Browsing: နေ့စဉ်သတင်း

Loading

ကျိုက်မရောမြို့နယ် ဓမ္မသနှင့် သံကလောင်ရွာကြား နှစ်ဖက်တိုက်ပွဲဖြစ်ပွား ******* သဇင် မတ် ၃၀၊ ၂၀၂၄။ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ရှိ ဓမ္မသကျေးရွာနှင့် သံကလောင်ကျေးရွာကြားတွင် စစ်ကောင်စီတပ်နှင့် တော် လှန်ရေးပူးပေါင်းတပ်များ နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု ဒေသခံများထံက သိရသည်။ ကော့ဘိန်းတိုက်ပွဲဖြစ်ပွားပြီးနောက် ကျိုက်မရောမြို့နယ် တရနာကျေးရွာဘက်တွင် ဝင်ရောက်တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် ဓမ္မသကျေးရွာအနီးရှိ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်များကြား…

Read More

Loading

ရခိုင်တွင် တိုက်ပွဲမရှိသည့်နေရာများကိုပင် စစ်ကောင်စီလေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက် ****** ခင်သရဖီဦး မတ် ၃၀၊ ၂၀၂၄။ ရခိုင်ပြည်နယ်စစ်မျက်နှာပြင်တွင် ‌အရေးနိမ့်နေသည့် စစ်ကောင်စီတပ်သည် ရက္ခိုင့်တပ်တော် – AA သိမ်းပိုက်ထား သောမြို့နယ်များအား ဂျက်ဖိုက်တာများဖြင့် နေ့စဉ်နီးပါးဗုံးကြဲတိုက်ခိုက်နေသည်ဟု ဒေသခံများထံက သိရသည်။ စစ်ကောင်စီတပ်သည် ရခိုင်ပြည်နယ်တွင်လက်လွတ်ခဲ့ရသည့် မင်းပြား၊ မြေပုံ၊ ရသေ့တောင်၊…

Read More

Loading

ဆီဆိုင်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ပြီဟု စစ်ကောင်စီ ဝါဒဖြန့် ***** သံလွင်ခက် မတ် ၃၀ ၊ ၂၀၂၄။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ပြီဟု စစ်ကောင်စီက ၎င်းတို့၏ ယနေ့ထုတ်သတင်းစာများတွင် ဖော်ပြသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များက ဖေဖော်ဝါရီ ၂၇ ရက်ကစပြီး ဆီဆိုင်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရန် ထိုးစစ်ဆင်ခဲ့သည်။…

Read More

Loading

ပြည်သူများကိုဗုံးကြဲနေသည့် လေတပ်စခန်းအား မြို့ပြပြောက်ကျားတပ်ဖွဲ့တိုက်ခိုက် ******* ယမင်းဖူးပွင့်အောင် မတ် ၃၀၊ ၂၀၂၄။ ရန်ကုန်တိုင်း၊ မင်္ဂလာဒုံလေတပ်အိမ်ရာဝင်းနှင့် အင်းစိန်မြို့နယ်ရှိနေရာများအား မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်များက ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ ထိခိုက်မှုရှိခဲ့သည်ဟု ဒေသခံများထံကသိရသည်။ ယမန်နေ့ ည ၈ နာရီတွင် မင်္ဂလာဒုံလေတပ်အိမ်ရာဝင်းနှင့် အင်းစိန်မြို့နယ် ခရေပင်လမ်း ဒညင်းကုန်းရပ်ကွက်ရှိ အမှတ် ၁…

Read More

Loading

လေကြောင်း၊ လက်နက်ကြီးများကြောင့် ဝှေ့ရှမ်းကျေးရွာက နေအိမ်နှင့် ဆိုင်များပျက်စီး **** နန်းဆုပန်ခန့် မတ် ၂၉၊ ၂၀၂၄။ ကရင်ပြည်နယ်၊ မြဝတီမြို့ကုန်သွယ်ရေးဇုန်အနီးရှိ ဝှေ့ရှမ်းကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့်ပစ်ခတ်ခြင်းတို့ကြောင့် ဆိုင်နှင့် လူနေအိမ်များ ပျက်စီးခဲ့ရသည်ဟု ဒေသခံများထံက သိရသည်။ မတ်လ ၂၈ ရက် ညနေ ၆…

Read More

Loading

စစ်ကောင်စီက ဓမ္မသရွာကို လက်နက်ကြီးများဖြင့် ဆက်လက်ပစ်ခတ်နေ ******* သဇင် မတ် ၂၉၊ ၂၀၂၄။ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ဓမ္မသကျေးရွာအား ယနေ့ မတ်လ၂၉ ရက် မွန်းလွဲပိုင်းအထိ စစ်ကောင်စီ တပ်က အမြောက်ဖြင့်ပစ်ခတ်နေသည်ဟု ဒေသခံများထံက သိရသည်။ ယနေ့မတ်လ ၂၉ ရက် မွန်းလွဲ ၂…

