ထောင်ဒဏ် ၇ နှစ် ချမှတ်ခံခဲ့ရသည့် ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ ဗဟိုအလုပ်အမှုဆောင်ဟောင်း မဝတ်ရည်အောင်သည် စစ်ကောင်စီ၏ နှိပ်စက်ဒဏ်ရာများကြောင့် ထောင်ဒဏ်ကျခံရအပြီး ၄ နှစ်အကြာ ဇူလိုင် ၁၉ ရက် ညတွင် ကျဆုံးခဲ့သည်ဟု ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂက ထုတ်ပြန်သည်။ အာဏာသိမ်းချိန်တွင် သမဂ္ဂတပ်ဦးအလံကိုင်စွဲကာ စစ်အာဏာရှင်ကို တော်လှန်တိုက်ပွဲဝင်ခဲ့သည့်သတ္တဗေဒ-ဒုတိယနှစ်ကျောင်းသူ မဝတ်ရည်အောင်ကို ၂၀၂၁ ခုနှစ်…