သံလွင်ခက် ဩဂုတ် ၂၀၊၂၀၂၄။ တအာင်းပြည်နှင့် တော်လှန်ရေးအင်အားစုများထိန်းချုပ်ထားသည့် မြို့များတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက နှစ်လအတွင်း လေကြောင်းတိုက်ခိုက်မှု (၁၁)ကြိမ်ခန့် ပြုလုပ်ခဲ့သည်ဟု တအာင်းအရပ်ဘက်အဖွဲ့အစည်းများ ထုတ်ပြန်ချက်အရသိရသည်။ ဇူလိုင်နှင့် ဩဂုတ်လအတွင်း စစ်ကောင်စီက အရပ်သားပြည်သူများနေထိုင်သည့် ကျေးရွာ၊မြို့နယ်များအတွင်းသို့ လေကြောင်းဖြင့် ဗုံးကြဲချတိုက်ခိုက်ခြင်းကြောင့် အရပ်သားပြည်သူ (၇)ဦးသေဆုံးပြီး၊(၃၄)ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ယနေ့ထုတ်ပြန်သည့် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။…