• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • မောင်တော ဒေသခံ ၃ ဦးကို အာဆာထပ်မံ ဖမ်းဆီး
  • ရခိုင်တွင် ဒေသထွက် အုန်းသီးဈေး နှစ်ဆမြင့်တက်
  • ကျားဖြန့်ဂိုဏ်းများမှ ထွက်ပြေးလာသူများကို စီစစ်၍ အရေးယူမည်ဟု ထိုင်းအာဏာပိုင်များ ပြော
  • KK Park မှ ထွက်ပြေးတိမ်းရှောင်လာသူများအား ယာယီစခန်း ၄ ခုတွင် နေထိုင်ခွင့်ပြုထား
  • မောင်တောတွင် ARSA အဖွဲ့ ပစ်သတ်၍ ဒေသခံများ သေဆုံးဒဏ်ရာရ
  • အာဆီယံထိပ်သီး အစည်းအဝေး စစ်‌ခေါင်းဆောင် မင်းအောင်လှိုင် တက်ခွင့် မရ
  • TNLA ထိန်းချုပ်နယ်မြေများတွင် သုံးပတ်အတွင်း ဗုံး ၃၅ ကြိမ် ကြဲခံရ
  • ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သား သိန်းနှင့်ချီ အလုပ်လက်မဲ့ ဖြစ်နေ
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»နေ့စဉ်သတင်း»ရေး – ထားဝယ်ပြည်ထောင်စုလမ်းမကို တော်လှန်ရေးအဖွဲ့များထိန်းချုပ်
နေ့စဉ်သတင်း

ရေး – ထားဝယ်ပြည်ထောင်စုလမ်းမကို တော်လှန်ရေးအဖွဲ့များထိန်းချုပ်

thanlwinkhetBy thanlwinkhetMarch 20, 2024No Comments1 Min Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

ရေး – ထားဝယ်ပြည်ထောင်စုလမ်းမကို တော်လှန်ရေးအဖွဲ့များထိန်းချုပ်

****************

သဇင်

မတ်လ ၂၀၊ ၂၀၂၄။

မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းအစပ် ရေး-ထားဝယ် အမှတ် ၈ ပြည်ထောင်စုလမ်းမကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက နယ်မြေစိုးမိုးရေးလုပ်ငန်းများလုပ်ဆောင်နေသည်ဟု ဒေါနစစ်ကြောင်းထံက သိရသည်။

တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက မတ်လ ၁၉ ရက်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် ဗျူဟာ ၃၃ နယ်မြေအတွင်းပါရှိသည့် အမှတ် ၈ ပြည်ထောင်စုလမ်းမ ရေး – ထားဝယ်လမ်းပိုင်း မလွဲတောင်နှင့် ကလိန် အောင်ကြား နယ်မြေစိုးမိုးမှုရယူရန် လုပ်ဆောင်နေခြင်းဖြစ်သည်။

ယင်းသို့ဆောင်ရွက်ရာတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနစစ်ကြောင်းနှင့် ကံပေါက်ဒေသ ပြည်သူ့ကာကွယ်ရေးအဖွဲ့ – KBDF၊ ဒေါနတပ်ခွဲ ၄၊ ထားဝယ်ကာကွယ်ရေးအဖွဲ့ – DDT ၊ ဒေါနတပ်ခွဲ ၇၊ ဝေဟင်ဒေါနတပ်ခွဲ ၆ ၊ တနင်္သာရီတပ်ရင်း ၁ ၊ရေးသိမ်းငှက်၊ YDF၊ ရေးပြောက်ကျားတပ် ဒေါနတပ်ခွဲ ၃ မဟာမိတ် တပ်များဖြစ်သည့် မွန်ပြည်တော်လှန်ရေးတပ် MSRF၊ABSDF ကျောင်းသားတပ်မတော်တပ်ရင်း ၁ ၊YAF၊  KNLA တပ်ရင်း ၂၇ များက အမှတ် ၈ လမ်းမပေါ်တွင် ဖြတ်သန်းသွားလာနေသော ပြည်သူများနှင့်တွေ့ဆုံခဲ့ပြီး စစ်ကောင်စီဒေါက်တိုင်များ ဖြတ်သန်းသွားလာမှုများကိုလည်း စစ်ဆေးမှုများပြုလုပ်ခဲ့သည်ဟု သိရသည်။

