သဇင် စက်တင်ဘာ ၁၉၊ ၂၀၂၄။ ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်ရှိ ဝက်ဖြူကုန်းနှင့် ထန်းကုန်းရွာရှိ ရေဘေးရှောင်စခန်းတွင် ယမန်နေ့ညက အစာအဆိပ်သင့်ခဲ့ပြီး ဆေးရုံရောက်ရှိခဲ့သည့် လူနာအယောက် ၈၀ ကျော်မှာ ပြန်လည်သက်သာလာပြီဟု သွားရောက်ကူညီခဲ့သူများက ပြောသည်။ “သေဆုံးတဲ့အထိတော့ တစ်ယောက်မှမဖြစ်ပါဘူး။ ညတွင်းချင်းပဲ အကုန်လုံး အဆင်ပြေသွားတယ်။ ကောင်းသွားပါတယ်။ လက်ရှိမှာ ဆေးရုံမှာ…