Read More

Loading

ဘူးသီးတောင်ရှိ တောင်ဘဇာတပ်စခန်းကို AA သိမ်းပိုက် ***** ခင်သရဖီဦး မတ် ၂၉၊ ၂၀၂၄။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ရှိ စစ်ကောင်စီ၏ တောင်ဘဇာတပ်စခန်းကို မတ်လ ၂၅ ရက်က သိမ်းပိုက် လိုက်သည်ဟု ရက္ခိုင့်တပ်တော် – AA က မတ်လ ၂၈ ရက်တွင်ထုတ်ပြန်သည်။ အဆိုပါထုတ်ပြန်ချက်၌…

Read More

Loading

ဆီဆိုင်စစ်ရှောင် ၁ ဦး ကိုယ့်ကိုယ်ကိုအဆုံးစီရင် ******* ယမင်းဖူးပွင့်အောင် မတ် ၂၉၊ ၂၀၂၄။ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်တွင် စစ်ရှောင်အမျိုးသား ၁ ဦး ကိုယ့်ကိုယ်ကိုအဆုံးစီရင်သွားသည်ဟု ဒေသခံများထံက သိရသည်။ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ဆီဆိုင်မြို့နယ်တွင်စစ်ရှောင်နေသည့် ကောင်တောင်ရိုးရွာဒေသခံ ဖြားခွန်စိန် သည် စားသောက်ရေးအတွက်ခက်ခဲနေသဖြင့် အဆိပ်သောက်၍ မိမိကိုယ်ကိုအဆုံးစီရင်သွားခြင်းဖြစ်သည်ဟု စစ်ရှောင်အရေးကူညီပေးနေသူ…

Read More

Loading

ဓမ္မသရွာမီးလောင်တိုက်သွင်းခံရမှုကြောင့် စစ်ကောင်စီကိုအမြစ်ပြတ်ချေမှုန်းမည်ဟု မွန်အဖွဲ့များပြော ******* သဇင် မတ်လ ၂၈၊ ၂၀၂၄။ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ရှိ ဓမ္မသကျေးရွာအား မီးလောင်တိုက်သွင်းဖျက်ဆီးနေသည့်စစ်ကောင်စီကို အမြစ်ပြတ်ချေမှုန်းသွားမည်ဟု မွန်လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များထံက သိရသည်။ မတ်လ ၂၇ ရက် ညနေပိုင်းကစ၍ ကျိုက်မရောမြို့နယ်၊ ဓမ္မသကျေးရွာကို လေကြောင်း၊ ရေကြောင်း၊ ကုန်းကြောင်း တို့ကနေ လက်နက်ကြီးများဖြင့်…

Read More

Loading

ရန်ကုန်တိုင်းရှိလူငယ်များ စစ်မှုထမ်းရန်ဝင်ရောက်လာဟု စစ်ကောင်စီမီဒီယာများဝါဒဖြန့် ******* ယမင်းဖူးပွင့်အောင် မတ် ၂၉၊ ၂၀၂၄။ ရန်ကုန်တိုင်းအတွင်းရှိမြို့နယ်များကလူငယ်များ ပြည်သူ့စစ်မှုထမ်းသင်တန်းတက်ရောက်ရန် ဝင်ရောက်လာကြပြီဖြစ်သည်ဟု စစ်ကောင်စီမီဒီယာများတွင် ဝါဒဖြန့်ရေးသားဖော်ပြနေကြသည်။ စစ်မှုထမ်းဥပဒေလုပ်ငန်းစဉ်များကို သင်္ကြန်အပြီးစတင်အကောင် အထည်ဖော်မည်ဟု စစ်ကောင်စီဘက်ကပြောဆိုထားသော်လည်း သတ်မှတ်ရက်ထက်စော၍ စစ်ကောင်စီကဆောင်ရွက်နေခြင်းဖြစ် သည်။ မတ်လအစောပိုင်းကစတင်၍ စစ်ကောင်စီအပြည့်အဝထိန်းချုပ်ရာမြို့များတွင် ရပ်ကွက်အလိုက် စစ်မှုထမ်းသင်တန်းတက်ရောက်ရန် စာရင်းကောက်ခံခြင်းများပြုလုပ်ခဲ့သည်။ ပြည်သူ့စစ်မှုထမ်းသင်တန်းတက်ရောက်ရန်…

Read More