မတ် ၂၉၊ ၂၀၂၃ ။ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ် WFP၏ ကူညီထောက်ပံ့မှုများကို စစ်ကောင်စီက ရာနှုန်းပြည့်ထိန်းချုပ်ထားသည့်အတွက် ကရင်နီပြည်နယ်အတွင်း၌ စစ်ဘေးရှောင်အနည်းငယ်သာ WFPထောက်ပံ့မှုကိုရရှိသည်ဟု ကရင်နီလူ့အခွင့်အရေးအဖွဲ့ဒါရိုက်တာ ဦးဗညားကသံလွင်ခက်ကိုပြောသည်။ ကရင်နီပြည်တွင် ယခုမတ်လအတွင်းစစ်ကြောင်းထိုးနေမှုများနှင့်တိုက်ပွဲများပြင်းထန်နေမှုကြောင့် စစ်ဘေးရှောင်နှစ်သိန်းခွဲဝန်းကျင်အထိတိုးလာပြီးစစ်ရှောင်များမှာ အရေးပေါ်အကူအညီများလိုအပ်နေသည်ဟုကူညီပေးနေသူများထံမှသိရသည်။ ကရင်နီပြည်နယ်အတွင်း၌ စစ်ကောင်စီတပ်၏ လက်နက်ကြီးများပစ်ခတ်မှုနှင့်လေကြောင်းမှတိုက်ခိုက်မှုများကြောင့် စစ်ရှောင်များမှာ ထိခိုက်သေဆုံးမှုများရှိနေသည့်အပြင် အရေးပေါ်လိုအပ်သည့် ဆေးဝါး၊အစားအသောက်နှင့်အမိုးအကာတို့အတွက် နိုင်ငံတကာအဖွဲ့အစည်းများထံမှ အကူအညီများမရရှိသေးဟု…