တော်လှန်ရေးပူးပေါင်းတပ်များ စတင်စစ်ဆေးချိန်တွင်  မလွဲတောင်ဂိတ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ခရီးသွားပြည်သူများ၏ သွားလာမှုလမ်းကြောင်းများကို ပိတ်ဆို့ဖြတ်တောက်မှုများ ပြုလုပ်ခဲ့သည်ဟု ဒေါနစစ်ကြောင်းမှူး စောဒါးကို က သံလွင်ခက်ကိုပြောသည်။

“မနက် ၈ ကနေ ညနေ ၃ နာရီခွဲထိ နယ်မြေရှင်းလင်းတယ်။ အဲ့ဒီမှာ စကစတွေ မနက် ၈ နာရီလောက်ထဲက မလွဲတောင်ဂိတ်တံခါးကို သော့ခတ်ပြီး ထွက်ပြေးသွားတယ်။ တစ်ယောက်မှမရှိတော့ဘူး ။ ဂိတ်တံခါးပိတ်လိုက်တော့ ပြည်သူတွေ သွားရေးလာရေးတော်တော်ခက်ခဲသွားတယ်”ဟု ဆိုသည်။

စစ်ကောင်စီဘက်ကလည်း Mi -35 ရဟတ်ယာဉ် ၁ စင်းဖြင့် ၂ ကြိမ်ကင်းထောက် ပျံသန်းမှုများလုပ်ဆောင်ခဲ့သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။

ထို့အပြင် နယ်မြေစိုးမိုးရန်လုပ်ဆောင်နေမှုကို  သတင်းထောက်လှမ်းရန်လာသော စစ်ကောင်စီဒေါက်တိုင် အမျိုးသား ၁ ဦးသည် တော်လှန်ရေးတပ်ဖွဲ့ဝင်များကိုတွေ့ကာ အစစ်ဆေးမခံဘဲ ပြန်လှည့်ပြေးသွားခဲ့သည်ဟု သိရသည်။

ဒေါနစစ်ကြောင်းမှူး စောဒါးကို က” သတင်းလာယူတဲ့ ၁ ယောက်က ဆိုင်ကယ်နဲ့ အရပ်ဝတ်နဲ့ ပစ္စတိုခါးထိုးထားတယ်။ လက်ပစ်ဗုံး ၁ လုံးပါတယ် ။ ပြန်လှည့်ပြေးလို့ ကျွန်တော်တို့ ပစ်ပြီး ဖမ်းပေမယ့် လွတ်သွားတယ်။ သူထွက်ပြေးတဲ့နေရာမှာ သွေးကွက်တွေကျန်နေခဲ့တာ တွေ့ရတယ်” ဟုဆိုသည်။

စစ်ရေးအရှိန် မြှင့်တင်သွားမည်ဖြစ်သောကြောင့် ရေး – ထားဝယ်လမ်းပိုင်းကို ခရီးသွားပြည်သူများအနေဖြင့် မလိုအပ်ဘဲ ခရီးသွားလာခြင်းမပြုလုပ်ရန်နှင့် စစ်ကောင်စီတပ်များ အနီးဝန်းကျင်တွင်နေထိုင်သော ပြည်သူများကိုလည်း ကြိုတင်ရှောင်ရှားမှုပြုလုပ်ရန် တော်လှန်ရေးအဖွဲ့ဝင်များက သတိပေးပြောဆိုထားသည်။

ဓာတ်ပုံ – KBPDF

ပုံစာ – နယ်မြေစိုးမိုးရေးလုပ်ဆောင်နေသည့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များ။

