YouTube – > https://youtu.be/cZ9bsHWX2EU
Website – > https://thanlwinkhet.net/?p=7336