မွန်တော်လှန်ရေးတပ်ဖွဲ့ ၄ ဖွဲ့ ပူးပေါင်းဖွဲ့စည်းထားသော ရာမညပူးတွဲစစ်ကြောင်းမှ ရဲဘော်များသည် မွန်ပြည်နယ်၊ သံဖြူဇရပ်-ရေးကားလမ်းပိုင်းတွင် စစ်ဆေးမှုများကို ပြုလုပ်ခဲ့သည်။
ရာမညပူးတွဲစစ်ကြောင်းသည် မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ မွန်ပြည်ကာကွယ်ရေးတပ် (MSDF)၊ မွန်ပြည်သစ်ပါတီ (MNLA-AD)နှင့် မွန်ပြည်လွတ်မြောက်ရေးတပ်မတော် (MLA) တို့ ပူးပေါင်းဖွဲ့စည်းထားကာ မွန်တပ်တော်အဖြစ် ဖြစ်ပေါ်လာရန် ရည်ရွယ်ထားသည်ဟု ယခုနှစ် ဇန်နဝါရီလ ၁၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။
မွန်ဒေသအနှံ့အပြားတွင် ရာမညပူးတွဲစစ်ကြောင်းအနေဖြင့် စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်သွားရန် စစ်ရေးဆိုင်ရာ စီမံချက်များ ရေးဆွဲချမှတ်ထားပြီးဖြစ်ကြောင်း စစ်ကြောင်းဦးဆောင်သူများက ပြောဆိုခဲ့သည်။
ဓါတ်ပုံ – သံဖြူဇရပ်-ရေး ကားလမ်းပိုင်းတွင် ရာမညစစ်ကြောင်း စစ်သည်များ စစ်ဆေးရန် ပြုလုပ်နေစဉ်( ရာမညစစ်ကြောင်း)





