ကောင်းချစ်အောင် ဩဂုတ် ၁၂၊ ၂၀၂၃။ မုံရွာမြို့ပေါ်တွင် ဓားပြတိုက်ပြီး ကိုယ်ဝန်ဆောင် အမျိုးသမီးကို သတ်ခဲ့သည့်သူများအား အမြင့်ဆုံးသေဒဏ်အထိချမှတ်ပေးရန် မြို့ပေါ်တက်ကြွလှုပ်ရှားသူများက တောင်းဆိုထားသည်။ မုံရွာမြို့၊ ထန်းတောအင်းဖြတ်ရပ်ကွက်ရှိ နေအိမ်တစ်လုံးကို အမျိုးသား ၇ ဦးပါသည့်အဖွဲ့က ဓားပြဝင်တိုက်ပြီး မီးဖွားခါနီး ကိုယ်ဝန်ဆောင်အမျိုးသမီးကို ပစ်သတ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါကျူးလွန်သူများသည် Monywa Force ဟုအမည်ရသည့်…