• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • ဂါဇာတွင် ဖမ်းဆီးထားသည့် အစ္စရေးဓားစာခံ အီဗီယာတာ ဒေးဗစ်၏ ဗီဒီယို ဟားမတ်စ်အဖွဲ့ ထုတ်ပြန်
  • ညောင်ဦးမြို့နယ် ကျေးရွာများကို စစ်ကြောင်းထိုး၍ ဒေသခံသောင်းချီ တိမ်းရှောင်နေရ
  • မြန်မာရွှေ့ပြောင်းတွေအတွက် စိန်ခေါ်မှုဖြစ်နေသေးတဲ့ ထိုင်းကျန်းမာ‌ရေးစောင့်‌ရှောက်မှု – ဇာတ်သိမ်းပိုင်း
  • မြင်းခြံတွင် ပြည်သူများထံမှ လုယက်မှုများ ရှိနေ
  • လပတ်ကျေးရွာ ဒေသခံတွေကို တော်လှန်ရေးတပ်မှ တိုက်ခိုက်သည်ဟု စစ်ကောင်စီဝါဒဖြန့်
  • လေကြောင်းတိုက်ခိုက်ခံရ၍ တစ်ပတ်အတွင်း ပြည်သူ ၂၇ ဦး သေဆုံး
  • စစ်သုံ့ပန်းတွေကို ဘာကြောင့် လွှတ်ပေးတာလဲ
  • ပုဏ္ဏားကျွန်းမှ စစ်ဘေးရှောင်များ ပိုခက်ခဲလာ
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»နိုင်ငံတကာသတင်း»ဂါဇာတွင် ဖမ်းဆီးထားသည့် အစ္စရေးဓားစာခံ အီဗီယာတာ ဒေးဗစ်၏ ဗီဒီယို ဟားမတ်စ်အဖွဲ့ ထုတ်ပြန်
နိုင်ငံတကာသတင်း

ဂါဇာတွင် ဖမ်းဆီးထားသည့် အစ္စရေးဓားစာခံ အီဗီယာတာ ဒေးဗစ်၏ ဗီဒီယို ဟားမတ်စ်အဖွဲ့ ထုတ်ပြန်

thanlwinkhetBy thanlwinkhetAugust 4, 2025No Comments2 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

