Browsing: ပြည်တွင်းသတင်း

Loading

မောင်ဘဦး (CJ) ဩဂုတ် ၂၂၊ ၂၀၂၄။ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့က နေအိမ်တွေကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေနဲ့ကူညီရေးအဖွဲ့တချို့ထံက သိရပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ် ၁၈ ရက်မှာ စစ်ကောင်စီကမြို့ကို ပြန်လည်ထိန်းချုပ်ခဲ့ပြီးနောက် ယမန့်နေ့ညနေပိုင်းကစပြီး နေအိမ်အ များအပြား မီးရှို့နေတယ်လို့ စစ်ရှောင်ကူညီရေးလုပ်နေသူ ကိုနောင်ရိုးက ပြောပါတယ်။ “မီးရှို့ခံရမှုတွေကြောင့်…

Read More

Loading

ထွယ် ဩဂုတ် ၂၁၊ ၂၀၂၄။ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူလေတပ်စခန်းကို ယမန်နေ့ညတွင် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက ရှော့တိုက်ဒုံး ၇ လုံးဖြင့်ပစ်ခတ်ရာ ပစ်မှတ်တစ်ချို့ကိုထိမှန်ခဲ့သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။ ပြီးခဲ့သည့် သြဂုတ် ၂၀ ရက် ည ၁၂ နာရီဝန်းကျင်တွင် လေတပ်အတွင်းသို့ ၁၀၇ မမ ရှော့တိုက်ဒုံး ၇…

Read More

Loading

သံလွင်ခက်။ ဩဂုတ် ၂၁ ၊ ၂၀၂၄။ အကျဉ်းထောင်က လွတ်မြောက်ပြီး ရက်ပိုင်းအတွင်း ကွယ်လွန်ခဲ့သည့် မှတ်တမ်းရုပ်ရှင်ဖန်တီးသူ နိုင်ငံရေးအကျဉ်းသား ကိုဖေမောင်စိမ်း၏ နာရေးကို ယနေ့တွင် ရန်ကုန်မြို့ ရေဝေးသုသာန်၌ ပြုလုပ်ခဲ့ကြသည်။ ကိုဖေမောင်စိမ်းသည် ပြီးခဲ့သည့် ဩဂုတ်လ ၁၉ ရက် နေ့လည် ၂ နာရီခန့်တွင် ရန်ကုန်မြို့…

Read More

Loading

နန်းဆုပန်ခန့် ဩဂုတ် ၂၁၊ ၂၀၂၄။ ကရင်ပြည်နယ်၊ မြဝတီ – ကော့ကရိတ် အာရှလမ်းပေါ်ရှိ အောင်ဇေယျစစ်ကြောင်း နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – KNLA ပူးပေါင်းတပ်ဖွဲ့များကြား တိုက်ပွဲပြင်းထန်လျက်ရှိသည်ဟု မြေပြင်သတင်းရင်းမြစ်ထံက သိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၉ ရက်နှင့် ၂၀ ရက်တွင် KNLA ပူးပေါင်းတပ်ဖွဲ့နှင့်…

Read More

Loading

( စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရွာကို စွန့်ခွာထွက်ပြေး ) ထွယ်၊ ဩဂုတ် ၂၁။ ကချင်ပြည်နယ်၊ ဗန်းမော်မြို့နှင့် ၅ မိုင်ခန့်သာဝေးသည့် ကောင်ဂျာယာန်ကျေးရွာတွင် တပ်စွဲသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ယနေ့နေ့ ညနေ၌ ကချင်လွပ်လပ်ရေးတပ်မတော် – KIA နှင့် ပူးပေါင်းတပ်တပ်ဖွဲ့ဝင်များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်ဟု ရှေ့တန်းရဲဘော်များထံက သိရသည်။…

Read More

Loading

သံလွင်ခက်။ ဩဂုတ် ၂၁ ၊ ၂၀၂၄။ စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၈ ဦးသေဆုံးခဲ့သည့်အပြင် ကျပ် သိန်း (၃၄၀) ကျော် သိမ်းဆည်းရမိခဲ့သည်ဟု အမှတ် (၁) စစ်ဒေသက ယမန်နေ့တွင် ထုတ်ပြန်သည်။ ဒီပဲယင်းမြို့အား ရွှေဘိုခရိုင် အမှတ် (၁) ကွပ်ကဲရေးရုံး…