************

Telegram– > https://t.me/newstlk/3887

YouTube – > https://youtu.be/6X9AvN2FnIw?si=BGNM7eyxs7ZtJG7d

Website – > https://thanlwinkhet.net/?p=8524

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleကျိုက်ဒုံဗျူဟာကုန်းတိုက်ပွဲတွင် ဗျူဟာမှူးနှင့် အရာရှိ ၁၂ ဦးအပါအဝင် ၆၆ ဦးလက်နက်ချ
Next Article ပြည်သူ့စစ်နာယက ဦးအောင်ခမ်းထီ ကို YMBA ကအမြင့်ဆုံးဘွဲ့ချီးမြှင့်
thanlwinkhet
  • Website

Related Posts

ရခိုင်တွင် ဒေသထွက် အုန်းသီးဈေး နှစ်ဆမြင့်တက်

October 24, 2025

မောင်တောတွင် ARSA အဖွဲ့ ပစ်သတ်၍ ဒေသခံများ သေဆုံးဒဏ်ရာရ

October 23, 2025

အာဆီယံထိပ်သီး အစည်းအဝေး စစ်‌ခေါင်းဆောင် မင်းအောင်လှိုင် တက်ခွင့် မရ

October 23, 2025

Leave A Reply Cancel Reply

Recent Posts

  • မောင်တော ဒေသခံ ၃ ဦးကို အာဆာထပ်မံ ဖမ်းဆီး
  • ရခိုင်တွင် ဒေသထွက် အုန်းသီးဈေး နှစ်ဆမြင့်တက်
  • ကျားဖြန့်ဂိုဏ်းများမှ ထွက်ပြေးလာသူများကို စီစစ်၍ အရေးယူမည်ဟု ထိုင်းအာဏာပိုင်များ ပြော
  • KK Park မှ ထွက်ပြေးတိမ်းရှောင်လာသူများအား ယာယီစခန်း ၄ ခုတွင် နေထိုင်ခွင့်ပြုထား
  • မောင်တောတွင် ARSA အဖွဲ့ ပစ်သတ်၍ ဒေသခံများ သေဆုံးဒဏ်ရာရ

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

မောင်တော ဒေသခံ ၃ ဦးကို အာဆာထပ်မံ ဖမ်းဆီး

ရခိုင်တွင် ဒေသထွက် အုန်းသီးဈေး နှစ်ဆမြင့်တက်

ကျားဖြန့်ဂိုဏ်းများမှ ထွက်ပြေးလာသူများကို စီစစ်၍ အရေးယူမည်ဟု ထိုင်းအာဏာပိုင်များ ပြော

KK Park မှ ထွက်ပြေးတိမ်းရှောင်လာသူများအား ယာယီစခန်း ၄ ခုတွင် နေထိုင်ခွင့်ပြုထား

ယခင်သတင်းများ

  • October 2025
  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ထုတ်ပြန်ချက်
  • ဓာတ်ပုံသတင်း
  • နယ်စပ်သတင်း
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

မောင်တော ဒေသခံ ၃ ဦးကို အာဆာထပ်မံ ဖမ်းဆီး

October 24, 2025

ရခိုင်တွင် ဒေသထွက် အုန်းသီးဈေး နှစ်ဆမြင့်တက်

October 24, 2025

ကျားဖြန့်ဂိုဏ်းများမှ ထွက်ပြေးလာသူများကို စီစစ်၍ အရေးယူမည်ဟု ထိုင်းအာဏာပိုင်များ ပြော

October 24, 2025

KK Park မှ ထွက်ပြေးတိမ်းရှောင်လာသူများအား ယာယီစခန်း ၄ ခုတွင် နေထိုင်ခွင့်ပြုထား

October 23, 2025

မောင်တောတွင် ARSA အဖွဲ့ ပစ်သတ်၍ ဒေသခံများ သေဆုံးဒဏ်ရာရ

October 23, 2025

အာဆီယံထိပ်သီး အစည်းအဝေး စစ်‌ခေါင်းဆောင် မင်းအောင်လှိုင် တက်ခွင့် မရ

October 23, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.