ဟားမတ်စ်အဖွဲ့သည် လပေါင်းများစွာအတွင်း ပထမဆုံးအကြိမ်အဖြစ် ဂါဇာရှိ မြေအောက်ဥမင်လိုဏ်ခေါင်းဟု ယူဆရသောနေရာတွင် ထိန်းသိမ်းထားသည့် အလွန်အမင်း ပိန်လှီချိနဲ့နေသော အစ္စရေးဓားစာခံတစ်ဦးကို ပြသထားသည့် ဝါဒဖြန့်ဗီဒီယိုတစ်ခုကို ထုတ်ပြန်ခဲ့သည်။
အသက် ၂၄ နှစ်အရွယ် အီဗီယာတာ ဒေးဗစ်သည် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်က လူပေါင်း ၁,၂၀၀ သေဆုံးပြီး ၂၅၀ ဦး ဓားစာခံအဖြစ် ဖမ်းဆီးခံခဲ့ရသည့် ဟားမတ်စ်အဖွဲ့၏ အကြမ်းဖက်တိုက်ခိုက်မှုအတွင်း နိုဗာဂီတပွဲတော်မှ ပြန်ပေးဆွဲခံခဲ့ရခြင်း ဖြစ်သည်။ ဗီဒီယိုထဲတွင် ဒေးဗစ်သည် ကျဉ်းမြောင်းသော ဥမင်လိုဏ်ခေါင်းထဲ၌ ပြက္ခဒိန်ပေါ်တွင် နေ့ရက်များကို အမှတ်အသားပြုနေစဉ် သိသိသာသာ ပိန်လှီနေပုံကို တွေ့ရသည်။
ဗီဒီယို၏ နောက်တစ်ပိုင်းတွင် သူ၏ သင်္ချိုင်းဖြစ်လာမည်ဟု ပြောဆိုသော မြေကျင်းတစ်ခုကို အတင်းအဓမ္မတူးခိုင်းခံနေရပုံကို ပြသထားသည်။ ဟားမတ်စ်၏ ဝါဒဖြန့်ဗီဒီယိုတွင် ငတ်မွတ်နေသော ပါလက်စတိုင်းကလေးငယ်များ၏ ပုံရိပ်များကိုလည်း ကြားညှပ်ထည့်သွင်းထားသည်။
ဂီတမျိုးရိုးမှ ဆင်းသက်လာပြီး ဂစ်တာနှင့် စန္ဒရားတီးခတ်သူ ဒေးဗစ်သည် ဟားမတ်စ်နှင့် အခြားစစ်သွေးကြွများက ဆက်လက်ထိန်းသိမ်းထားသည့် သက်ရှိဓားစာခံ အယောက် ၂၀ ခန့်အနက်မှ တစ်ဦးဖြစ်သည်။ အောက်တိုဘာ ၇ ရက် ဟားမတ်စ်အကြမ်းဖက်တိုက်ခိုက်မှုအတွင်း ဖမ်းဆီးခေါ်ဆောင်သွားသူ ၂၅၀ ခန့်အနက် ၁၄၀ ဦးကို ညှိနှိုင်းမှုများအတွင်း ပြန်လွှတ်ပေးခဲ့ပြီး ရှစ်ဦးကို ကယ်တင်နိုင်ခဲ့ကာ ဖမ်းဆီးခံထားရစဉ် သို့မဟုတ် ကယ်ဆယ်ရေးကြိုးပမ်းမှုများအတွင်း သေဆုံးသွားသူ ၅၇ ဦး၏ ရုပ်အလောင်းများကို ပြန်လည်ရရှိခဲ့သည်။
ဗီဒီယိုအား မဖြန့်ချိရန် တောင်းဆိုခဲ့သော ဒေးဗစ်၏ မိသားစုက သူသည် “ဟားမတ်စ်၏ ဂါဇာဥမင်လိုဏ်ခေါင်းများထဲတွင် တမင်တကာ ရည်ရွယ်ချက်ရှိရှိ အငတ်ထားခံခဲ့ရသည်” ဟု ထုတ်ပြန်ပြောကြားခဲ့ပြီး သူ့ကို “သက်ရှိအရိုးစု၊ အရှင်လတ်လတ်မြေမြှုပ်ခံထားရသူ” ဟု သုံးနှုန်းဖော်ပြခဲ့သည်။ “ကျွန်တော်တို့ရဲ့ သားကို ဝါဒဖြန့်လှုံ့ဆော်မှုတစ်ခုရဲ့ အစိတ်အပိုင်းအဖြစ် တမင်တကာအငတ်ထားခြင်းက ကမ္ဘာကြီးမြင်တွေ့ခဲ့ရသမျှမှာ အထိတ်လန့်ဖွယ်အကောင်းဆုံး လုပ်ရပ်တွေထဲက တစ်ခုဖြစ်တယ်။ သူဟာ ဟားမတ်စ်ရဲ့ ဝါဒဖြန့်မှုအတွက် သက်သက် အငတ်ထားခံနေရတာဖြစ်တယ်” ဟု ၎င်းတို့က ထပ်လောင်းပြောခဲ့သည်။