Read More

Loading

သံလွင်ခက် ဩဂုတ် ၂၀၊၂၀၂၄။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့တွင် စစ်ကောင်စီက လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သား (၂) ဦးသေဆုံးပြီး စက်သုံးဆီသိုလှောင်ကန်တစ်ခု မီးလောင်မှုဖြစ်ပွားခဲ့သည်ဟု တအာင်းအမျိုးသားလွတ် မြောက်ရေးတပ်မတော်- TNLA က ယနေ့တွင် ထုတ်ပြန်သည်။ ပြီးခဲ့သည့် သြဂုတ်လ (၁၈) ရက်တွင် သီပေါမြို့ရှိ စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း…

Read More

Loading

သံလွင်ခက် ဩဂုတ် ၂၁၊ ၂၀၂၄။ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော်(NDAA-မိုင်းလား)တည်ထောင်သူ ဥက္ကဌ ဦးစိုင်းလင်း၏ ဈာပနအခမ်းအနားကို ဩဂုတ်လ ၂၃ ရက်တွင်ကျင်းပမည်ဟု ဈာပနစီမံရေးကော်မတီက ထုတ်ပြန်ထားသည်။ ဩဂုတ်လ ၇ ရက် ညပိုင်းတွင် တရုတ်နိုင်ငံရှိ ဆေးရုံတစ်ခုတွင် ကင်ဆာရောဂါဖြစ် ကွယ်လွန်ခဲ့ခြင်းဖြစ်ပြီး ဈာပနအခမ်းအနားကို မိုင်းလားမြို့တွင်ကျင်းပမည်ဖြစ်သည်။ မိုင်းလားအဖွဲ့(NDAA)ကို ဦးဆောင်သည့်…

Read More

Loading

သံလွင်ခက် ဩဂုတ် ၂၀၊၂၀၂၄။ ပဲခူးတိုင်း၊ ဒိုက်ဦးထောင်အကျဉ်းထောင်တွင် ရိုက်နှက်ခံခဲ့ရသည့် နိုင်ငံရေးအကျဉ်းသူ ၇ ဦး အသက်အန္တရာယ်နှင့် လုံခြုံရေးအထူးစိုးရိမ်နေရသည်ဟု မြန်မာနိုင်ငံလုံဆိုင်ရာနိုင်ငံရေးအကျဉ်းသားကွန်ရက် PPNM ယမန်နေ့က ထုတ်ပြန်လိုက်သည်။ ယမန်နေ့ ညနေပိုင်းတွင် ယင်းအကျဉ်းထောင်မှ နှစ်ပွင့်အရာရှိ ဒေါ်စန်းနွယ်ဦးသည် နိုင်ကျဉ်းအမျိုးသမီးတစ်ဦးအား တရားမဝင်ထောင်ဝင်စာယူဆောင်သည်ဟု အကြောင်းပြချက်ဖြင့် ဆံပင်ဆွဲရိုက်နှက်ခဲ့ရာ ဝိုင်းဝန်းဟန့်တားခဲ့ကြသည့် တခြား…

Read More

Loading

ဩဂုတ် ၂၀၊ သံလွင်ခက် ထိုင်း၊ မြန်မာနယ်စပ်မြို့ဖြစ်သော ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့တွင် တရုတ်လူမျိုးများစွာ အခြေချနေထိုင်လာသည်ဟု ဒေသခံများက ပြောဆိုကြသည်။ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိသော ဘုရားသုံးဆူမြို့သည် ကရင်လက်နက်ကိုင်အစုအဖွဲ့များဖြစ်သော ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)နှင့် ကရင်နယ်ခြားစောင့်တပ်ဖွဲ့ (BGF)လှုပ်ရှားမှုနယ်မြေဖြစ်ပြီး ကရင်အမျိုးသားအစည်းအရုံး (KNU)၊ မွန်လက်နက်ကိုင်အဖွဲ့အချို့သွားလာလေ့ရှိသော ဒေသဖြစ်သည်။ “များလာတာကတော့ ဘယ်နေရာသွားသွား တရုတ်တွေ…

Read More