အမ်း – မကွေးဆက်သွယ်ထားသည့် အမ်း – ပဒါန်း လမ်းအား AA ရက်အကန့်အသတ်မရှိပိတ်
*****
သံလွင်ခက်
ဧပြီ ၂ ၊ ၂၀၂၄။
ရခိုင်ပြည်နယ် ၊ အမ်းမြို့နှင့် မကွေးတိုင်းဆက်သွယ်ထားသည့် အမ်း – ပဒါန်းလမ်းအား ရက္ခိုင့်တပ်တော် – AA က ရက်အကန့်အသတ်မရှိ ပိတ်လိုက်သည်ဟု ယနေ့တွင် AA ကထုတ်ပြန်သည်။
မတ်လ ၂၆ ရက်ကစပြီး အမ်းနှင့် မကွေးတိုင်းကြားတွင် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် AA တို့ကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ယနေ့အထိ ဆက်လက်ဖြစ်ပွားလျက်ရှိသည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
စစ်ကောင်စီတပ်သည် အမ်းမြို့နှင့် မကွေးတိုင်းကိုဆက်သွယ်ထားသော ကားလမ်းများတွင် စစ်အင်အား တိုးချဲ့ခြင်း၊ တပ်ရွှေ့ပြောင်းခြင်း၊ ရိက္ခာနှင့် စစ်လက်နက်ခဲယမ်းများကို အရပ်သားကားများဖြင့် သယ်ဆောင်ခြင်း၊ လမ်းဘေးဝဲယာတလျှောက် မိုင်းထောင်ခြင်းများ ပြုလုပ်လျက်ရှိသည်ဟု AA ကဆိုသည်။
အဆိုပါ ကားလမ်းတလျှောက်တွင်တိုက်ပွဲများစတင်ဖြစ်ပွားလာပြီဖြစ်သောကြောင့် အမ်း – ပဒါန်း လမ်းအား အကန့်အသတ်မရှိ ပိတ်လိုက်ခြင်းဖြစ်သည်ဟု AA ကထုတ်ပြန်ထားသည်။
ပုံစာ – AAတပ်ဖွဲ့ဝင်များ။
ဓာတ်ပုံ – APM
************
Telegram– > https://t.me/newstlk/4143
YouTube – > https://youtu.be/6X9AvN2FnIw?si=BGNM7eyxs7ZtJG7d
Website – > https://thanlwinkhet.com/?p=8333