ယမင်းဖူးပွင့်အောင် ဩဂုတ် ၄၊ ၂၀၂၄။ လားရှိုးမြို့အခြေစိုက် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (ရမခ) ကို ကိုးကန့်တပ်-MNDAA၊ တအာင်းတပ်မတော်နှင့် ပူးပေါင်းမဟာမိတ်အဖွဲ့ဝင်များမှ သိမ်းပိုက်နိုင်ခဲ့သည့်အတွက် KNU၊ KNPP၊ CNF ညီနောင်တော်လှန်ရေးအဖွဲ့အစည်းများက အားရဝမ်းမြောက် ဂုဏ်ယူကြောင်း ထုတ်ပြန်လိုက်သည်။ ရမခ တိုင်းစစ်ဌာနချုပ်ကို ယမန်နေ့မနက်ပိုင်းတွင် ကိုးကန့်တပ်များက သိမ်းပိုက်နိုင်ခဲ့ပြီး အလံလွှင့်ထူထားသည့် ဓာတ်ပုံများကို…