အမီးလေး ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ဇေကမ္ဘာဝန်းရှိ စကြာမင်းတိုင်းရင်းဆေးထုတ်လုပ်သည့် စက်ရုံတွင် အမျိုးသမီးအလုပ်သမားများအား လုံခြည်များလှန်ကာ အမျိုးသမီးဓမ္မတာ လာ၊မလာ စစ်ဆေးမှုခဲ့ခြင်းအပေါ် အရေးယူဆောင်ရွက်မှုများ ပြုလုပ်သွားရန် ကြိုးစားသွားမည်ဟု မြန်မာနိုင်ငံအထွေထွေအလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (FGWM) ၏ အမျိုးသမီးကော်မတီတာဝန်ခံ ဒေါ်ခင်သန္တာမိုးမှ ပြောသည်။ “ကျမတို့အဖွဲ့ချုပ်အနေနဲ့ ဖိအားဖြစ် စေမဲ့အရာမှန်သမျှလုပ်မယ် ပိုင်ရှင်ဆီဆက်သွယ်ဖို့ ကြိုးစားမယ်။…