ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်တွင် အုပ်ချုပ်ရေးမှူးရုံးအတွင်းကို ဗုံးပစ်တိုက်ခိုက်ခဲ့သည့် UG ရဲဘော်တစ်ဦးအား အုပ်ချုပ်ရေးမှူးရုံးအနီးရှိ စားသောက်ဆိုင်မှလူများ ဝိုင်း၍ ရိုက်နှက်ဖမ်းဆီးမှုကြောင့် ကျဆုံးခဲ့ရသည်ဟုFLAက ယနေ့တွင်ထုတ်ပြန်ထားသည်။
နိုင်ငံရေးအကျဥ်းသားများအားလုံးအတွက် ကိုယ်စားပြုတိုက်ခိုက်ရေးအဖွဲ့ Freelance Attack Force – FLA ကယခုလ ဇန်နဝါရီလ ၂၁ ရက်၊ နေ့လည် ၁၂ နာရီခန့်တွင် တောင်ဥက္ကလာပမြို့နယ် ၁၄ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအတွင်းသို့ လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
ထို့နောက် FLA ရဲဘော်များမှ မစ်ရှင်ပြီးမြောက် ၍ ပြန်လည်ဆုတ်ခွာလာချိန်တွင် ၁၄ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး နဘေးရှိ ငွေတောင် စားသောက်ဆိုင်မှ ဝန်ထမ်းများနှင့် လူတချို့ကဝိုင်းဝန်း ရိုက်နှက်ဖမ်းဆီးခဲ့သည်။
ရိုက်နှက်ဖမ်းဆီးမှုကြောင့် FLAအဖွဲ့၏ ရဲဘော်တစ်ဦးဖြစ်သူ ရဲဘော်ချောကလက်(ခ ) ရဲဘော်သာဒင်မှာ ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီး ကျဆုံးခဲ့ရသည်ဟု FLA က ထုတ်ပြန်ထားသည်။
အဆိုပါဖြစ်ရပ်ကြောင့် Freelance Attack Force – FLA အဖွဲ့အနေဖြင့် များစွာ ဝမ်းနည်း ယူကြုံးမရဖြစ်ရပြီးရဲဘော် ချောကလက် (ခ ) သာဒင်၏ သွေးကြွေးအဖြစ် ငွေတောင်စားသောက်ဆိုင် အသိုက်အဝန်းအား တိုက်ခိုက်ခြေမှုန်းသွားမည်ဟုFLA က အသိပေးထုတ်ပြန်ကြေညာသည်။
ထို့ကြောင့် ပြည်သူ လူထုအနေဖြင့်လည်း အဆိုပါ ငွေတောင်စားသောက်ဆိုင်၌ စားသောက် ပျော်ပါး သွားလာမှုများ မပြုလုပ်ကြရန် FLAအဖွဲ့က အထူးသတိပေး မေတ္တာရပ်ခံ ထုတ်ပြန်ထားသည်။