ထိုင်းစစ်တပ်ကင်းလှည့်အဖွဲ့ဖြစ်သည့် Pha Mueang Task Force သည် ချင်းမိုင်ပြည်နယ်၊ ချင်းဒေါင်ခရိုင်တွင် ကင်းလှည့်နေစဉ် သံသယဖြစ်သည့် ကားတစ်စီးအား စစ်ဆေးရန် ရပ်တန့်ခိုင်းသည့် အချိန်တွင် ယာဉ်မောင်းမှ ထွက်ပြေးတိမ်းရှောင်သွားသည်ဟု သိရသည်။
အဆိုပါ ကားအား စစ်ဆေးရာတွင် မက်သာအဖက်တမင်း အမျိုးအစား မူးယစ်ဆေးဝါး (amethysts) ဆေးပြားပေါင်း ၆၀၀၀၀၀ ပါသည့် အနက်ရောင်ပလတ်စတစ်အိတ် ခြောက်အိတ်အား ရှာဖွေတွေ့ရှိခဲ့သည်ဟု ဆိုသည်။
ထိုကြောင့် သိမ်းဆည်းရမိသည့် မူးယစ်ဆေးဝါးများအား ဥပဒေအရ ဆက်လက်အရေးယူနိုင်ရန်အတွက် ချင်းဒေါင်ရဲစခန်းသို့ လွှဲပြောင်းပေးခဲ့သည်ဟု Royal Thai Army မှ သတင်းထုတ်ပြန်ထားသည်။
#ချင်းမိုင် #မူးယစ်ဆေးပြား ခြောက်သိန်း #ThanLwinKhetNews




