လာမည့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပပြီးစီးရန်လိုသည်ဟုစစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုသည်။
ယမန်နေ့ နံနက်ပိုင်းက နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး၌ ပြောကြားခဲ့ခြင်းဖြစ်သည်။
ယခင် ရွေးကောက်ပွဲများတွင် ကျင်းသုံးခဲ့သည့် မဲများသူ အနိုင်ရသည့်စနစ် FPTP စနစ်အပြင် အမျိုးသား လွှတ်တော်နှင့် တိုင်းဒေသကြီးလွှတ်တော်တို့တွင် PR စနစ်ကို ပေါင်းစပ် ကျင့်သုံးနိုင်ရန် လျာထားသည်ဟု စစ်ကောင်စီ ခေါင်းဆောင်မှ ပြောသည်။
ယနေ့အထိ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၃ အရ လျှောက်ထားသော ပါတီ ၂၀ ရှိပြီး၊ နိုင်ငံရေးပါ တီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၅ အရ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့် လျှောက်ထားသည့်ပါတီ ၅၀ ပါတီ၊ စုစုပေါင်း ၇၀ ပါတီ ရှိပြီးဖြစ်သည်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် က မတ်လ ၇ ရက်တွင် ထုတ်ပြန်ထားသည်။
ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအစိုးရများ၊ အဖွဲ့အစည်းများနှင့် အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင် စစ်အုပ်စုကို ဆန့်ကျင်နေကြသည့် တော်လှန်ရေးအင်အားစုများက စစ်ကောင်စီ ပြုလုပ်မည့် ရွေးကောက်ပွဲကို ” အတုအယောင် ရွေးကောက်ပွဲ ” ဟု သုံးနှုန်းကာ ဆန့်ကျင်ကန့်ကွက်လျက်ရှိသည်။
ပုံစာ – နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေးကို တက်ရောက်လာသည့် စစ်ခေါင်းဆောင်။