ဇူလိုင်လ နောက်ဆုံးပတ်အတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်ခြင်းကြောင့် မန္တလေးနှင့် စစ်ကိုင်ဒေသတို့တွင် အပါအဝင် အခြားဒေသများတွင် ပြည်သူ ၂၇ ဦးသေဆုံးပြီး ၆၀ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဉာဏ်လင်းသစ် သုတေသနအဖွဲ့ထံမှ သိရသည်။
ဇူလိုင် ၂၅ ရက်မှ ၃၁ ရက် အတွင်း မန္တလေးနှင့် စစ်ကိုင်းတိုင်း အပါအဝင် ဒေသ ၁၀ ခုက နေရာ ၃၂ ခုတွင် စစ်ကောင်စီမှ လေကြောင်း
တိုက်ခိုက်မှု ၃၂ ကြိမ်တိတိ ပြုလုပ်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စစ်ကိုင်းတိုင်း အတွင်းတွင် တစ်ပတ်အတွင်း လေကြောင်းတိုက်ခိုက်မှု ၇ ကြိမ်အထိ ရှိခဲ့ပြီး ခြောက်ယောက်သေဆုံးပြီး ခုနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ယင်းလေကြောင်းတိုက်ခိုက်မှုများတွင် စစ်ကောင်စီက Y-12 လေယာဉ်၊ ထောက်ပို့လေယာဉ်များ၊ ရဟတ်ယာဉ်များနှင့် ဂျက်ဖိုက်တာများကို အသုံးပြု၍ တိုက်ခိုက်ခဲ့သည်ဟု သိရသည်။
ထိုသို့ လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်ကိုင်းတိုင်း၊ တနင်္သာရီ၊ မကွေးတိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင် ဆေးရုံ ၁ ခု၊ ဆေးခန်း ၁ ခုနှင့် ဘာသာရေးအဆောက်အအုံ ၄ ခုပျက်စီးဆုံးရှုံးသွားခဲ့ရသည်။
မန္တလေးတိုင်း အတွင်းတွင်လည်း လေကြောင်းတိုက်ခိုက်မှု ၆ ကြိမ် အထိ ရှိခဲ့ပြီး ခြောက် ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ ၁၉ ဦးအထိ ရှိခဲ့သည်။
ရှမ်းပြည် (မြောက်ပိုင်း) တွင်လည်း တစ်ပတ်အတွင်း လေကြောင်းတိုက်ခိုက်မှု ၄ ကြိမ် အထိ ရှိခဲ့ပြီး ကွက်ခိုင်မြို့အား ဂျက်ဖိုက်တာနဲ့ ပေါင် ၂၅၀ အား ဗုံး နှစ် လုံးကြဲချခဲ့တာကြောင့် ကလေးငယ် တစ်ဦးအပါအဝင် ပြည်သူ ခြောက် ဦး သေဆုံးခဲ့ပြီး ခုနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ယင်းအပြင် ဒေသခံပြည်သူများ၏ နေအိမ် နှစ်လုံး ပျက်စီးဆုံးရှုံးခဲ့ရသည်။
ထို့အပြင် ကချင်ပြည်နယ်တွင်လည်း လေကြောင်းတိုက်ခိုက်ခံရမှု ခြောက်ကြိမ် အထိ ရှိခဲ့ပြီး ယင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ တစ်ဦးသေဆုံးခဲ့ရသည်။
မကွေးတိုင်း အတွင်းတွင်လည်း တစ်ပတ်အတွင်း လေကြောင်းတိုက်ခိုက်မှု သုံး ကြိမ် အထိ ရှိခဲ့ပြီး သုံးဦး သေဆုံးပြီး ၁၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဖော်ပြထားသည်။
၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် လေးနှစ်ကျော်ကာလအတွင်း စစ်ကောင်စီ၏ အကြမ်းဖက်မှုကြောင် အပြစ်မဲ့ပြည်သူ အနည်းဆုံး ၆၂၃၁ ဦး သေဆုံးခဲ့ပြီး ယင်းအထဲတွင် အမျိုးသမီး ၁,၁၄၄ ဦးနှင့် ကလေး ၇၀၉ ဦး ပါဝင်ပါသည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ၏ ထုတ်ပြန်ချက် အရသိရသည်။
#လေကြောင်းတိုက်ခိုက် #ပြည်သူသေဆုံး #ThanLwinKhetNews