မောင်ဘဦး
စက်တင်ဘာ ၁၅၊ ၂၀၂၄။
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ရှိ ခရိုင်ရဲတပ်ရင်း(၂၈) တွင် ဖမ်းဆီးခံရသူ ၂၃ ဦးသည် ၅ ရက်အကြာတွင် ပြန်လည်လွတ်မြောက်ခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၁၁ ရက်က ဝမ်ပေါင်ကုမ္မဏီကို လုံခြုံရေးပေးသည့် စစ်ကောင်စီရဲတပ်ဖွဲ့များ မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ဖမ်းဆီးခံရသူများဖြစ်ပြီး ၅ ရက်အကြာ ယနေ့တွင် ပြန်လည်လွတ်မြောက်လာခြင်းဖြစ်သည်။
ဖမ်းဆီးစစ်ဆေးစဉ် စစ်ကောင်စီစစ်သားများမှ အမျိုးသားတချို့ကို ရိုက်နှက်စစ်ဆေးမှုများပြုလုပ်ခဲ့သည်ဟု သိရသော်လည်း သံလွက်ခက်အနေဖြင့် အတည်ပြုနိုင်ရန် ကြိုးစားဆဲဖြစ်သည်။
ပြီးခဲ့သည့် စက်တင်ဘာ ၁၁ ရက်တွင် ယင်းခရိုင်ရဲတပ်ရင်း ၂၈ ကို Regional Friends Frighter က မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်သားတချို့ ထိခိုက်မှုရှိခဲ့သည်ဟု သိရသည်။