ပြည်သူ့စစ်နာယက ဦးအောင်ခမ်းထီ ကို YMBA ကအမြင့်ဆုံးဘွဲ့ချီးမြှင့်
*************
ယမင်းဖူးပွင့်အောင်
မတ် ၂၀၊ ၂၀၂၄။
ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် – PNO ပြည်သူ့စစ်နာယကဖြစ်သူ ဦးအောင်ခမ်းထီကို မဟာမင်္ဂလဓမ္မဇောတိကဓဇဘွဲ့ ပေးအပ်ချီးမြှင့်ခဲ့သည်ဟု ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(ဗဟို) – YMBA က ယနေ့တွင်ထုတ်ပြန်သည်။
ရှမ်းပြည်နယ်တောင်ကြီးမြို့၊ ပြည်နယ်ခန်းမ၌ မတ်လ ၁၇ ရက်တွင် YMBA က ကျင်းပပြုလုပ်ခဲ့သည့် ဘွဲ့တံဆိပ်တော်များချီးမြှင့်ပွဲအခမ်းအနားကို ဦးအောင်ခမ်းထီ သည် ကျန်းမာရေးအရ မတက်ရောက်နိုင်ခဲ့ပေ။
ထို့ကြောင့် YMBA ဗဟိုဥက္ကဋ္ဌဦးဆောင်သည့်အဖွဲ့က ဦးအောင်ခမ်းထီ ရှိရာ တောင်ကြီးမြို့ ပအိုဝ်းအမျိုးသား ဆက်ဆံရေးရုံးသို့ သွားရောက်တွေ့ဆုံကာ ဘွဲ့တံဆိပ်ချီးမြှင့်ခဲ့ကြသည်ဟု သိရသည်။
ဦးအောင်ခမ်းထီ ချီးမြှင့်ခံရသည့် မဟာမင်္ဂလဓမ္မဇောတိကဓဇဘွဲ့သည် YMBA ၏ အမြင့်ဆုံးဘွဲ့ဖြစ်ပြီး လွန်ခဲ့သည့် ၂၀၂၀ ခုနှစ်ကလည်း ယခုလက်ရှိ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အဆိုပါ ဘွဲ့ချီးမြှင့်ခဲ့ဖူး သည်။
YMBA ၏ အမြင့်ဆုံးဘွဲ့တံဆိပ်ကိုဆရာတော်ကြီး ၇ ပါးနှင့် လူပုဂ္ဂိုလ် ၄ ဦးတို့ကရရှိထားပြီး စစ်ခေါင်းဆောင်က ၁၂ ဦးမြောက်ဖြစ်ကာ ယခု ဦးအောင်ခမ်းထီက ၁၃ ဦးမြောက် ချီးမြှင့်ခံရသူဖြစ်သည်။
************
Telegram– > https://t.me/newstlk/3891
YouTube – > https://youtu.be/6X9AvN2FnIw?si=BGNM7eyxs7ZtJG7d
Website – > https://thanlwinkhet.net/?p=8530