ရခိုင်နဲ့ အိန္ဒိယအတွက်အရေးပါတဲ့ ပလက်ဝ
***********
သံလွင်ခက်
ဇန်နဝါရီ ၂၈ ၊ ၂၀၂၄။
အိန္ဒိယနယ်စပ်အနီးဖြစ်ပွားနေသော ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတို့၏ တိုက်ပွဲများအတွင်း ရက္ခိုင့်တပ်တော်က စစ်တွေဆိပ်ကမ်းမြို့အနီးရှိ ပလက်ဝမြို့ကို ပြီးခဲ့သော ဇန်နဝါရီလလယ်ပိုင်းတွင် သိမ်းပိုက်နိုင်ခဲ့သည်။
အဆိုပါဒေသသည် ကုလားတန်ဘက်စုံသယ်ယူပို့ဆောင်ရေးပရောဂျက်တည်ရှိရာ ဒေသလည်းဖြစ်သည်။
ကုလားတန်စီမံကိန်းသည် အိန္ဒိယနိုင်ငံက ဦးဆောင်တည်ဆောက်နေသော ပရောဂျက်တစ်ခုဖြစ်ပြီး စစ်တွေမြို့ နှင့် အိန္ဒိယအရှေ့ပိုင်းကို ဆက်သွယ်ရန်ဖြစ်သည်။
ပလက်ဝမြို့တိုက်ပွဲတွင် ရက္ခိုင့်တပ်တော်ကသိမ်းဆည်းရမိခဲ့သော စစ်လက် နက်ပစ္စည်းများ၊ အစိုးရဌာနဆိုင်ရာရုံး များနှင့်ပတ်သက်သောဓာတ်ပုံများကို ရက္ခိုင့်တပ်တော် – AA က လူမှုကွန်ရက်များပေါ် ဖြန့်ဝေခဲ့သော်လည်း အာဏာ သိမ်းယူထား သောမြန်မာစစ်တပ်ကတော့ အဆိုပါဒေသကဆုတ်ခွာသွားကြောင်း၊ ရှုံးနိမ့်ခဲ့ကြောင်း တစ်စုံတစ်ရာထုတ်ပြန်ကြေညာထားသည်မျိုးမရှိသေးဘဲ အဆိုပါဒေသများကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည် ဟု သိရသည်။
ကုလားတန်သယ်ယူပို့ဆောင်ရးစီမံကိန်းသည် ကာလကတ္တားနှင့် စစ်တွေကို ပင်လယ်ရေကြောင်းဖြင့်ချိတ်ဆက်ပေးမည့်စီမံကိန်းဖြစ်သလို ကုလားတန်မြစ် ကြောင်းအတိုင်း စစ်တွေနှင့် အိန္ဒိယအရှေ့ပိုင်းကို ချိတ်ဆက်သွားလာရန် ရည်ရွယ်ထားသောစီမံကိန်းဖြစ်သည်။
၂၀၂၃ ခုနှစ် မေလတွင် စစ်တွေဆိပ်ကမ်းကို တရားဝင်စတင်လည်ပတ်ခဲ့သည်။
ရက္ခိုင့်တပ်တော်က ပလက်ဝမြို့ကိုသိမ်းပိုက်ပြီး မကြာခင်မှာပဲ စစ်တွေမြို့တွင် ပေါက်ကွဲမှုအများအပြားဖြစ်ပွားခဲ့သည်။
အဆိုပါပေါက်ကွဲမှုများကို မည်သည့်အဖွဲ့ကတာဝန်ယူလုပ်ဆောင်ခဲ့ကြောင်း ရှင်းရှင်းလင်းလင်းမသိရသေးသော်လည်း အိန္ဒိယအစိုးရတာဝန်ရှိသူတွေအတွက်တော့ ချောက်ကမ်းပါးအစွန်းပေါ် လျှောက်နေမိခြင်းသာဖြစ်ပြီး အချိန်မရွေး ချောက်နက်အတွင်းသို့ကျရောက်သွားမည့် အခြေအနေဖြစ်သည်။
နယ်စပ်အနီးဖြစ်ပွားခဲ့သည့်တိုက်ပွဲများကြောင့် ရာနှင့်ချီသောစစ်ကောင်စီတပ်ဖွဲ့ဝင်များ နယ်စပ်ဖြတ်ကျော်ပြီး အိန္ဒိယနိုင်ငံတွင်းဝင်ရောက်လာခဲ့သဖြင့် မြန်မာ နိုင်ငံ၏ပဋိပက္ခများ နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာမှာကို အိန္ဒိယတာဝန်ရှိသူများ စိုးရိမ်နေကြသည်။
မကြာခင်မှာပဲ နှစ်နိုင်ငံနယ်စပ်မျဥ်းအကြား ခြံစည်းရိုးခတ်ပြီးမှသာ မြန်မာ – အိန္ဒိယ လွတ်လပ်စွာခရီးသွားလာခွင့် သဘောတူညီချက်ကို ပြန်လည်စဥ်းစားမည်ဖြစ်သည်ဟု အိန္ဒိယ ပြည်ထဲရေးဝန်ကြီး အာမစ်တ်ရှား က စနေနေ့ တွင် ပြောကြားခဲ့သည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၁၇ ရက်တွင်လည်း စစ်ကောင်စီ၏ အမျိုးသားလုံခြုံရေးအကြံပေး ဦးမိုးအောင်နှင့် အိန္ဒိယ သံအမတ်ကြီး ဗီနေး ကူမားရ် တို့ နေပြည် တော်တွင်တွေ့ဆုံခဲ့ပြီး နယ်စပ်ဒေသတည်ငြိမ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးခဲ့ကြသည်။
Ref: Nikkkei Asia
*****************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3175
YouTube – > https://youtu.be/cZ9bsHWX2EU
Website – > https://thanlwinkhet.net/?p=6983