ဟားမတ်စ်အဖွဲ့နှင့် ဆက်စပ်နေသော အခြားစစ်သွေးကြွအဖွဲ့တစ်ခုဖြစ်သည့် ပါလက်စတိုင်းအစ္စလာမ္မစ်ဂျီဟတ်အဖွဲ့ကလည်း အခြားအစ္စရေးဓားစာခံတစ်ဦးဖြစ်သူ ရွမ် ဘရာစလပ်စကီး၏ ဗီဒီယိုကို ထုတ်ပြန်ပြီး တစ်ရက်အကြာတွင် ယခုဗီဒီယိုထွက်ပေါ်လာခြင်းဖြစ်သည်။
သမ္မတ ဒေါ်နယ်ထရန့်၏ အရှေ့အလယ်ပိုင်းဆိုင်ရာ အထူးသံတမန် စတိဗ် ဝစ်ကော့ဖ်သည် တဲလ်အဗစ်မြို့တွင် ဓားစာခံများ၏ မိသားစုများနှင့် စနေနေ့က တွေ့ဆုံခဲ့ပြီး ဓားစာခံအားလုံးကို အိမ်ပြန်ခေါ်ဆောင်နိုင်မည့် သဘောတူညီချက်တစ်ခု ညှိနှိုင်းရာတွင် သမ္မတထရန့်နှင့် မိမိတို့ “အောင်မြင်မည်” ဟု ယုံကြည်ကြောင်း ပြောခဲ့သည်။
“အခု ကျွန်တော်တို့ (သက်ရှိဓားစာခံ) အယောက် ၂၀ လုံးကို တစ်ချိန်တည်းမှာ ပြန်ရဖို့လိုပါတယ်။ လူတိုင်း အိမ်ပြန်လာနိုင်အောင် ဒီညှိနှိုင်းမှုကို အားလုံး သို့မဟုတ် ဘာမှမရ ဆိုတဲ့ပုံစံကို ပြောင်းရမယ်လို့ ကျွန်တော်တို့ ထင်ပါတယ်။ ဒါက အောင်မြင်မယ်လို့ ကျွန်တော်တို့ယုံကြည်ပြီး ဒီအတွက် အစီအစဉ်တစ်ခုလည်း ရှိပါတယ်” ဟု ဝစ်ကော့ဖ်က ပြောကြောင်း Axios က ဖော်ပြခဲ့သည်။
“သမ္မတထရန့်က အခု လူတိုင်း တစ်ပြိုင်နက်တည်း အိမ်ပြန်လာသင့်တယ်လို့ ယုံကြည်နေပါတယ်။ တစ်စိတ်တစ်ပိုင်း သဘောတူညီချက်တွေ မလုပ်တော့ပါဘူး။ အဲဒါက အလုပ်မဖြစ်ပါဘူး။” ဂါဇာတွင် အငတ်ဘေးအကျပ်အတည်း ပျံ့နှံ့နေချိန်တွင် ဟားမတ်စ်နှင့် အစ္စရေးကြား အပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲများမှာ ဆက်လက်ရပ်တန့်နေဆဲဖြစ်ပြီး ကုလသမဂ္ဂ (UN) ကျောထောက်နောက်ခံပြု နိုင်ငံတကာစားနပ်ရိက္ခာဖူလုံရေးအဖွဲ့က ဒေသအတွင်း “အဆိုးရွားဆုံး အငတ်ဘေးအခြေအနေ” ဖြစ်ပေါ်နေသည်ဟု သတိပေးထားသည်။
ဂါဇာသို့ လူသားချင်းစာနာမှုအကူအညီများဝင်ရောက်ခွင့်သည် “အလွန်အမင်း ကန့်သတ်ခံထားရဆဲ” ဖြစ်ပြီး အငတ်ဘေးအဆင့်သည် “ဤရာစုနှစ်အတွင်း ကျွန်ုပ်တို့မြင်တွေ့ခဲ့ရသမျှနှင့်မတူ” ဟု UN ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ၏ အရေးပေါ်ဌာန ဒါရိုက်တာက ပြောခဲ့သည်။
