မောင်ဘဦး (CJ)
ဩဂုတ် ၂၂၊ ၂၀၂၄။
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့က နေအိမ်တွေကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေနဲ့ကူညီရေးအဖွဲ့တချို့ထံက သိရပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၁၈ ရက်မှာ စစ်ကောင်စီကမြို့ကို ပြန်လည်ထိန်းချုပ်ခဲ့ပြီးနောက် ယမန့်နေ့ညနေပိုင်းကစပြီး နေအိမ်အ များအပြား မီးရှို့နေတယ်လို့ စစ်ရှောင်ကူညီရေးလုပ်နေသူ ကိုနောင်ရိုးက ပြောပါတယ်။
“မီးရှို့ခံရမှုတွေကြောင့် အိမ်ခြေဘယ်လောက် မီးလောင်ပျက်စီးထားလဲဆိုတဲ့အခြေအနေတွေကိုတော့ အသေးစိတ်မသိရသေးပါဘူး” ဟု ၎င်းက ဆိုသည်။
လတ်တလော ဒီပဲယင်းမြို့အပါအဝင် မဲဇယ်၊ လက်တီး၊ ဝါးပါ၊ သပြေသာ၊ အင်တန်းမစိုးရိမ်၊ ပျော်ဘွယ်၊ အောင်ချမ်းသာ၊ ရင်းနွေ၊ ရွာသစ်၊ မှန်သာ၊ တောကျောင်း စတဲ့ရွာတွေက ပြည်သူ ၂,၀၀၀ ကျော်ဟာ နေအိမ်မပြန်နိုင်သေးဘဲ အကူညီတွေလိုအပ်နေတယ်လို့ စစ်ရှောင်ကူညီရေးအဖွဲ့ထံက သိရပါတယ်။
ဒီပဲယင်းမြို့သိမ်းတိုက်ပွဲမှာ တော်လှန်ရေးတပ်ဖွဲ့တွေက လက်နက်မျိုးစုံ ၂၂ လက်၊ ခဲယမ်းတချို့ကို သိမ်းဆည်းရရှိခဲ့ပြီး အချုပ်သား ၂၀ ကိုလည်း ကယ်တင်နိုင်ခဲ့တယ်လို့သိရပါတယ်။