စစ်မှုထမ်းရန် လူသစ်စုဆောင်းနေသည့် ပြည်ခရိုင် အုပ်ချုပ်ရေးမှူး၂ ဦး ရှင်းလင်းခံရ
***************
သဇင်
ဇွန် ၁၊၂၀၂၄။
စစ်ကောင်စီအတွက် စစ်မှုထမ်းရန် တပ်သားသစ်စုဆောင်းပေးနေသည့် ပြည်ခရိုင်ရှိ အုပ်ချုပ်ပေးမှူး (၂)ဦးကို ပစ်ခတ်ရှင်းလင်းခဲ့သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။
ပြီးခဲ့သည့် မေလ ၃၁ ရက်တွင် ပဲခူးတိုင်း၊ပြည်ခရိုင်၊ပေါက်ခေါင်းမြို့နယ်၊ကြိုပင်အုပ်စုရှိ အုပ်ချုပ်ရေးမှူးနှင့် ပြည်ခရိုင်၊သဲကုန်းမြို့နယ်၊ဓါးသွေးကျောက်အုပ်စု ရှိ ယာယီအုပ်ချုပ်ရေးမှူးအား ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့များက ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်သည်။
မတ်လ ၃၁ရက် နေလည်(၂)နာရီခွဲခန့်တွင် ကြို့ပင်ဝိုင်းအုပ်စု အုပ်ချုပ်ရေးမှူးအား ကြို့ပင်ဝိုင်းရွာအနီး ပေါင်းတလည်ဘက်သို့ဆိုင်ကယ်ဖြင့်သွားချိန်တွင် သေနတ်ဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ရာဦးခေါင်းထိမှန်ပြီး နေရာတင်ပွဲချင်းပြီးသေဆုံးခဲ့ခြင်းဖြစ်သည်။
ထို့နောက် ည(၇)နာရီခန့်တွင်ပင် ဓါးသွေးကျောက်ရွာ ယာယီအုပ်ချုပ်ရေးမှူးအား သူ၏နေအိမ်၌ သေနတ်ဖြင့် ပစ်ခတ်ရှင်းလင်းရာဦးခေါင်းနှင့်နောက်ကျောထိမှန်ပြီး သေဆုံးသွားခဲ့သည် ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ ထုတ်ပြန်ချက်အရသိရသည်။
စစ်ကောင်စီ ခန့်အပ်ထားသည့် အုပ်ချုပ်ရေးမှူးများသည် လူငယ်လူရွယ်များက်ို စစ်မှု့ထမ်းရန် အတင်းအကြပ် စုဆောင်းခြင်း၊ကျေးရွာအုပ်စုအတွင်း လောင်းကစားဝိုင်းထောင်ကာ စစ်တပ်ထံ ထောက်ပံ့ခြင်း၊တော်လှန်ရေးအဖွဲ့ဝင် များ၏ သတင်းအား စစ်ကောင်စီထံ ပေးခြင်းများ လုပ်ဆောင်နေသည့်အတွက် ပစ်ခတ်ရှင်းလင်းရခြင်း ဖြစ်သည်ဟု ၃၆၀၁ PPDFတပ်ရင်း ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားတာဝန်ခံက ဆိုသည်။
၎င်းက “ကျွန်တော်တို့က အုပ်ချုပ်ရေးမှူးတွေကို ပစ်မှတ်ထားရှင်းလင်းနေတာဖြစ်တယ်။ပြည်သူတွေကို အမျိုးမျိုး စိတ်ဒုက္ခပေးပြီး တပ်သားသစ်တွေကို သူတို့ကအဓိက စုဆောင်းပေးနေတဲ့အတွက် ရှင်းလင်းရတာဖြစ်တယ်”ဟုဆိုသည်။
စစ်ကောင်စီ လက်အောက်ခံ အုပ်ချုပ်ရေးမှူးများ ရှင်းလင်းခံရပြီးနောက် ယနေ့ ဇွန်လ ၁ရက် မနက်ပိုင်းတွင် စစ်ကောင်စီတပ်က ကျေးရွာအတွင်း ဝင်ရောက်စစ်ဆေးမှုများ လုပ်ဆောင်ခဲ့သည်ဟုသိရသည်။
၃၆၀၁ PPDFတပ်ရင်း ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားတာဝန်ခံက”သဲကုန်းဘက်ကနေ စစ်ကား၂စီးနဲ့ ဓါးသွေးကျောက်ဘက်ကို မနက် ၉နာရီလောက်ရောက်ရှိလာပြီး ၉နာရီခွဲမှာပြန်ထွက်သွားတယ်။နာရီဝက်အတွင်း ရွာထဲမှာ စစ်ဆေးမှု ပြုလုပ်သွားတယ်လို့ သတင်းရပါတယ်”ဟုဆိုသည်။
လက်ရှိတွင် စစ်မှုထမ်းအပတ်စဥ် ၃ အတွက် ဇွန်လအတွင်း လူစုထားရန် စစ်ကောင်စီက ၎င်းတို့၏ လက်အောက်ခံ တိုင်မှူးများအား ညွှန်ကြားထားသည်။
ပုံစာ – ပစ်ခတ်ရှင်းလင်းမှုကြောင့် သေဆုံးခဲ့သည့် ပြည်ခရိုင်သဲကုန်းမြို့နယ် ဓါးသွေးကျောက်အုပ်စုအုပ်ချုပ်ရေးမှူး ။
****
Telegram – > https://thanlwinkhet.net/?p=10294
YouTube -> https://youtu.be/b23CL15_vH0
Website -> https://thanlwinkhet.net/?p=10294