သံလွင်ခက်
စက်တင်ဘာ ၁၆၊ ၂၀၂၄။
ကရင်ပြည်နယ် မူတြော်ခရိုင်နှင့် ဒူးသထူခရိုင်တို့တွင် မိုးအဆက်မပြတ်ရွာသွန်းမှုများကြောင့် ရေကြီးမှုများဖြစ်ပေါ်ခဲ့ပြီး လယ်ယာများရေနှစ်မြုပ်ပျက်စီးခြင်းနှင့် လူနေအိမ်များပျက်စီးမှုများဖြစ်ပေါ်ခဲ့သည်ဟု ကရင်အမျိုးသားအစည်းအရုံးက ယနေ့တွင် ထုတ်ပြန်သည်။
ပြီးခဲ့သည့် စက်တင်ဘာလ (၆) ရက်မှ (၁၀) ရက်အတွင်း မိုးများအဆက်မဖြတ်ရွာသွန်းခြင်းကြောင့် မြေပြိုမှုများဖြစ်ပွားခဲ့ပြီး ဒူးသထူခရိုင်မှ အိမ်ခြေ ၅၀၀ ထက်မနည်း ရေဘေးသင့်ခဲ့ရသည်ဟု ဖော်ပြထားသည်။
လက်တလောတွင် မြစ်ချောင်းနံဘေးရှိ စစ်ဘေးရှောင်များ၏တဲများမှာလည်း ရေထဲမျောပါပျက်စီးခဲ့ရပြီး အမိုးအကာနှင့်အခြေခံစားသောက်ကုန်များ အရေးပေါ်လိုအပ်လျက်ရှိသည်ဟု ထုတ်ပြန်ထားသည်။
ဓာတ်ပုံ- KNU