Browsing: ပြည်တွင်းသတင်း

Loading

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်စစ်ဘေးရှောင်စခန်းများစီမံခန့်ခွဲမှုကော်မတီ၏ယာယီအထိုင်ရုံးကို စစ်ကောင်စီကလေယာဥ်ဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် အဖွဲ့ဝင်အားလုံးထိခိုက်ဒဏ်ရာရရှိခဲ့ကြသည်ဟု ယနေ့တွင်ထိုအဖွဲ့ကသတင်းထုတ်ပြန်သည်။ မင်းတပ်မြို့နယ်စစ်ဘေးရှောင်စခန်းများစီမံခန့်ခွဲမှုကော်မတီ၏ယာယီအထိုင်ရုံးဖြစ်သည့် ပလိပ်ထွီဘုန်းကြီးကျောင်းအဆောက်အဦးပေါ်ကို ဇန်နဝါရီလ ၂၃ရက်တွင် စစ်ကောင်စီက တိုက် လေယာဥ်ဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ အဆိုပါဗုံးကြဲမှုကြောင့် အဖွဲ့တစ်ဖွဲ့လုံးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အဖွဲ့ဝင်နှစ်ဦးမှာ ပြင်းထန်ဒဏ်ရာ ရရှိခဲ့သော်လည်းစိုးရိမ်ရသည့်အခြေအနေမရှိဟု သိရသည်။ ဗုံးကြဲမှုကြောင့် အဖွဲ့ဝင်များထိခိုက်မှုအပြင်ငွေသားသိန်းသုံးဆယ်၊ ရုံးသုံး Computer တစ်လုံး၊ Solar သုံးချပ်၊ Hymon…

Read More

Loading

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ၆ နယ်မြေအတွင်း၌ တိုက်ပွဲများဆင်နွှဲနေသည့် ကျားသစ်နက်စစ်ကြောင်း၏ ထုတ်လုပ်ရေးအဖွဲ့မှ   လက်လုပ်အာရ်ပီဂျီစမ်းသပ်ပစ်ခတ်စဉ် မတော်တဆပေါက်ကွဲခဲ့ပြီးရဲဘော်တစ်ဦး ကျဆုံးခဲ့ရသည်ဟု သိရသည်။ ကျားသစ်နက်စစ်ကြောင်း၏ ရဲဘော်တင်ဆန်း(ခေါ်)  ကိုအောင်ဆန်း(၄၂နှစ်)သည် ယမန်နေ့ ဇန်နဝါရီလ ၂၄ရက်၊နံနက် ၁၀:၂၆နာရီတွင်  မတော်တဆပေါက်ကွဲမှု၌ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အဆိုပါဒဏ်ရာဖြင့်ပင်ကျဆုံးခဲ့သည်ဟုယနေ့တွင် ကျားသစ်နက်စစ်ကြောင်းက သတင်းထုတ်ပြန်သည်။ စည်းကမ်းပြည့်ဝပီး လွတ်လပ်မျှတသော ဖယ်ဒရယ်ဒီမိုကရေစီ‌ဖော်ဆောင်နိုင်ရေး…

Read More

Loading

စစ်ကောင်စီတိုက် လေယာဉ်ပျံသန်းမှု ရန်စသည့်လုပ်ရပ်ဟု SSPP တုံ့ပြန် ******************** သံလွင်ခက် ဇန်နဝါရီ ၂၄၊၂၀၂၃။ ရှမ်းပြည်တိုး တက်ရေးပါတီ SSPP/SSA ဌာနချုပ်တည်ရှိရာ ရှမ်းပြည်နယ်၊ ဝမ်းဟိုင်းမြို့နယ်အတွင်း စစ်ကောင်စီတပ် တိုက်လေယာဉ်ပျံသန်းမှုများရှိခဲ့သည်။ ယနေ့ ဇန်နဝါရီ ၂၄ ရက် နံနက် ၁၁:၅၀ နာရီ အချိန်တွင် စစ်ကောင်စီတပ်မှ…

Read More

Loading

ပိုလီယို အကြောသေ ရောဂါသည်တစ်ဦးနှင့် ဒေသခံ ၇ ဦး အဖမ်းခံရ *************** သံလွင်ခက်။ ဇန်နဝါရီ ၂၄၊ ၂၀၂၃။ စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တွင် စစ်ကောင်စီတပ်စစ်ကြောင်းနှင့် ထိပ်တိုက်တွေ့ဆုံခဲ့သည့် ပိုလီယို အကြောသေရောဂါခံစားနေရသူ တစ်ဦးအပါအဝင် ဒေသခံ ၈ ဦး ဖမ်းဆီးခံထားရသည်ဟု ဒေသခံများက သံလွင်ခက်သတင်းဌာနကို ပြောသည်။…

Read More

Loading

ဘုရားသုံးဆူတွင်တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှုရှိ ******************************* ဇန်နဝါရီ ၂၄ ၊ ၂၀၂၃ ။ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူတွင် ယမန်နေ့ညပိုင်းမှစ၍ ယနေ့နံနက်ပိုင်းအထိတိုက်ပွဲများအပြင်းအထန်ဖြစ်ပွားခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။ ဘုရားသုံးဆူမြို့ရှိ ထွေအုပ်ရုံး၊ စရဖရုံး၊ စည်ပင်ရုံး၊ လဝကရုံးနှင့် မြေစာရင်းရုံးများကို မြို့ပြပြောက်ကျားတပ်ဖွဲ့များက ယမန်နေ့ညပိုင်းတွင် တိုက်ခိုက်ခဲ့ပြီးနောက် ယနေ့နံနက်ပိုင်း၌…

