သံလွင်ခက် မေ ၁၄၊ ၂၀၂၃။ မိုခါမုန်တိုင်းအရှိန်ကြောင့် ချင်းပြည်နယ်မြို့နယ်တချို့တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုများရှိကာ ယနေ့နံနက်ပိုင်း၌ ဖုန်းလိုင်းများ ပြတ်တောက်နေသည်ဟု ဒေသခံများထံမှ သိရသည်။ လက်ရှိမုန်တိုင်းဝင်ရောက်နေရာ ရခိုင်ပြည်နယ်နှင့်အနီးဆုံး ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် ယမန်နေ့ ညနေပိုင်းမှစ၍ ကမ်းရိုးတမ်းဖုန်းများပင် ဆက်သွယ်၍ မရတော့ဟု ဝန်ကြီးဟောင်း ဆလိုင်းအိုက်ဇက်ခင်ထံမှ သိရသည်။…