ကော့ကရိတ်မြို့အလုံးစုံပျက်စီးအောင် စစ်ကောင်စီဖျက်ဆီး ********************************** နန်းဆုပန်ခန့် ဇန်နဝါရီလ ၂၇၊ ၂၀၂၄။ ကော့ကရိတ်မြို့ကို စစ်ကောင်စီက လက်နက်ကြီးများ၊ ဟောင်ဝှစ်ဇာအမြောက်များဖြင့် အချိန် ၄နာရီခန့်အကြာ တောက်လျှောက်က်ပစ်ခတ်ခဲ့ပြီးနောက် ယမန်နေ့ ညသန်းခေါင်ကျော်ချိန်မှ ယနေ့နံနက်ပိုင်းထိ တိုက်လေယာဥ်များဖြင့်ဗုံးကြဲခဲ့သည် ။ ကော့ကရိတ်မြို့ရှိ နေအိမ်များကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက မကြာခဏ မီးရှို့ဖျက်ဆီးနေသလို လက်နက်ကြီး၊ လေယာဥ်တို့ဖြင့်လည်း…