သံလွင်ခက် စက်တင်ဘာ ၁၂၊ ၂၀၂၄။ မြန်မာ့ရိုးရာလက်ဝှေ့ကစားသမား ထွန်းထွန်းမင်းက သူဘဝရဲ့ပထမဆုံး မြန်မာ့လက်ဝှေ့ကမ္ဘာ့ချန်ပီယံခါးပတ်ကို ရေဘေးသင့်ပြည်သူတွေအတွက် လေလံတင်ရောင်းချသွားမယ်လို့ ဒီကနေ့မှာ ပြောဆိုလိုက်ပါတယ်။ “ဒီခါးပတ်ကိုရရှိဖို့ ကျွန်တော့ရဲ့အသက်နဲ့ ရင်းပြီးကြိုးစားခဲ့သလို ကျွန်တော်တန်ဖိုးထားမြတ်နိူးတဲ့ ခါးပတ်ဖြစ်နေပေမယ့်လည်း ရေဘေးသင့်ပြည်သူတွေနဲ့ယှဥ်လာတဲ့အခါ ကျွန်တော့မှာ ခံနိုင်ရည်မရှိတော့ပါဘူး။ ဒါ့ကြောင့် ကျွန်တော့အနေနဲ့ ဒီခါးပတ်ရဲ့လေလံပွဲလေးကို ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်” လို့ ထွန်းထွန်းမင်းက…