အစ္စရေးသည် ယခုအခါ “လူသားချင်းစာနာမှုဆိုင်ရာ ခေတ္တရပ်နားမှုများ” ကို ခွင့်ပြုထားပြီး တနင်္ဂနွေနေ့တွင် အကူအညီပေးရေးထရပ်ကား ၁၀၀ ကျော် ဂါဇာသို့ ဝင်ရောက်ခွင့်ပြုခဲ့သည်ဟုလည်း ပြောခဲ့သည်။ ဝစ်ကော့ဖ်နှင့် အစ္စရေးဆိုင်ရာ အမေရိကန်သံအမတ် မိုက် ဟပ်ကဘီတို့သည် အငြင်းပွားဖွယ်ရာ ဖြစ်နေသည့် အစ္စရေးနှင့် အမေရိကန်ကျောထောက်နောက်ခံပြု ဂါဇာလူသားချင်းစာနာမှုဖောင်ဒေးရှင်း (GHF) လည်ပတ်သည့် ဂါဇာရှိ အကူအညီပေးရေးနေရာတစ်ခုသို့ သောကြာနေ့က သွားရောက်ခဲ့သည်။
မေလကုန်ပိုင်းမှစ၍ အစားအစာရှာဖွေစဉ် ပါလက်စတိုင်းလူမျိုး ၁,၃၇၃ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၎င်းတို့အနက် ၈၅၉ ဦးမှာ GHF နေရာများတွင်ဖြစ်ကြောင်း ကုလသမဂ္ဂက ပြောကြားခဲ့သည်။ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) ကမူ အကူအညီဖြန့်ချီရေးနေရာများအနီး အရပ်သားသေဆုံးမှုသတင်းများကို သုံးသပ်နေသည်ဟု တုံ့ပြန်ခဲ့သည်။
“IDF သည် အမေရိကန်အရပ်ဘက်အဖွဲ့အစည်း (GHF) အား ဂါဇာဒေသခံများထံ အကူအညီများဖြန့်ဝေရာတွင် လွတ်လပ်စွာလုပ်ဆောင်ခွင့်ပြုထားပြီး အစားအစာများကို စနစ်တကျပေးပို့နိုင်ရန် ဖြန့်ချီရေးနေရာသစ်များအနီးတွင် စစ်ဆင်ရေးများ လုပ်ဆောင်လျက်ရှိသည်” ဟု TIME သို့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“IDF တပ်ဖွဲ့ဝင်များသည် ဒေသအတွင်း စစ်ဆင်ရေးဆိုင်ရာတုံ့ပြန်မှုများကို တိုးတက်စေရန်နှင့် အရပ်သားပြည်သူများနှင့် IDF တပ်ဖွဲ့ဝင်များအကြား ပွတ်တိုက်မှုမှန်သမျှကို တတ်နိုင်သမျှ အနည်းဆုံးဖြစ်အောင် စနစ်တကျပြန်လည်သုံးသပ်သည့် လုပ်ငန်းစဉ်များကို လုပ်ဆောင်နေသည်” ဟုလည်း ဖော်ပြထားသည်။
ပုံစာ – ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်က အေသင်မြို့၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတစ်ခု၌ အောက်တိုဘာလ ၇ ရက် တိုက်ခိုက်မှုအတွင်း ဟားမတ်စ်စစ်သွေးကြွများက ဖမ်းဆီးခဲ့ပြီး ဂါဇာတွင် ဓားစာခံအဖြစ် ထိန်းသိမ်းခံထားရသူ အီဗီယာတာ ဒေးဗစ်၏ ပုံတူဓာတ်ပုံဘေးတွင် သူ၏ မိခင် ဂါလီယာ ဒေးဗစ် (ဘယ်) နှင့် အစ်ကိုဖြစ်သူ အီလေ ယိုးဆက်ဖ် ဒေးဗစ် (ညာ) တို့ကို တွေ့ရစဉ်။ (AFP/Getty Images)