Read More

Loading

NUG PDF တပ်ရင်းရှေ့တန်းစခန်းတစ်ခု ဝေဟင်၊မြေပြင်တို့မှ စီးနင်းတိုက်ခိုက်ခံရ ******************************** ဇန်နဝါရီ ၂၄ ၊ ၂၀၂၃ ။ စစ်ကောင်စီတပ်က အင်အားအလွန်အကျွံအသုံးပြု၍ ဝေဟင်နှင့် မြေပြင်တို့မှနေ၍ ရှေ့တန်းစခန်းနေရာတစ်ခုအား စီးနင်းတိုက်ခိုက်ခဲ့သောကြောင့် စစ်ကြောင်းမှူးတစ်ဦး ကျဆုံးခဲ့ရသည်ဟု NUG PDF တပ်ရင်းအမှတ် (၁၂၂၂)က ယမန်နေ့တွင်သတင်းထုတ်ပြန်သည်။ ယခုလ ဇန်နဝါရီ…

Read More

Loading

ဘုရားသုံးဆူမြို့ရှိ စစ်ကောင်စီဌာနရုံးများကို မြို့ပြပြောက်ကျားတပ်ဖွဲ့ မီးရှို့ဖျက်ဆီး ******************************** ဇန်နဝါရီ ၂၄၊ ၂၀၂၃ ။ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့ရှိ စစ်ကောင်စီဌာနရုံးများကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဘုရားသုံးဆူမြို့ပြပြောက်ကျားအဖွဲ့တာဝန်ရှိက သံလွင်ခက်ကို ပြောသည်။ ယမန်နေ့ ဇန်နဝါရီလ၂၃ရက် ညပိုင်းတွင် ဘုရားသုံးဆူမြို့ရှိ အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ စည်ပင်ရုံးနှင့်လူဝင်မှုကြီးကြပ်ရေးရုံးတို့ကို မြို့ပြပြောက်ကျားတပ်ဖွဲ့က မီးရှို့ဖျက်ဆီးခဲ့သည်။ “…

Read More

Loading

မြန်မာပြည်သူများ၏ အသက်အိုးအိမ်များကို ကာကွယ်နိုင်ရေးအတွက် လေယာဉ်ဆီများ ကန့်သတ်ပိတ်ဆို့ရေးဆောင်ရွက်ပေးရန် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများကို အမျိုးသားညီညွတ်ရေးအစိုးရက တောင်းဆိုထားသည်။ အကြမ်းဖက်စစ်အုပ်စုသည် ပြည်သူများအား ဦးတည်ချက်ထားသည့် လေကြောင်းတိုက်ခိုက်မှုများကို နိုင်ငံအနှံ့ကျူးလွန်လျက်ရှိပြီး သိသာထင်ရှားသောစစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်စုအပေါ်ကျူးလွန်နေသည့်ရာဇဝတ်မှုများဖြစ်သည်ဟု NUG နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဇန်နဝါရီ ၂၃ရက်စွဲပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေးတွင် အကြမ်းဖက်စစ်အုပ်စု၏…

Read More

Loading

စစ်ကိုင်းတိုင်း၊မုံရွာမြို့နယ်၊ ကူတို့ကုန်းရပ်ကွက်အတွင်းရှိ ပြည်လုံးချမ်းသာဘုန်းတော်ကြီးကျောင်းအတွင်းဖွင့်လှစ်ထားသည့် ပရိဟိတဆေးခန်းကို စစ်ကောင်စီတပ်ဖွဲ့၀င်များ၀င်ရောက်စီးနင်းခဲ့သည်ဟု ဒေသခံများက ပြောသည်။ စီးနင်းမှုကြောင့် ပြည်လုံးချမ်းသာဘုန်းတော်ကြီးကျောင်းမှ ဆရာတော် တစ်ပါးအဖမ်းခံလိုက်ရသည်ဟု ဒေသခံတစ်ဦးက ပြောသည်။ ယမန်နေ့ ဇန်နဝါရီလ ၂၂ ရက်နေ့ နံနက်၁၀ နာရီကျော်အချိန်တွင် စစ်ကောင်စီတပ်ဖွဲ့၀င်များက ပြည်လုံးချမ်းသာဘုန်းတော် ကြီးကျောင်းအတွင်းဖွင့်လှစ်ထားသည့် ရွှေတောင်မေတ္တာ အခမဲ့ဆေးခန်းအား ၀င်ရောက် စီးနင်း…

Read More

Loading

ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်တွင် အုပ်ချုပ်ရေးမှူးရုံးအတွင်းကို ဗုံးပစ်တိုက်ခိုက်ခဲ့သည့် UG ရဲဘော်တစ်ဦးအား အုပ်ချုပ်ရေးမှူးရုံးအနီးရှိ စားသောက်ဆိုင်မှလူများ ဝိုင်း၍ ရိုက်နှက်ဖမ်းဆီးမှုကြောင့် ကျဆုံးခဲ့ရသည်ဟုFLAက ယနေ့တွင်ထုတ်ပြန်ထားသည်။ နိုင်ငံရေးအကျဥ်းသားများအားလုံးအတွက် ကိုယ်စားပြုတိုက်ခိုက်ရေးအဖွဲ့ Freelance Attack Force – FLA ကယခုလ ဇန်နဝါရီလ ၂၁ ရက်၊ နေ့လည် ၁၂ နာရီခန့်တွင်…

Read More