၂၀၂၅ ခုနှစ် ၊ ဩဂုတ်လ ၈ ရက်နေ့တွင် ဝက်လက်မြို့နယ်ကျောင်းသားသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) မှ အခြေစိုက်ဒေသ အမှတ် ၃ နယ်မြေအတွင်း ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံ နှစ်ပတ်လည်အ ခမ်းအနားတစ်ရပ်ကိုပြုလုပ်ခဲ့သည်ဟု သိရသည်။
အဆိုပါ အခမ်းအနားသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ဝက်လက်မြို့နယ်) ၊ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ၊ မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ CDM အစုအဖွဲ့များ ၊ လူငယ်လွတ်မြောက်ရေးအဖွဲ့ နှင့် ဝက်လက်မြို့နယ်လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ တို့မှ တက်ရောက်ခဲ့ကြပါသည်။
ယင်း အခမ်းအနားတွင် အစီအစဉ် ၇ ရပ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပြီး ကမ္ဘာမကြေဘူး သီချင်းလည်း သီဆိုခဲ့ကြသည်။
အဆိုပါ အခမ်းအနားဖြစ်မြောက်ရေးအတွက် မြို့နယ် လူအခွင့်အရေးဌာန ၊ အမျိုးသမီး လူငယ် နှင့် ကလေးသူငယ်ရေးရာဌာန နှင့် ကျန်းမာရေးဌာန မှ ဒေါက်တာမင်းခိုင် တို့မှ ကူညီဆောင်ရွက်ပေးခဲ့ပါသည်။