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleညောင်ဦးမြို့နယ် ကျေးရွာများကို စစ်ကြောင်းထိုး၍ ဒေသခံသောင်းချီ တိမ်းရှောင်နေရ
thanlwinkhet
  • Website

Related Posts

ညောင်ဦးမြို့နယ် ကျေးရွာများကို စစ်ကြောင်းထိုး၍ ဒေသခံသောင်းချီ တိမ်းရှောင်နေရ

August 4, 2025

မြန်မာရွှေ့ပြောင်းတွေအတွက် စိန်ခေါ်မှုဖြစ်နေသေးတဲ့ ထိုင်းကျန်းမာ‌ရေးစောင့်‌ရှောက်မှု – ဇာတ်သိမ်းပိုင်း

August 3, 2025

မြင်းခြံတွင် ပြည်သူများထံမှ လုယက်မှုများ ရှိနေ

August 3, 2025

Leave A Reply Cancel Reply

Recent Posts

  • ဂါဇာတွင် ဖမ်းဆီးထားသည့် အစ္စရေးဓားစာခံ အီဗီယာတာ ဒေးဗစ်၏ ဗီဒီယို ဟားမတ်စ်အဖွဲ့ ထုတ်ပြန်
  • ညောင်ဦးမြို့နယ် ကျေးရွာများကို စစ်ကြောင်းထိုး၍ ဒေသခံသောင်းချီ တိမ်းရှောင်နေရ
  • မြန်မာရွှေ့ပြောင်းတွေအတွက် စိန်ခေါ်မှုဖြစ်နေသေးတဲ့ ထိုင်းကျန်းမာ‌ရေးစောင့်‌ရှောက်မှု – ဇာတ်သိမ်းပိုင်း
  • မြင်းခြံတွင် ပြည်သူများထံမှ လုယက်မှုများ ရှိနေ
  • လပတ်ကျေးရွာ ဒေသခံတွေကို တော်လှန်ရေးတပ်မှ တိုက်ခိုက်သည်ဟု စစ်ကောင်စီဝါဒဖြန့်

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

ဂါဇာတွင် ဖမ်းဆီးထားသည့် အစ္စရေးဓားစာခံ အီဗီယာတာ ဒေးဗစ်၏ ဗီဒီယို ဟားမတ်စ်အဖွဲ့ ထုတ်ပြန်

ညောင်ဦးမြို့နယ် ကျေးရွာများကို စစ်ကြောင်းထိုး၍ ဒေသခံသောင်းချီ တိမ်းရှောင်နေရ

မြန်မာရွှေ့ပြောင်းတွေအတွက် စိန်ခေါ်မှုဖြစ်နေသေးတဲ့ ထိုင်းကျန်းမာ‌ရေးစောင့်‌ရှောက်မှု – ဇာတ်သိမ်းပိုင်း

မြင်းခြံတွင် ပြည်သူများထံမှ လုယက်မှုများ ရှိနေ

ယခင်သတင်းများ

  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ဓာတ်ပုံသတင်း
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရေဒီယို
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

ဂါဇာတွင် ဖမ်းဆီးထားသည့် အစ္စရေးဓားစာခံ အီဗီယာတာ ဒေးဗစ်၏ ဗီဒီယို ဟားမတ်စ်အဖွဲ့ ထုတ်ပြန်

August 4, 2025

ညောင်ဦးမြို့နယ် ကျေးရွာများကို စစ်ကြောင်းထိုး၍ ဒေသခံသောင်းချီ တိမ်းရှောင်နေရ

August 4, 2025

မြန်မာရွှေ့ပြောင်းတွေအတွက် စိန်ခေါ်မှုဖြစ်နေသေးတဲ့ ထိုင်းကျန်းမာ‌ရေးစောင့်‌ရှောက်မှု – ဇာတ်သိမ်းပိုင်း

August 3, 2025

မြင်းခြံတွင် ပြည်သူများထံမှ လုယက်မှုများ ရှိနေ

August 3, 2025

လပတ်ကျေးရွာ ဒေသခံတွေကို တော်လှန်ရေးတပ်မှ တိုက်ခိုက်သည်ဟု စစ်ကောင်စီဝါဒဖြန့်

August 2, 2025

လေကြောင်းတိုက်ခိုက်ခံရ၍ တစ်ပတ်အတွင်း ပြည်သူ ၂၇ ဦး သေဆုံး

August 2, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.